ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ပြုလုပ်မည့် Urban-Redevelopment စီမံကိန်းအတွက် ကုမ္ပဏီ(၃)ခုကို ပဏာမရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ထိုမဏာမရွေးချယ်ထားသော ကုမ္ပဏီ(၃)ခုမှာ စီမံကိန်း၏ ရည်ရွယ်ချက်ဖြစ်သော မြို့ပြဖွံ့ဖြိုးမှု အလားအလာနှင့် ကိုက်ညီ၍ လူမှု စီးပွားဖွံ့ဖြိုးရေးနှင့်ဆိုင်သော ဧရိယာများပါဝင်သည့် နိုင်ငံတကာအဆင့်မီ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်ရန် အဆိုပြုတင်ပြနိုင်သည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။
“ အခုထုတ်ပြန်တာက Short Listed ပါ။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ “ ဟုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်သူတစ်ဦးက ပြောသည်။
Urban-Redevelopment စီမံကိန်းပြုလုပ်မည့်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဗဟိုလမ်းအမှတ် (၂၄/အေ)ရှိ မြေဧရိယာ ဧက(၆ ဒသမ ၉၈၂)ခန့် ကျယ်ဝန်းသည့် မြေနေရာဖြစ်ပြီး Urban-Redevelopment စီမံကိန်းအတွက် BOT စနစ်ဖြင့် ဆောင်ရွက်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ (၁၄)ရက်တွင် EOI ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit: အကျိုးဆောင်ဂျာနယ်