ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တန်ဖိုးသင့်အိမ်ရာနှင့် ကားအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၉ ၊ ၁၀) ရက်များတွင် သာကေတမြို့နယ်ရှိ Suzuki Ye Nadi Showroom တွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
ပြပွဲ (၂) ရက်အတွင်း သိန်း ၉၀ ကျော်မှ သိန်း ၂၇၀ ကျော်တန်ဖိုးရှိ Suzuki Brand New ကားများနှင့် ရန်ကုန်မြို့  မြို့ နယ်စုံရှိ သိန်း ၂၀၀ မှစသည့် တန်ဖိုးသင့်တိုက်ခန်းများကို ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
“ အခုကျင်းပနေတဲ့ အရောင်းပြပွဲမှာ တိုက်ခန်းနဲ့ ကားတွေကို တနေရာတည်း ကြည့်ရှု့ လေ့လာပြီး ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါတယ်။ မြို့ နယ်စုံက တိုက်ခန်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မဲ့အပြင် ဘဏ်ချေးငွေဖြင့်လည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Suzuki Ye Nadi Showroom ကလည်း 2019 Model ကားအသစ်တွေကို down payment အနည်းငယ်သွင်းပြီး ဘဏ်ချေးငွေနဲ့ ဝယ်နိုင်အောင် ပံ့ပိုးကူညီထားပါတယ်။ ” ဟု အရောင်းပြပွဲစီစဉ် ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
" ကျွန်တော်တို့ iMyanmarHouse.com မှ အခုလို အများပြည်သူတွေ တတ်နိုင်တဲ့ တန်ဖိုးသင့်တိုက်ခန်းတွေကို မကြာခဏ စုစည်းရောင်းချပေးသွားမှာပါ။ တကယ်နေထိုင်လိုတဲ့ သူတွေဆီ တန်ဖိုးအသင့်ဆုံး ၊ အရည်အသွေးအမှန်အကန်ဆုံး ဖြစ်အောင် ဝန်ဆောင်မှုပေးပြီး ရောင်းချမှာဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီး ရောင်းချလိုတဲ့ ကန်ထရိုက်တာများလည်း အချိန်မရွေးဆက်သွယ်ဖို့ ကမ်းလှမ်းချင်ပါတယ်။ ဘဏ်ချေးငွေနဲ့ ရောင်းချနိုင်အောင်လည်း ကူညီပေးနေပါတယ်။ " ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)