ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ထိုင်းနိုင်ငံ မဲဆောက်ဒေသ နှင့် မြန်မာနိုင်ငံ နယ်စပ်မြို့ မြဝတီ သို့ ချိတ်ဆက်သည့်ဒုတိယမြောက်တံတား ဖွင့်လှစ်လိုက်ခြင်းက မြဝတီဘက်ခြမ်းမှာ အိမ်ခြံမြေဈေးတွေပိုမိုကောင်းမွန်လာနိုင်တယ် လို့  အိမ်ခြံမြေလုပ်ငန်းရှင်တွေထံက သိရပါတယ်။
ထိုင်း-မြန်မာချစ်ကြည်ရေး တံတား ကိုမတ်လ ၁၉ ရက်ဒီကနေ့ မှာဖွင့်လှစ်နိုင်ခဲ့ပါပြီ။
မြဝတီဘက်ခြမ်းမှာရှိပြီး လက်ရှိဖွင့်လှစ်လိုက်တဲ့တံတားအသစ်နဲ့ နီးစပ်တဲ့ရပ်ကွက်တွေထဲက အိမ်နဲ့ ခြံတွေလည်း ဈေးတွေ မြင့်တက်နေပြီး လက်ရှိမှာတော့ အရောင်းအဝယ်တွေလဲဖြစ်ပေါ်နေပါတယ်။
အရောင်းဈေးကွက်အပြင်အငှါးဈေးကွက်ကလည်း အခုရက်ပိုင်းမှာ ပိုပြီး အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ တံတားအမှတ်(၂)က မဲဆောက်မြို့ ကိုဝင်ဖို့ ရာ ပိုမိုပြီး နီးစပ်သွားတာကြောင့် တံတားအနီးကအိမ်ခြံမြေဈေးနှုန်းတွေမြင့်တက်နေတာပဲဖြစ်ပါတယ်။
တံတားကို ပြီးခဲ့တဲ့ ၂၀၁၇ ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိတံတားထက်ပိုမိုကျယ်ဝန်းတာလည်းဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com