ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးမည်

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
18 Mar 2019 11:46 am တွင် တင်ခဲ့သည်
1636 ကြိမ် ကြည့်ရှု့ပြီး

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး အနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး၊ မကြာခင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ GS Engineering & Construction ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားပြီး၊ ယင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“တံတားတည်ဆောက်ဖို့အတွက် တင်ဒါအောင်မြင်ထားတဲ့ GS Engineering & Construction ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်။ မကြာခင် ညှိနှိုင်းမှုတွေ ပြီးစီးပြီး လက်မှတ်ရေးထိုးနိုင်မှာပါ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားခဲ့သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်း၏ ပန္နက်တော်တင် အခမ်းအနားအား ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ပြီး၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“ရန်ကုန်-ဒလ မြစ်ကူးတံတားပုံစံက လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားပုံစံ တည်ဆောက်သွားမှာဖြစ်ပြီး အသွားနှစ်လမ်း အပြန်နှစ်လမ်းစီ ပါဝင်မှာ ဖြစ်ပါတယ်။ တံတားမှာကပ်ရက် ၀.၅ မီတာ ရေပိုက်နှစ်လုံး တစ်ဖက်တစ်ချက်မှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်အခြမ်းက ဘုန်းကြီးလမ်းတည့်တည့် အသွားတစ်လမ်း၊ အပြန်တစ်လမ်းနဲ့ ကြည့်မြင့်တိုင်ဘက်ခြမ်းကနေတက်မယ့် တစ်လမ်းပါဝင်မှာ ဖြစ်ပါတယ်။ စတင်တည်ဆောက်ချိန်ကနေ ၃၉ လ အတွင်း အများဆုံး ၄၂ လ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်လို့ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ တံတားတည်ဆောက်မှု ပြီးစီးမှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာ လူငယ်တွေ ကြိုးဆိုင်းတံတားအရှည် တည်ဆောက်တဲ့ အတွေ့အကြုံ ရရှိစေဖို့ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားခဲ့သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာ ထားရှိရန် အပြီးသတ် သဘောတူညီမှုရရှိခဲ့ပြီး ပင်မတံတားပုံစံအား ကိုရီးယားအကြံပေး ကုမ္ပဏီမှ ရေးဆွဲထားခြင်းဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇.၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀.၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈.၁၇၄ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service