မက်ဒေါ်နယ်ကုမ္ပဏီက ဟောင်ကောင်တွင် ဒေါ်လာ ၆၆ သန်းဖြင့် ဝယ်ယူထားသည့် ဆိုင်ခန်းနေရာကို ဒေါ်လာ ၁ ဘီလီယံဖြင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်

မက်ဒေါ်နယ်ကုမ္ပဏီက ဟောင်ကောင်တွင် ဒေါ်လာ ၆၆ သန်းဖြင့် ဝယ်ယူထားသည့် ဆိုင်ခန်းနေရာကို ဒေါ်လာ ၁ ဘီလီယံဖြင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
16 May 2019 11:44 am တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး

မက်ဒေါ်နယ်ကုမ္ပဏီသည် ဟောင်ကောင်တွင် ဒေါ်လာ ၆၆ သန်းဖြင့် ဝယ်ယူထားသည့် ဆိုင်ခန်းနေရာကို ဒေါ်လာ ၁ ဘီလီယံဖြင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာသည်။

၁၉၈၉ ခုနှစ်က ဟောင်ကောင်ဒေါ်လာ ၆၆ သန်းဖြင့် ဝယ်ယူခဲ့သော စတုရန်းပေ ၄၂၆၀ ရှိ အဆောက်အအုံအတွက် ဝယ်ဈေးထက် ၁၅ ဆပိုမိုများပြားသော ငွေပမာဏကို ရှာဖွေလာခြင်းလည်း ဖြစ်သည်။

ဟောင်ကောင်တွင် ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ နှင့်အထက် တန်ကြေးရှိ လက်လီအရောင်းဆိုင် အဆောက်အအုံများ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ၂၀၁၈ ခုနှစ် နောက်ဆုံး ၃ လနှင့် ယခုနှစ် အစောပိုင်းကာလများ နှိုင်းယှဉ်လျှင် ၅၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

မက်ဒေါ်နယ်က လမ်းဘေးဆိုင်အဆင့် ဆိုင်ခန်းနေရာကို ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၂၇ ဒသမ ၄ သန်း) ဖြင့် ရောင်းချရန် ကြိုးပမ်းနေခြင်းဖြစ်ရာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ဝယ်ယူခဲ့သည့် ဈေးနှုန်းထက် ၁၅ ဆ များပြားသော ပမာဏလည်း ဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားရာတွင် လက်ရှိစီးပွားရေးအခြေအနေများအရ ဤမျှများပြားသည့် ရင်းနှီးမြှုပ်နှံမှုမျိုး ပြုလုပ်လိုသူ အလွန်နည်းပါးလှမည်ဖြစ်ကြောင်း ပြောကြားသည်။

စတုရန်းပေ ၄၂၆၀ ( ၃၉၆ စတုရန်းမီတာ) ကျယ်ဝန်းပြီး ဇင်ရှားရွှေအရပ်၊ ဆလစ်ဘူရီလမ်းတွင် တည်ရှိကာ Star House အမည်ရှိ ဆိုင်ခန်းနေရာ ဖြစ်သည်။

အဆိုပါနေရာတွင် လက်ရှိအားဖြင့် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကုမ္ပဏီ Watsons က ငှားရမ်းထားပြီး နှစ်ပေါင်း ၂၀ ကျော် ငှားရမ်းထားခဲ့ခြင်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်သွင်းပေးသည့် JLL ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရောင်းချမည့် ဈေးနှုန်းအရ ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၃၄၇၄၁ ကျသင့်မည် ဖြစ်ပြီး စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံခန့် ပေးချေရမည် ဖြစ်သည်။

Midland IC&I ကုမ္ပဏီ ဒါရိုက်တာ အဲလက်စ်လို၏ ပြောကြားချက်အရ ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ နှင့်အထက် တန်ကြေးရှိသော လက်လီအရောင်းဆိုင်များကို ကုန်သွယ်ရေးစစ်ပွဲကြီးဖြစ်ပွားနေသော လက်ရှိကာလမျိုးတွင် ဝယ်လက်ရှာဖွေရေးမှာ လွယ်ကူလှသည့် အလုပ်တစ်ခု မဟုတ်ကြောင်း ပြောကြားသည်။

Midland IC&I ကုမ္ပဏီမှ အချက်အလက်များအရ ယခုနှစ် ပထမ ၃ လပတ်ကာလအတွင်း ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ အထက် တန်ကြေးရှိသော အရောင်းအဝယ် စုစုပေါင်း ၁၁ ခုသာဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service