ဖလော်ရီဒါပြည်နယ်တွင် အံ့ဖွယ်အလှများ ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ

ဖလော်ရီဒါပြည်နယ်တွင် အံ့ဖွယ်အလှများ ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
9 May 2019 12:53 pm တွင် တင်ခဲ့သည်
1552 ကြိမ် ကြည့်ရှု့ပြီး

သင့်အနေဖြင့် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဝယ်ယူပိုင်ဆိုင်ရန် စိတ်ကူးခဲ့ဖူးပါသလား။

ယခုအခါ သင်၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာစေမည့် အခွင့်အလမ်းပေါ်ပေါက်လာပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် အံ့ဖွယ်အလှတရားများ ပိုင်ဆိုင်ထားသော ကိုယ်ပိုင်ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြလာသည်။

မြေအကျယ်အဝန်း ၁ ဒသမ ၄ ဧကကျယ်ဝန်းသော နိဗ္ဗာန်ဘုံငယ်ကလေးသည် အရောင်းဈေးကွက်သို့ ပေါင် ၁၁ ဒသမ ၉ သန်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်။

ပင်မနေအိမ်ကို သဲသောင်ကမ်းခြေများ၊ အံ့ဖွယ်ပင်လယ်ရေပြင်များ ဝန်းပတ်နေသည်။

နေအိမ်အတွင်း ဇိမ်ခံအိပ်ခန်းများ၊ ခေတ်မီမီးဖိုဆောင်တစ်ခုပါဝင်ပြီး ကျယ်ဝန်းသော ဆိပ်ခံနေရာတစ်ခုအပြင် ကိုယ်ပိုင်ရေကူးကန်တစ်ခုလည်း ကျွန်းပေါ်တွင် ပါဝင်သေးသည်။

နေစာလှုံလိုသည့်အခါများတွင် နေအိမ်ရှေ့၌ လဲလျောင်းနားနေရန် နေရာတစ်ခုလည်း ပါဝင်သေးသည်။

ဝယ်လက်သည် လှေ ၄ စင်းဆိုက်ကပ်နိုင်သည့် ဆိပ်ခံရရှိမည့်အပြင် လှေတစ်စင်းလည်း ရရှိမည်ဖြစ်ကာ ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပိုင်ဆိုင်ဦးမည်ဟု ဆိုသည်။

ကျွန်းငယ်၏ အမည်မှာ East Sister Rock ဟု အမည်ရသည်။

အရောင်းဈေးကွက်တင်မှုတွင် ဖော်ပြထားချက်အရ “ သင်၏ သီးသန့်ကိုယ်ပိုင်ကျွန်းပေါ်သို့ ခိုလှုံနားနေလိုက်ပါ။ ပြိုင်ဖက်မရှိသည့် အလှတရားထံသို့ လှေဖြင့် ၅ မိနစ်ခရီးသာရှိပြီး ပြိုင်ဖက်ကင်း တစ်ကိုယ်ရည်လုံခြုံမှု၊ မိုင်ပေါင်းများစွာအထိ မျက်စေ့တဆုံးမြင်ကွင်းများ ပိုင်ဆိုင်ဦးမည်ဖြစ်သည် ”ဟု ဖော်ပြထားသည်။

နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ နေအိမ်အကျယ်အဝန်း စတုရန်းပေ ၂၃၀၀ ရှိပြီး အခန်းတိုင်းမှ ပင်လယ်ရှုမျှော်ခင်း များကို တွေ့မြင်ရခြင်း၊ မြင့်မားသော မျက်နှာကြက်များ၊ ဆလိုက်မှန်တံခါးများ၊ သစ်ကြမ်းခင်းများကို နေအိမ်အတွင်း တွေ့ရသည်။

ကျွန်းငယ်ကို ကျုံးအသွင် မြေသားဖြင့် ဝန်းပတ်ပေးထားကာ ပင်မနေအိမ်အပြင် အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၁ ခန်းပါဝင်သည့် ဧည့်ဂေဟာ အိမ်တစ်လုံးလည်း ပါဝင်သေးသည်။

အစိုးရ၏ ရေ၊ မီးပေးဝေမှုစနစ်များ၏ ပြင်ပတွင်တည်ရှိပြီး ဆိုလာသုံးလျှပ်စစ်၊ မီးစက်တို့ဖြင့် ကိုယ်ပိုင်ရပ်တည်သည်။

ဝိုင်ဖိုင်ကွန်ရက်ရောက်ရှိပြီး ဝန်းကျင်ရှိ ကျောက်တန်းများသို့ လှည့်လည်ကြည့်ရှုခြင်း၊ ငါးဖမ်းခြင်း၊ ရေငုပ်ခြင်းများကို ကိုယ်ပိုင်ကျွန်းပေါ်မှ တဆင့်ပြုလုပ်နိုင်မည် ဖြစ်သည်။ ဈေးကွက်တင်ပေးလာသည်မှာ Private Islands Inc မှ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service