ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ပြည်ထောင်စု၊ ဆန်ဂျို့စ်၏ မြောက်ပိုင်းရှိ ရုံးခန်းအဆောက်အအုံကြီးတစ်ခုကို နာမည်ကျော် ဂျပန် developer က ကန်ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူလိုက်ပြီ ဖြစ်သည်။
ဂျပန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ၊ developer ဖြစ်သော Mori Trust သည် အမေရိကန်ပြည်ထောင်စုတွင် အိမ်ခြံမြေများ စတင်ဝယ်ယူရန် စီစဉ်လာနေသည်။
Mori Trust က ဝယ်ယူလိုက်သော ဆန်ဂျို့ရုံးခန်းအဆောက်အအုံသည် Micron Technology သို့ လက်ရှိအားဖြင့် အငှားချထားလျက် ရှိသည့် အဆောက်အအုံဖြစ်သည်။
အဆိုပါရုံးအဆောက်အအုံကို ပြီးခဲ့သော မတ်လ ၁၁ ရက်က ကန်ဒေါ်လာ ၄၂၉ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဆန်တာ ကလာရာခရိုင် အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ယခုအရောင်းအဝယ်သည် ၂၀၁၉ ခုနှစ်အတွင်း ဆီလီကွန်တောင်ကြားတွင် အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ရပ်အဖြစ် စံချိန်တင်ထားဖွယ်ရာရှိပြီး ဆန်ဂျို့၏ ဈေးကွက်အားကောင်းမှုကိုလည်း လှစ်ဟပြသနေသည်။
ဆန်ဂျို့မြောက်ပိုင်း၊ ဟိုလ်ဂါဝေးလမ်း၊ အမှတ် ၁၃၀ ရှိ အဆောက်အအုံတွင် Micron ၏ ဆိုင်းဘုတ်ချိတ်ဆွဲထားသည်ကို တွေ့နိုင်သည်။
“အမြင့်ပိုင်းထဲကဆိုရင် ဒီအရောင်းအဝယ်ဟာ ကမ္ဘာ့ထိပ်တန်း နည်းပညာဈေးကွက်ဖြစ်တဲ့ ဆီလီကွန်တောင်ကြားကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုရှိနေတာကို ပြသနေပါတယ်” ဟု ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေလုပ်ငန်းကဏ္ဍများ ဆောင်ရွက်သည့် Cushman & Wakefield မှ မန်နေးဂျင်းဒါရိုက်တာ အဲရစ်ခ် ဖောက်ဇ်က ပြောကြားသည်။
ယခုအရောင်းအဝယ်သည် ဆန်ဂျို့စ်၏ ဈေးကွက်ခိုင်မာမှု ကြီးထွားလာခြင်းကိုလည်း လှစ်ဟပြသလိုက်ခြင်းဖြစ်သည်။
ဆန်ဂျို့စ်တွင် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့ထံမှ ဒေါ်လာများ စီးဝင်လာနေမှုနှင့်အတူ နည်းပညာကုမ္ပဏီတို့သည် ရုံးခန်းနေရာငှားရမ်းခြင်း၊ အိမ်ခြံမြေဝယ်ယူခြင်းများ ခြေလှမ်းစိပ်လာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)