တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည်

တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည် - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 12:06 pm တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး

တက္ကသိုလ် ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည်ငှားစားထားသည့် ဆရာ၊ ဆရာမများအား အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တာဝန်ထမ်းဆောင် နေသော ဆရာ၊ ဆရာမများကို တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းနေထိုင်နိုင်ရန် အမည်ပေါက်ဖြင့် အိမ်ခန်းများချထား ပေးခဲ့ကြောင်း၊ သို့ရာတွင် အချို့သော ဆရာ၊ ဆရာမများက ယင်း အခန်းကိုနေထိုင်ခြင်းမရှိဘဲ တစ်ဆင့်ပြန်လည်ငှားရမ်းခြင်းများ၊ နေထိုင်ခြင်းမရှိဘဲ သော့ပိတ်ထားခြင်းများ ရှိနေသည့်အတွက် အခန်းပိုင်ရှင်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

'' လူမနေဘဲ သော့ပိတ်ထားတဲ့ အခန်းတွေကို ပြန်သိမ်းမယ်။ ပြီးရင် တက္ကသိုလ်အလိုက် တကယ်လိုအပ်နေတဲ့ ဆရာ၊ ဆရာမ တွေကို ပြန်ပြီးခွဲပေးမယ်။ အိမ်ခန်းတွေကို ပြန်ငှားစားထားတဲ့ သူတွေကိုတော့ အမည်ပျက်စာရင်းသွင်းပြီး အိမ်ခန်းချထားတဲ့ စာရင်းကနေ ပယ်ဖျက်မယ်။ နောက်လိုအပ်လာရင်လည်း ရမှာ မဟုတ်တော့ဘူး။ လက်ရှိ အမည်ပေါက်မဟုတ်ဘဲ နေနေတဲ့သူ တွေကိုတော့ ဧပြီလလောက်ဆင်းခိုင်းမယ်''ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များနေထိုင်နိုင်ရန်အတွက် ၁၂ ထပ်တိုက်များကို လှိုင်တက္ကသိုလ် နယ်မြေအတွင်းတွင် တည်ဆောက်ခဲ့ပြီး အဆောက်အအုံအမျိုး အစားများကို ခုနစ်ခန်းတွဲ၊ ၁၅၆ ခန်းပါဝင်သော ၁၂ ထပ်တိုက် နှစ်လုံး၊ ခုနစ်ခန်းတွဲ အခန်းပေါင်း ၁၆၂ ခန်းပါဝင်သော ၁၂ ထပ်တိုက် နှစ်လုံး၊ အခန်းပေါင်း ၆၃၂ ခန်းပါဝင်သော ရှစ်ခန်း တွဲ ၁၂ ထပ်တိုက်ခုနစ်လုံးနှင့် တစ်ထပ်ခွဲရှိသော Community Center တစ်လုံးတို့ပါဝင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

''ဆောက်နေတာတွေလည်း ပြီးသလောက်ဖြစ်နေပြီ။ နောက် ထပ်အသစ်ထပ်ချပေးဖို့တွေလည်း ရှိတယ်။ ဒီတစ်ခါ အိမ်ခန်း တွေပေးတဲ့အခါကျရင် တစ်ဦးချင်းမပေးတော့ဘူး။ သက်ဆိုင် ရာတက္ကသိုလ်အလိုက်ရတဲ့ ခွဲတမ်းတွေကို တက္ကသိုလ်စီမံခန့်ခွဲ ရေးအဖွဲ့တွေကနေတစ်ဆင့် ချပေးလိမ့်မယ်''ဟု ယင်းကဆက် လက်ပြောကြားသည်။ မတ် ၁၆ ရက်က အဆင့်မြင့်ပညာဦးစီးဌာန(အောက် မြန်မာပြည်ရုံးခွဲ)တွင် အိမ်ခန်းများနှင့်ပတ်သက်သော အစည်း အဝေးတစ်ခုကိုပြုလုပ်ခဲ့ပြီး ယခုလ ပထမအပတ်ကလည်း အိမ် ခန်းများနှင့်ပတ်သက်သောစစ်ဆေးမှုများ ရှောင်တခင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service