ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်တွင်းငွေကြေးဈေးကွက်တွင် ယခုလအတွင်း ကန် ဒေါ်လာတန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာပြီး လဆန်းပိုင်းက တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ ခန့်ရှိရာမှ မတ်လ ၂၀ ရက်တွင် ကျပ် ၁,၅၃၀ သို့ မြင့်တက် လာသည်။
သင်္ကြန်ပိတ်ရက်နီးလာခြင်း ကြောင့် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းလိုသူများပြီး ပြည်ပငွေလွှဲ ပေးပို့မှုများခြင်းကြောင့် ဒေါ်လာဈေးပြန်တက်လာခြင်းဖြစ်သည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ က ပြောသည်။
ပြည်တွင်း ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး သည် သွင်းကုန်ပမာဏ အနည်းအများနှင့် လကုန်ရက်များတွင် တန်ဖိုးအတက်အကျဖြစ်လေ့ရှိ သည်ဟု ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။
ဒေါ်လာလဲနှုန်း တက်လာသကဲ့သို့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းကလည်း မတ်လ ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၅၄၂ ကျပ် သတ်မှတ်သည်။
ဒေါ်လာဈေးနှင့်အတူ အခေါက်ရွှေဈေးသည်လည်း တစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းခြောက်သောင်းခြောက်ထောင်သို့ မြင့်တက်လာသည်။
Credit: 7Daydaily