ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးမည့် စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲ

ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးမည့် စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
16 May 2019 12:10 pm တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးမည့် စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း အထူးအရောင်းပြပွဲကို ၂၀၁၉ခုနှစ် ၊ မေလ ( ၁၈ ၊ ၁၉ ) ၊ ( စနေ ၊ တနင်္ဂနွေ ) ရက်များတွင် စစ်တွေမြို့ရှိ အာရီရန်စားသောက်ဆိုင် (Arian Restaurant) နှင့် ရန်ကုန်မြို့ရှိ iMyanmarHouse.com ရုံးခန်း ၊ MAC Tower ၊ ၁၁ လွှာ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ် တို့တွင် တစ်ပြိုင်နက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရမှ ၂၀၁၉ ခုနှစ် ၊ ဧပြီလ (၉) ရက်နေ့ရက်စွဲပါ အမိန့်စာဖြင့် ရောင်းချခွင့် ပြုခဲ့ပြီးဖြစ်သည်။

စင်္ကာပူနိုင်ငံ သံအမတ်ကြီးဖြစ်သူ Ms. Vanessa Chan မှ စစ်တွေမြို့သည် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမပုလဲသွယ် စီမံကိန်း၏ ဗဟိုဆုံချက်ဖြစ်သည့်အတွက်ကြောင့် အလွန်အရေးပါအရာရောက်သည်ဟု ပြောကြားသွားသည့်အတွက် ဤစီမံကိန်းသည် နောင်တစ်ချိန်တွင် အဆပေါင်းများစွာ တန်ဖိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

စစ်တွေမြေကွက်စီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်းဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ စစ်တွေ မြေဖို့မြေယာစီမံကိန်းကိုစင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကိုအသုံးပြုထားပြီးကွန်ကရစ် ရေတားနံရံ (Retaining Wall) များထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။

ဝယ်ယူသူများအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေထုတ်ပေးမည်ဖြစ်သည်။ ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိပြီးနောက်သုံးနှစ်အတွင်းစစ်တွေမြို့လယ် ဖြစ်လာမည် ဖြစ်သည်။ စစ်တွေမြို့လယ် မြေဈေးတစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေချိန်တွင် ဤစီမံကိန်းမှ မြေကွက်များကိုတစ်စတုရန်းပေသောင်းဂဏန်းဈေးဖြင့်သာရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ အတိုးမဲ့ (၂၄) လအရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ (Mix Housing) ၊ လက်လီလက်ကားဈေးကွက် (Retail Wholesale Market) ၊ အလယ်အလတ်အမြင့်ရှိသောကွန်ဒိုမီနီယံများ (Mid-Rise Condominium) ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများ (Warehouse and Logistics Facilities) ၊ ကုန်သွယ်မှု စီးပွားရေးဇုန် (Commercial Area) ၊ ငါးစက်ရုံများ (Fish Factory) ၊ အပန်းဖြေနေရာများ (Community Life Zone) အစရှိသောစီးပွားရေးလုပ်ငန်းများလာရောက်ရင်းနှီးမြုပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။

စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာအဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီဇိမ်ရှိရှိနေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများတိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်းအဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတားဖွင့်ပြီးပါကမိနစ် (၃၀) ခန့်ဖြင့်သာသွားလာနိုင်ခြင်း၊ လူမှုစီးပွားအားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP)စီမံကိန်းတို့ကိုထောက်ပံ့ပို့ဆောင်ရေးမဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်းသိရသည်။

“ ဒီစစ်တွေ မြေဖို့မြေယာစီမံကိန်းဟာရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်။”ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

အရောင်းပြပွဲအသေးစိတ်အစီအစဉ်

ကျင်းပမည့်ရက် : 18 & 19 May 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ

ကျင်းပမည့်နေရာ (၁) : အာရီရန်စားသောက်ဆိုင် (Arian Restaurant) ၊ စစ်တွေမြို့။

ကျင်းပမည့်နေရာ (၂) : iMyanmarHouse.com ရုံးခန်း ၊ MAC Tower ၊ ၁၁ လွှာ။ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်။ (CB Bank ဘေးဓာတ်လှေကားမှတက်ပါ)

အသေးစိတ် သိရှိလိုပါက

www.imyanmarhouse.com/sittwe တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service