မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းပေးခဲ့သူ ဂျွန်မက်ကိန်းပိုင်ဆိုင်သော ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာ

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းပေးခဲ့သူ ဂျွန်မက်ကိန်းပိုင်ဆိုင်သော ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
15 Mar 2019 11:46 am တွင် တင်ခဲ့သည်
877 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် အစဉ်တစိုက်ကြိုးပမ်းပေးခဲ့သူ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း(ကွယ်လွန်) ပိုင်ဆိုင်သော ကွန်ဒိုခန်း အရောင်းဈေးကွက်ဝင်လာသည်။ အထက်လွှတ်တော်အမတ်အဖြစ် ၁၉၈၇ ခုနှစ်မှ ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အိုဘားမားကို ရှုံးနိမ့်ခဲ့သည်။

ရေတပ်စစ်တက္ကသိုလ်မှ ၁၉၅၈ ခုနှစ်တွင် ကျောင်းဆင်းခဲ့ပြီး ရေတပ်လေယာဉ်မှူးအဖြစ် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကို တာဝန်ယူမောင်းနှင်ခဲ့ရသည်။

၁၉၆၇ ခုနှစ်တွင် USS Forrestal လေယာဉ်တင်သင်္ဘောကြီးမီးသင့်မှုအတွင်း ကံကောင်းထောက်မ၍ သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရသည်။

ဗီယက်နမ်စစ်ပွဲအတွင်း ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလအတွင်း ဟနွိုင်းမြို့ကြီးကို ဗုံးကြဲတိုက်ခိုက်စဉ် လေယာဉ်ပစ်ချခံရကာ စစ်သုံ့ပန်းအဖြစ် ၅ နှစ်ကြာဖမ်းဆီးခံခဲ့ရပြီး နှစ်နာရီခြားတစ်ကြိမ် ရိုက်နှက်ခြင်း၊ နှိပ်စစ်ညှင်းပန်းခြင်းများ များစွာကြုံခဲ့ရသည်။

၁၉၈၁ ခုနှစ်တွင် ရေတပ်မှ ဗိုလ်ကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီးနောက် နိုင်ငံရေးလောကအတွင်းဝင်ရောက်ခဲ့ကာ အထက်လွှတ်တော်အမတ်အဖြစ် ၁၉၈၇ ခုနှစ်မှ စတင်ကာ ဆက်တိုက်ရွေးကောက်ခံခဲ့ရသည်။

ကွန်ဒိုခန်း တည်နေရာမှာ အမေရိကန်အနောက်တောင်ပိုင်း အရီဇိုးနားပြည်နယ်၏ မြို့တော် ဖီးနစ်မြို့တွင် တည်ရှိပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြစ်သည်။

ဂျွန်မက်ကိန်းတို့ မိသားစုသည် ဖီးနစ်မြို့၊ ၂၄ လမ်းနှင့် ကမဲလ်ဘက်ခ်လမ်းထောင့်ရှိ စတုရန်းပေ ၆၅၀၀ ကျယ်ဝန်းသော ကွန်ဒိုခန်းသို့ ၂၀၀၆ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ကွန်ဒိုခန်းတွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး master bedroom တွင် မီးလင်းဖိုတစ်ခု ပါဝင်သည်။

ဂျွန်မက်ကိန်းတို့ ဇနီးမောင်နှံသည် အဆိုပါကွန်ဒိုခန်းအတွက် ကန်ဒေါ်လာ ၄ ဒသမ ၆ သန်း သုံးစွဲခဲ့ရကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဂျွန်မက်ကိန်းကွယ်လွန်ပြီးနောက် ဇနီးဖြစ်သူ စင်ဒီမက်ကိန်းက ဖီးနစ်မြို့တွင်ပင် စတုရန်းပေ ၅၀၀၀ အကျယ်အဝန်းရှိသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြင့် ဝယ်ယူခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း ဂျွန်မက်ကိန်းသည် ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် ၂ ဧက ကျယ်ဝန်းသော မြေပေါ်တွင် နေအိမ်အကျယ်အဝန်း ၁၄၅၀၀ စတုရန်းပေနီးပါးရှိသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

ဂျွန်မက်ကိန်းတို့ မိသားစုသည် အရီဇိုးနားပြည်နယ်၊ ယာဗာပိုင်းခရိုင်၊ ကွန်းဗေးလ်အရပ်တွင် ချောင်းတစ်ခု နံဘေး၌ တည်ရှိသည့် မွေးမြူရေးခြံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လာ ဂျိုလာနှင့် ကိုရိုနာဒိုအရပ်တို့တွင် ကွန်ဒိုခန်းများ၊ ဗာဂျီနီးယားပြည်နယ်၊ အာလင်တန်တွင်လည်း ကွန်ဒိုခန်းများ ပိုင်ဆိုင်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service