နယူးယောက်မြို့၏ အထင်ကရဖြစ်သော Chrysler အဆောက်အအုံကြီး ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲသွားမည်ဟုဆို

နယူးယောက်မြို့၏ အထင်ကရဖြစ်သော Chrysler အဆောက်အအုံကြီး ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲသွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Mar 2019 11:53 am တွင် တင်ခဲ့သည်
1448 ကြိမ် ကြည့်ရှု့ပြီး

နာမည်ကျော် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး အေဘီ ရိုဆန်သည် နယူးယောက်မြို့၏ အထင်ကရဖြစ်သော Chrysler အဆောက်အအုံကြီး ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့်ဝယ်ယူလိုက်ပြီး ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ျသတင်းဌာနသို့ ထုတ်ဖော်ပြောကြားလိုက်သည်။

ရိုဆန်၏ RFR Holding LLC ကုမ္ပဏီသည် Seagram Building အဆောက်အအုံနှင့် Lever House အဆောက်အအုံကြီးများကိုလည်း ပိုင်ဆိုင်ထိန်းချုပ်ထားသည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ ရိုဆန်သည် ခရိုင်စလာ အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၁၅၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်သည် ပိုင်ရှင်ဖြစ်သူ အဘူဒါဘီ ရင်းနှီမြှုပ်နှံမှုကောင်စီ (ADIC) အတွက်မူ များစွာအရှုံးပေါ်ခဲ့သည့် အရောင်းအဝယ် တစ်ခု ဖြစ်ခဲ့သည်။

ADIC သည် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၇၇ ထပ်မြင့်မားသော ခရိုင်စလာ အဆောက်အအုံကြီး၏ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၈၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ ၆၄၉ သန်း အရှုံးပေါ်ခဲ့သည်။

ခရိုင်စလာ မိုးမျှော်တိုက်ကြီးသည် ယခုနှစ် ဇန်နဝါရီလတွင် အရောင်းဈေးကွက်သို့ ပထမဆုံးစတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ခရိုင်စလာ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Tishman Speyer Properties နှင့် ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော ADIC တို့က CBRE Group အိမ်ခြံမြေကုမ္ပဏီမှတဆင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ စစ်ကြိုခေတ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပေါင်း ၉၀ သက်တမ်းရှိပြီဖြစ်ရာ အကြီးစား အဆင့်မြှင့်မွမ်းမံမှုများ လိုအပ်မည်ဖြစ်သည်။

သို့ရာတွင် ၁၉၃၀ ဝန်းကျင်က ဆောက်လုပ်ခဲ့သည့် မည်သည့်အဆောက်အအုံမဆို မြို့ပြအထင်ကရအဆောက်အအုံ ဥပဒေများဖြင့် အကာအကွယ်ပေးထားရာ ပြုပြင်မှုများ ပြုလုပ်ရန်အတွက် စိန်ခေါ်မှုများစွာရှိသည်။

အိမ်ခြံမြေကျွမ်းကျင်ပညာရှင်များက ပြောကြားရာတွင် ခရိုင်စလာ အဆောက်အအုံကြီး၏ လစ်လပ်နေသော စတုရန်းပေ ၄၀၀၀၀၀ နေရာအတွက် ငှားရမ်းမည့်သူများကို ဆွဲဆောင်လိုသည်ဆိုပါက ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ မွမ်းမံမှုများ ပြုလုပ်သွား ရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

အဆောက်အအုံကြီးတည်ရှိရာ မြေအတွက် ငှားရမ်းခမှာလည်း ကြီးမားစွာ မြင့်တက်လာနေသည်။

အဆိုပါမြေနေရာကို Cooper Union စာသင်ကျောင်းက ပိုင်ဆိုင်ထားပြီး ခရိုင်စလာအဆောက်အအုံ ပိုင်ရှင်တို့က ၂၀၁၇ ခုနှစ်အတွင်း မြေငှားခ ကန်ဒေါ်လာ ၇ ဒသမ ၇၅ သန်း ပေးခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင်မူ မြေငှားခမှာ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းအထိ မြင့်တက်သွားခဲ့ပြီး ၂၀၂၈ ခုနှစ်သို့ရောက်လျှင် ကန်ဒေါ်လာ ၄၁ သန်းအထိ ပေးရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service