ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကန်ဒေါ်လာသန်း ၇၂၀ တန်ဖိုးရှိ တံတားသုံးစင်းတည် ဆောက်ရန် ကန်ထရိုက်စာချုပ် များကို ဂျပန်၊ ကိုရီးယားနိုင်ငံတို့ နှင့် မတ်လ ၁၂ ရက်တွင် လက် မှတ်ရေးထိုးခဲ့ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
တံတားသုံးစင်းမှာ လက်ရှိ ဆောင်ရွက်နေသော ပဲခူးမြစ်ကူး တံတား(သန်လျင်တံတားအမှတ် -၃)၊ အရှေ့အနောက်စီးပွားရေးစင်္ကြံရှိ ဂျိုင်း (ကော့ကရိတ်) တံတားနှင့် ရန်ကုန်-ဒလတံတားတို့ ဖြစ်သည်။
ကန်ဒေါ်လာသန်း ၂၈၀ခန့်ကုန်ကျမည့် ပဲခူးမြစ်ကူးတံတားသည် ဂျပန်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA)ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၇ မတ်လတွင်ချေးငွေသဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့ သည်။
အပိုင်း(၁)နှင့် (၂)တည် ဆောက်ရေး ဂျပန် Sumitimo Mitsui Construction နှင့် Yokogawa Bridge ကော်ပိုရေး ရှင်းတို့နှင့်ဆောင်ရွက်ရန်၊ အပိုင်း (၃)အတွက် Tokyu ဆောက်လုပ် ရေးကုမ္ပဏီဖြင့် ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
ပဲခူးမြစ်ကူးတံတားတည် ဆောက်ရာတွင် အပိုင်း(၁)နှင့် (၂)သည် ၂ နှစ်နှင့်ရှစ်လကြာ မည်ဖြစ်ပြီး အပိုင်း(၃)သည် ၂ နှစ် ကြာမည်ဖြစ်သည်။ သန်လျင်တံတားအမှတ်(၃)၏ ပန္နက်ရိုက် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီး ချုပ်၊ ဆောက်လုပ်ရေးဒုဝန်ကြီး နှင့် ဂျပန်နိုင်ငံမှ မြေယာနှင့်ခရီး သွားလုပ်ငန်းဆိုင်ရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ တက်ရောက် ခဲ့သည်။
ထို့အပြင် ဂျပန်ချေးငွေကန် ဒေါ်လာသန်း ၃၀၀ ကျော်တန် အ ရှေ့အနောက်စီးပွားရေးစင်္ကြံ လမ်းမပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား၊ ဂျိုင်း(ဇာသပြင်)တံတား နှင့် အတ္ထရံတံတားတည်ဆောက် ရေးစီမံကိန်းအတွက် ၂၀၁၅ တွင် ချေးငွေသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အပိုင်း(၁)ဖြစ်သော ဂျိုင်း (ကော့ကရိတ်) တံတားတည် ဆောက်ရန် Hazama Ando And P.S Mitsubishi ဆောက်လုပ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ထို တံတားတည်ဆောက်ရန် ၂ နှစ် ကျော်ကြာမည်ဖြစ်သည်။
ကန်ဒေါ်လာ ၁၃၇ သန်း ကျော်ကုန်ကျမည့် ကိုရီးယား- မြန်မာချစ်ကြည်ရေး(ဒလ)တံ တားတည်ဆောက်ရေး G.S Engineering and Construction ကော်ပိုရေးရှင်းတို့ကြား လက် မှတ်ရေးထိုးခြင်းဖြစ်သည်။ ထိုတံ တားတည်ဆောက်ရန် သုံးနှစ် ကျော်ကြာမည်ဖြစ်ပြီး ယင်းတံ တားအတွက် ချေးငွေသဘော တူညီချက်စာချုပ်ကို ၂၀၁၅ တွင် ချုပ်ဆိုခဲ့သည်။
Credit: 7Daydaily