ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က အငှားချထားလျက်ရှိသည့် နေအိမ် မူရင်းခေါ်ဈေးမှ ၁၃ သန်းလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်ရှာတွေ့

ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က အငှားချထားလျက်ရှိသည့် နေအိမ် မူရင်းခေါ်ဈေးမှ ၁၃ သန်းလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 12:18 pm တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး

တေလာဆွစ်ဖ်ကိုပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် မွေးဖွားသည်။

တေလာဆွစ်ဖ်၏မိခင်မှာအမေရိကန်သူဖြစ်သော်လည်းတေလာဆွစ်ဖ် ငယ်စဉ်တွင် စင်္ကာပူ၌ ၁၀ နှစ်ခန့် နေထိုင်ခဲ့ကြသည်။

တေလာဆွစ်ဖ်သည် ၂၀၀၆ ခုနှစ်တွင် ပထမဆုံးတေးအယ်လ်ဘမ် eponymous ဖြင့် ကန်းထရီးဂီတလောကသို့ စတင်အခြေချခဲ့သည်။

ဒုတိယအယ်လ်ဘမ်ဖြစ်သောFearlessကို ၂၀၀၈ ခုနှစ်တွင် သီဆိုထုတ်လုပ်ခဲ့ရာအမေရိကန်ပြည်ထောင်စု၌ ၂၀၀၉ ခုနှစ်အတွင်းအရောင်းရဆုံးတေးအယ်လ်ဘမ်ဖြစ်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ West Village အရပ်တွင် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ် ပိုင်ဆိုင်ထားပြီး အငှားချထား လျက်ရှိသော နေအိမ်မှာ မူရင်းခေါ်ဈေးအောက် ထက်ဝက်နီးပါး လျှော့ချပေးလိုက်ပြီးနောက် ယခုအခါ ဝယ်လက်ရှာတွေ့ သွားပြီ ဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တေလာဆွစ်ဖ်သည် West Village အရပ်၊ ကော်နီလီယာလမ်း၊ အမှတ် ၂၃ ရှိ နေအိမ်ကို အလွန်မြတ်နိုးပြီး ၂၀၁၆ ခုနှစ်တွင်မူ တစ်လ လျှင် ကန်ဒေါ်လာ ၃၉၅၀၀ ဖြင့် အငှားချထားခဲ့သည်။

နယူးယောက်မြို့၊ ထရိုင်ဘက်ကာအရပ်၊ ဖရန်ကင်လမ်းရှိ ကန်ဒေါ်လာ သန်း ၅၀ တန် နေအိမ်ကို တေလာဆွစ်ဖ်က ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေချိန်တွင် ယင်းသို့ အငှားချထားခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင်မူ ကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်းဖြင့် စတင်အရောင်းဈေးကွက်ဝင်လာပြီး တေလာဆွစ်ဖ်ထံမှ ဝယ်ယူထားသည့် ဝယ်လက်က ပြန်လည်ရောင်းချခြင်းဖြစ်သည်။

အကျယ် ၂၁ ပေရှိပြီး အုတ်ဖြင့် ဆောက်လုပ်ထားသောနေအိမ်ဖြစ်ကာ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်သည်။

အရောင်းအဝယ်ဖြစ်သွားသည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြစ်သည်ဟု ဆိုသည်။

ရောင်းချသူ ဒေးဗစ် အယ်လ်ဒီသည် အဆိုပါနေအိမ်ကို ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသည့် အကျိုးဆောင်များမှာ Corcoran ကုမ္ပဏီမှ ဒီဘိုရာ ဂရပ်ဘ်မန်း၊ လောရင့်စ် ကာတီနှင့် မားကပ်စ် ဘန့်ခ်ျမိုင်ယာတို့ဖြစ်သည်။

ဒေးဗစ် အယ်လ်ဒီသည် ၎င်းပိုင်ဆိုင်ထားစဉ် နှစ်ကာလများအတွင်း နေအိမ်ကို ခေတ်မီမွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး သီးသန့်ဂိုထောင် တစ်လုံးနှင့် ရေကူးကန်တစ်ခုတို့ ထပ်မံထည့်သွင်းခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၅၀၀ ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

ပုံမှန်ထက်ပိုမိုမြင့်မားသည့် မျက်နှာကြက်များ၊ မီးလင်းဖို ၃ ခု၊ သစ်မာသားကြမ်းခင်းများ နေအိမ်အတွင်း တွေ့ရသည်။

တေလာဆွစ်ဖ်နှင့် ပတ်သက်သည့် အိမ်ခြံမြေသတင်းများကို ယခင်ကလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ဖူးရာ အောက်ဖော်ပြပါ အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

(၁) https://www.imyanmarhouse.com/news/read/729744

(၂) https://www.imyanmarhouse.com/news/read/704667

(၃) https://www.imyanmarhouse.com/news/read/487324

(၄) https://www.imyanmarhouse.com/news/read/458247

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

Ponnami Estate
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service