ပဲရစ်ဟီလ်တန်ပိုင်ဆိုင်ခဲ့သော ဟောလိဝုဒ်ဟေးလ်နေအိမ် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက်

ပဲရစ်ဟီလ်တန်ပိုင်ဆိုင်ခဲ့သော ဟောလိဝုဒ်ဟေးလ်နေအိမ် ကန်ဒေါ်လာ ၄ သန်းနီးပါးဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
18 Mar 2019 11:40 am တွင် တင်ခဲ့သည်
600 ကြိမ် ကြည့်ရှု့ပြီး

ပဲရစ်ဟီလ်တန်သည် ကမ္ဘာကျော်ဟီလ်တန်ဟိုတယ်အုပ်စုကြီးကို တည်ထောင်သူ ကွန်းရတ် ဟီလ်တန်၏ မြစ်ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် မွေးဖွားပြီး နယူးယောက်မြို့တွင် ကြီးပြင်းသည်။

အနုပညာလောကသို့ မော်ဒယ်လ်ဘဝဖြင့် စတင်ဝင်ရောက်ခဲ့ပြီး မော်ဒယ်လ်၊ စာရေးဆရာမ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်ဘဝများ ဖြတ်သန်းခဲ့သည်။

မီဒီယာများတွင် ကျော်ကြားနေခြင်းမှာ အရည်အချင်းနှင့် လုပ်ဆောင်မှုတို့ကြောင့် မဟုတ်ဘဲ ချမ်းသာကြွယ်ဝမှုနှင့် အနေအထိုင် တို့ကြောင့်သာဖြစ်ကြောင်း ဝေဖန်မှုများရှိသော်လည်း ၂၀၀၆ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ပဲရစ်အမည်ရှိ တေးအယ်လ်ဘမ်မှာ billboard 200 စာရင်းတွင် နံပါတ် ၆ နေရာအထိ ရောက်ရှိခဲ့သည်။

ပဲရစ်ဟီလ်တန်သည် ရည်းစားပေါင်းများစွာ ထည်လဲတွဲမှုဖြင့်လည်း နာမည်ကျော်ပြီး ဘရာဇီးဘောလုံးကြယ်ပွင့် နေမာသည်ပင် သူ၏ ချစ်သူစာရင်း၌ ပါဝင်ခဲ့ဖူးသည်။

ပဲရစ်ဟီလ်တန်က သူ၏ကျော်ကြားမှုကို အခြေခံကာ ရေမွှေးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချခဲ့ရာ ၂၀၁၂ ခုနှစ်အတွင်း ရေမွှေးတစ်မျိုးတည်းကပင် ကန်ဒေါ်လာ ၃ ဘီလီယံကျော် မြတ်စွန်းခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ ပဲရစ်ဟီလ်တန်စတိုး ၅၀ ရှိပြီး လက်ကိုင်အိတ်၊ နာရီ၊ ဖိနပ်အစရှိသည့် ထုတ်ကုန် ၁၉ မျိုး ထုတ်လုပ်ရောင်းချလျက် ရှိသည်။

ပဲရစ်ဟီလ်တန်သည် The Simple Life ရုပ်သံအစီအစဉ်တွင် ပါဝင်သရုပ်ဆောင်နေစဉ် ကာလအတွင်း ဟောလိဝုဒ်ဟေးလ်နေအိမ်တွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။

နေအိမ်အတွင်းမွမ်းမံမှုမှာ ထိုခေတ်ပုံရိပ်ကို များစွာလှစ်ဟပြနေရာ ဖိတ်ဖိတ်လက်သည့် ဖန်မီးဆိုင်း၊ တိုင်ပတ်အကဖျော်ဖြေခန်း စသည်တို့အပြင် သူ၏ ကြီးမားသောပုံတူကြီးတစ်ခုလည်း ချိတ်ဆွဲထားသေးသည်။

ပဲရစ်ဟီလ်တန်သည် စတုရန်းပေ ၃၀၆၄ ကျယ်ဝန်းသော အဆိုပါနေအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၇ သန်းဖြင့် ပြန်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ရောင်းချခဲ့စဉ်က သူ၏ ပရိဘောဂများ၊ အလှဆင်မွမ်းမံမှုများ အားလုံးပါဝင်သည်ဟု ဆိုသည်။

ဝယ်လက်တို့က ဟီလ်တန်၏ မွမ်းမံမှုအများစုကို မူရင်းအတိုင်းထိန်းသိမ်းထားခဲ့ပြီး အများစုမှာ Hollywood Regency ဟန်ဖြင့် မွမ်းမံထားခြင်း ဖြစ်သည်။

နောက်ပိုင်း ပိုင်ရှင်တို့က အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို မကြာခဏ အငှားချထားခဲ့သည်။

“ဧည့်ခန်းထဲမှာ ဟီလ်တန်လက်မှတ်ပါတဲ့ သူ့ရဲ့ပုံတူ၊ အဖြူရောင်ပရိဘောဂတွေနဲ့ stripper pole …ဒါတွေဟာ ပဲရစ်ဟီလ်တန် အသုံးပြုခဲ့တဲ့ မူရင်းပစ္စည်းတွေ ဖြစ်ပါတယ်”ဟု အရောင်းဈေးကွက်တင်သည့် The Agency ကုမ္ပဏီမှ အကျိုးဆောင် ရေဘက်ကာ ရှဝါ့ဇ် စကလာက ပြောကြာားသည်။

ယင်းနောက်ပိုင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်သို့ ရောက်ရှိခဲ့သည်။

ယခုလအတွင်းတွင် အရောင်းအဝယ်ဖြစ်သွားခဲ့ပြီး အပြီးသတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြစ်သည်ဟု ယူဆရသည်။

အဆိုပါဈေးနှုန်းမှာ ၂၀၀၇ ခုနှစ်အတွင်း ပဲရစ်ဟီလ်တန် ရောင်းချခဲ့သည့် ဈေးထက် ဒေါ်လာ သုံးသောင်းခန့်သာ ပိုမိုများပြားသည့် ဈေးနှုန်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
Magical World
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service