မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကုန်ကျစရိတ် ဒေါ်လာကိုးဘီလီယံခန့်ရှိမည်ဟု ခန့်မှန်း

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကုန်ကျစရိတ် ဒေါ်လာကိုးဘီလီယံခန့်ရှိမည်ဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
14 May 2019 11:05 am တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး

မူဆယ် - မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် Feasibility Study (လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု) အရ စီမံကိန်းကုန်ကျစရိတ်ဒေါ်လာ ၈ ဒမသ ၉ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

မြေပြင်တိုင်းတာမှု ဆာဗေး လုပ်ငန်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး လုပ်ကိုင်နေခြင်းဖြစ်သည်။

‘‘အိမ်နီးနားချင်းနိုင်ငံများနဲ့ ရထားလမ်းချိတ်ဆက်မှုသည် ဒါ ပထမဆုံးချိတ်ဆက်မယ့် နိုင်ငံတကာ၊ ဒါမှမဟုတ် ဒေသတွင်း ချိတ်ဆက်ဖို့အတွက် ရထားလမ်းဖြစ်ပါလိမ့်မယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

မေလ ၁၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာများ ၏မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

ဆာဗေးရလဒ်အပေါ် နိုင်ငံအတွင်းရှိ ပညာရှင်များမှ ပြန်လည်စိစစ်၍ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိသော စီမံကိန်းဖြစ်ပါက နိုင်ငံတော်သို့ ဆက်လက်တင်ပြမည်ဖြစ်ပြီး လုပ်ငန်းဆက် လက်လုပ်ကိုင်နိုင်ရန် အင်တာနေ ရှယ်နယ်တင်ဒါကို ဆက်လက်ခေါ်ယူမည်ဟု ဦးဝင်းခန့်က ဆိုသည်။

‘‘တင်ဒါခေါ်မယ်။ PPP နဲ့ သွားမယ်’’ဟု ၎င်းက ပြောသည်။

မြေပုံအတွင်း တွက်ချက်မှု များအရ မူဆယ်-မန္တလေးရထား လမ်းသည် ၄၂၁ ကီလိုမီတာ (၂၆၇ဒသမ ၈၁ မိုင်)ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့ စသည့် မြို့များကို ဖြတ်သန်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းက ရှင်းလင်းထားသည်။

‘‘အကြမ်းဖျင်း တစ်နာရီကို ၁၆၀ ကီလိုမီတာပြေးမယ်။ ကီလိုမီတာ ၂၀၀ အထိကို သွားဖို့လည်းချိန်ထားပါတယ်။ လမ်းကိုလည်း တစ်လမ်းမောင်းကို အရင်သုံးပြီး နှစ်လမ်းမောင်းအတွက်ကို လျာ ထားမယ်’’ဟု ဦးဘမြင့်က ဆိုသည်။

အကြမ်းဖျင်းတွက်ချက်မှုများအရ လမ်းအူကြောင်းအသစ် ဖောက်လုပ်မည်ဖြစ်ပြီး ပြင်ဦးလွင် ကို ဗဟိုပြု၍ လမ်းကြောင်းများရွေးချယ်ထားကာ မူဆယ်နှင့် မန္တလေး ကြာမြင့်ချိန် သုံးနာရီ ခန့်မှန်းထား သည်။

ဆိုက်ရောက်မည့် ဘူတာကိုလည်း လက်ရှိဘူတာအစား မန္တလေးမြို့တောင်ဘက်ရှိ ပလိပ်မြို့ အနီး မြေနေရာလွတ်တစ်ခုတွင် အသစ်ပြုလုပ်မည်ဟု ဦးဘမြင့်က ဖြည့်စွက်ပြောကြားသည်။

‘‘တိုင်းတာမှုတွေအားလုံးကတော့ ဒီနှစ်ကုန်လောက်မှ ပြီးမယ် လို့ ခန့်မှန်းတယ်’’ဟု ဦးဘမြင့်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service