မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစတင်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစတင် - Property News in Myanmar from iMyanmarHouse.com
17 May 2019 11:46 am တွင် တင်ခဲ့သည်
1298 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ တွင် ကျပ်သိန်း ၇၀၀၀၀ ကျော် အကုန်အကျခံပြီး တည်ဆောက်နေသော စိမ်းလဲ့မြိုင်ခေတ်မီ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ရပ်နားစခန်း (အဝေးပြေး ကားဝင်း) အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် မြေရှင်းလင်းရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ မြဝတီခရိုင်မှ တာဝန်ရှိသူများက ပန္နက်ချ မင်္ဂလာပြုလုပ်ကာ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းပိုင်းကို ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ စိမ်းလဲ့မြိုင်ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့က လွှတ်တော်၏ အတည်ပြု ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းစခန်းတည်ဆောက်ရေးလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းသန်းက “စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်း ကိုယ်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ နယ်စပ် မြဝတီမြို့မှာ အဝေးပြေးယာဉ်ရပ်နားစခန်း မရှိတဲ့အတွက် ကားဂိတ်တွေလည်း နေရာစနစ်တကျမရှိတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေသလို ခရီးသွား ပြည်သူတွေလည်း အခက်အခဲ ဖြစ်ကြရပါတယ်။ ဒါကြောင့် ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းကြီး တစ်ခုကို ကျပ်သိန်း ၇၀၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်တာဖြစ်ပြီး ၂၀၂၁ ဧပြီလလောက်မှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်း ပြီးစီးပါက အနှစ်၂၀ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်မည့် အိမ်ရာစီမံကိန်းများကိုပါ တည်ဆောက်သွားမှာ ဖြစ်ကြောင်း ဦးမျိုးဝင်းသန်းက ပြောကြားသည်။

စိမ်းလဲ့မြိုင် ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းကြီးတွင် မော်တော်ယာဉ်ကြီးများအတွက် ၂၅ ပေ x ၄၀ ပေ နှစ်ထပ်ဆောင် ကားဂိတ် ၅၃ ခုနှင့် ယာဉ်ငယ်များအတွက် ၁၅ ပေ x ၃၀ ပေ နှစ်ထပ်ဆောင် ၅၀ ခုကို လည်း တည်ဆောက် သွားမည်ဟု ဆိုသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း၏ ဧရိယာ အကျယ်အဝန်းမှာ ကိုးဧက ရှိကြောင်း သိရသည်။

လက်ရှိ မြဝတီမြို့တွင်း၌ ခရီးသွားပြည်သူများ ပို့ဆောင်ပေးနေသော Express ကားကြီးဂိတ် ၂၀ ကျော်နှင့် ယာဉ်ငယ်ဂိတ် ၇၀ ကျော်တို့က မြန်မာနိုင်ငံ အနှံ့ပြေးဆွဲနေပြီး တရားဝင် အဝေးပြေး ယာဉ်ရပ်နားစခန်း မရှိသည့်အတွက် လမ်းမကြီးနှင့် ကြားလမ်းများတွင် ကားဂိတ်ဖွင့်ကာ ပြေးဆွဲနေရ၍ မြို့တွင်း၌ ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ် ကြုံတွေ့နေရကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service