ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ယန်း ၈၂ ဘီလီယံကျော် ဂျပန်မှချေးယူရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ယန်း ၈၂ ဘီလီယံကျော် ဂျပန်မှချေးယူရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 11:43 am တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်ဂျိုက်ကာ (JICA) ထံမှ ယန်း ၈၂ ဘီလီယံ ကျော် ချေးယူရန် ပြည်ထောင်စုလွှတ် တော်သို့ တင်ပြခဲ့သည်။ ရန်ကုန် မိလ္လာပြွန်စနစ် ဖွံ့ဖြိုး မှုစီမံကိန်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် မြို့ပြဧရိယာဓာတ်အား ဖြန့် ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း ဆောင်ရွက်ရန် ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးယူ ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင် မောင်ဝင်းက မတ် ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်နှင့် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ဖော်ဆောင်မည့် ရန်ကုန်မိလ္လာပြွန် စနစ်ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ဂျပန်ယန်း ၄၅ ဒသမ ၉ဝဝ ဘီလီယံ၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း ၂၄ ဒသမ ဝ၈၅ ဘီလီယံနှင့် မြို့ပြဧရိယာ ဓာတ်အား ဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်းအတွက် ဂျပန်ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ထံမှ အိုဒီ အီးအေ ချေးငွေအဖြစ် ရယူနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ပြည်ထောင်စုလွှတ် တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ ဆိုင်းငံ့ကာလ ၁ဝ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃ဝ ဖြင့် စုစုပေါင်းချေးငွေသက်တမ်းမှာ နှစ် ၄ဝ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေး ငွေ၏ Grant Element တွက်ချက်ရာတွင် ၆၉ ဒသမ ၂၁ ရာခိုင်နှုန်းရရှိသည့်အတွက် သက်သာမှုရှိ သော ချေးငွေဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

အဆိုပါစီမံကိန်းများမှာ (JICA) မှ ကွင်းဆင်း လေ့လာဆောင်ရွက်ထားသော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းနှင့် မဟာဗျူဟာ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို လွှမ်းခြုံရေးဆွဲထားသော စီမံချက်တွင်ပါရှိသည့် အချက်အလက် အပေါ် အခြေခံ၍ ရေးဆွဲထားသော စီမံကိန်းဖြစ်ကြောင်း ဂျိုက်ကာစီမံကိန်း လေ့လာဆန်းစစ်မှုအဖွဲ့၏ သုံးသပ်ချက်အရ ရန်ကုန်မြို့တော် မိလ္လာစွန့်ပစ်မှုနှင့် ရေဆိုးသန့်စင်စနစ် တိုးတက်ကောင်းမွန်ရေးအတွက် အဓိကပါဝင်သည့် Yangon Sewerage Development Project နှင့် ရန်ကုန်မြို့ ရေကြီးရေလျှံမှုများ လျှော့ချရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု လျှော့ချရေးတို့ အဓိက ပါဝင်သည့် Yangon Urban Development Project တို့ကို ဆောင်ရွက်မှာ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ မိလ္လြာ>ွပန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအတွက် လေ့လာဆန်းစစ်မှုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၉ ခုနှစ် ဖေ ဖော်ဝါရီအထိ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလမှာ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အထိ ကိုးနှစ်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်၏ မိလ္လြာ>ွပန်စနစ်သည် နှစ်ပေါင်း ၁၃ဝ ကျော်ရှိပြီး ကြံ့ခိုင် မှုများစွာ ယိုယွင်းလာပြီဖြစ်သဖြင့် ပြုပြင်မွမ်းမံရန် လိုအပ်လျက်ရှိ ကြောင်း၊ သန့်စင်သည့် ရေများကိုသာ ရန်ကုန်မြစ်သို့ စွန့်ပစ်ခြင်းဖြင့် ရန်ကုန်မြစ်၏ ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း အစရှိသော အကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းအ တွက် လေ့လာဆန်းစစ်မှုကို ၂ဝ၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ကာလမှာ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အထိ ငါးနှစ်ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်များတွင် ရေကြီးရေလျှံမှု လျော့နည်းသွား ခြင်း၊ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားခြင်း၊ ရန်ကုန်မြို့တွင်း လမ်းများနှင့် Heritage Area တွင် သာယာလှပပြီး လမ်းအသုံးပြုသူများအတွက် လုံခြုံမှု၊ စိတ်ကျေနပ်မှုများ ရရှိနိုင်ခြင်း အစရှိသော အကျိုးကျေး ဇူးများ ရရှိလာနိုင်မှာဖြစ်ပါကြောင်း သိရသည်။

မြို့ပြဧရိယာ ဓာတ်အားဖြန့် ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်းအတွက် လေ့လာဆန်းစစ်မှုကို ၂ဝ၁၈ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလမှာ ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ ခုနစ်နှစ်ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service