ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မန္တလေးမြို့ကို စမတ်စီးတီးအလားအလာ ကောင်းသောမြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက်ပိုင်း မြို့နေ ပြည်သူများအတွက် နည်းပညာအသုံးပြု၍ သန့်စင်သောသောက်သုံး ရေ လုံလောက်ရေး၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ကောင်းမွန်၍ ပြည်သူလူထုဘေး အန္တရာယ်ကင်းရေးနှင့် အများပြည် သူသုံးယာဉ် (ဘတ်စ်ကား၊ တက္ကစီ၊ ရထား)များ ချောမွေ့လွယ်ကူရေး တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
'' စမတ်စီးတီးရဲ့ အခြေခံရည် မှန်းချက်ကတော့ နည်းပညာကိုအသုံးပြုပြီး ပြည်သူလူထုရဲ့ဘဝတွေ ကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ စမတ်စီးတီးတစ်ခုရဲ့ ဂုဏ်အင်္ဂါနဲ့ လိုက်ဖက်စေဖို့အတွက် မန္တလေးမြို့မှာ သန့်ရှင်းသာယာအောင်၊ လမ်း တွေတံတားတွေ ကောင်းမွန်အောင်၊ လမ်းမီးတွေ လင်းလက်အောင်၊ သစ်ပင်ပန်းမန်တွေ စိမ်းလန်းလှပအောင်လည်း လုပ်ဆောင်နေကြပါတယ်။ စမတ်စီးတီး အလားအလာကောင်းတဲ့မြို့လို့ အသိအမှတ် ပြုခံရပြီးနောက်မှာ မြို့တော်စည်ပင် နဲ့ မြို့တော်သူမြို့တော်သားတွေအ တွက် ဆက်လက်ဆောင်ရွက်ကြရမယ့်တာဝန်တွေလည်း များစွာရှိနေပါသေးတယ် "ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် Chief Smart City Officer ဦးရဲမြတ်သူက ပြောကြားသည်။
ယခုလက်ရှိတွင် မန္တလေးမြို့ တော်ကော်မတီအနေဖြင့် မြို့သန့် ရှင်းသာယာရေး၊ လမ်းတံတားများ ကောင်းမွန်ရေး၊ လမ်းများမီးလင်း ရေး၊ သစ်ပင်ပန်းမန်များစိမ်းလန်း လှပရေးတို့အတွက် နည်းပညာကို အသုံးပြုပြီး ဝန်ဆောင်မှုပေးလျက် ရှိသည်။ မန္တလေးမြို့တော်ကို စမတ် စီးတီးအဖြစ် လုပ်ဆောင်နေစဉ် ကာလအတွင်း မြို့တွင်းနှစ်ခြမ်းကွဲ နေသည့် အဓိကလမ်းမကြီးများကို ဆောင်ရွက်ရာတွင် မြန်မာ့မီးရထား နှင့် ပူးတွဲလုပ်ဆောင်နေသော်လည်း ပြည်ထောင်စုအဆင့်အကြောင်း ပြန်ကြားမှုနှောင့်နှေးမှုကြောင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကြန့် ကြာမှုများဖြစ်ပေါ်နေသည်။ ၂ဝ၁၈ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က အရှေ့တောင်အာရှ နိုင်ငံများ၏ Smart City ဖြစ်လာ ရန် အလားအလာ အကောင်းဆုံး ထိပ်တန်း ၁ဝ မြို့ကို ဆန်ခါတင်ရွေး ချယ်ခဲ့ရာ မန္တလေးမြို့သည် အဆင့်ငါးတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
Credit: Yangon Media Group