ဟံသာဝတီလေဆိပ်အတွက် ဂျပန်ချေးငွေရရှိရန် ညှိနှိုင်းနေဟုဆို

ဟံသာဝတီလေဆိပ်အတွက် ဂျပန်ချေးငွေရရှိရန် ညှိနှိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
16 May 2019 10:39 am တွင် တင်ခဲ့သည်
1701 ကြိမ် ကြည့်ရှု့ပြီး

ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အတွက် ဂျပန်နိုင်ငံမှချေးငွေရရှိရန် အပြင်းအထန်ကြိုးစားနေကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးဝင်းခန့်က ပြောကြားသည်။

‘‘ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ လေယာဉ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့ ဂျပန်နိုင်ငံအကူအညီနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့အ တွက်ကိုလည်း အပြင်းအထန်ကြိုးပမ်းပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ၎င်းက ယမန်နေ့အစိုးရသက်တမ်းတတိယတစ်နှစ်တာကာလသတင်းစာရှင်းလင်းပွဲတွင် 7DayDaily သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဂျပန်နိုင်ငံကုမ္ပဏီ တစ်ခု တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် စီမံကိန်းကုန်ကျစရိတ်ညှိ နှိုင်းမှုအဆင်မပြေချိန် တင်ဒါသက်တမ်းကုန်သော်လည်း တိုး မြှင့်ခြင်းမရှိကြောင်း ဦးဝင်းခန့်က ဆိုသည်။

စီမံကိန်းကို ဂျပန် JDC ကုမ္ပဏီ၊ စင်ကာပူ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီသုံးခုပေါင်းအစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။

၂၀၁၇ ဇန်န၀ါရီတွင် Frame Agreement သက်တမ်းကုန်မှုကို သက်တမ်းတိုးခြင်းမရှိ သော်လည်း ဟံသာဝတီလေဆိပ်ဆောက်လုပ်ရန်မဖြစ်မနေလိုအပ်၍ ယခုကဲ့သို့လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးအောင်မြင့်ထွန်းက ပြောသည်။

ဂျပန်နိုင်ငံချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ မြေယာအခြေခံအဆောက်အအုံ၊ခရီးသွားလာရေးနှင့်သယ်ယူပို့ဆောင် ရေးဌာနတို့ ညှိနှိုင်းဆောင်ရွက်နေ ကြောင်း ၎င်းကရှင်းပြသည်။

‘‘ အနာဂတ်မှာ ဖြစ်လာမယ့် ဒီလေယာဉ်ခရီးစဉ်ဝင်ထွက်မှုကို နိုင်နင်းစွာကိုင်တွယ်နိုင်မှု၊ အဲဒီအတွက် လေ့လာမှုတွေလုပ်ဖို့လောလောဆယ်မှာ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်’’ ဟု ဦးအောင်မြင့် ထွန်းက ဆိုသည်။

ရန်ကုန်လေဆိပ်ခရီးသည် ၀င်ထွက်နိုင်မှုအပေါ် အမြင့်ဆုံးပမာဏကို ဆန်းစစ်လေ့လာပြီးမှသာ ကုန်ကျစရိတ်တွက်ချက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ပဲခူးမြို့ ကျောက်တိုင်ရွာအနီး၌ ဂျပန်ခေတ်ကလေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက ၉၀၀ ကျော်တွင် ဟံသာဝတီလေဆိပ်အသစ်အကောင်အထည်ဖော်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က စီစဉ်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service