ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ကာဇက်စတန်နိုင်ငံသား ဘီဘစ် ရှူမနော့က လာ့စ်ဗီးဂပ်ရှိ စံအိမ်ကို ရောင်းချရန် စီစဉ်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ကာဇက်စတန်နိုင်ငံသား ဘီဘစ် ရှူမနော့က လာ့စ်ဗီးဂပ်ရှိ စံအိမ်ကို ရောင်းချရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Mar 2019 10:57 am တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး

ဘီဘစ် ရှူမနော့၏ အမည်ရင်းမှာ ဘီဘစ် အေမာ ဟာနိုဗစ် ဆူမနော့ဖြစ်ပြီး ကာဇက်စတန်နိုင်ငံသားဖြစ်သည်။

မိခင်မှ ကျောင်းဆရာမဖြစ်ပြီး ဖခင်မှာ စာရင်းကိုင်ချုပ် ဖြစ်သည်။

ရှူမနော့သည် ငယ်စဉ်ကတည်းကပင် ဘရုစ်လီ၏ ရုပ်ရှင်များကို ကြည့်ရှုကာ ကိုယ်ခံပညာရပ်များကို စိတ်ဝင်တစား လေ့လာလိုက်စား ခဲ့သည်။

ချမ်းသာသည့် မိဘများမှ မွေးဖွားလာသူဖြစ်ပြီး ဥပဒေပညာကို သင်ယူခဲ့သော်လည်း ထိုအရာများကို အသက် ၂၄ နှစ်အရွယ်တွင် ကျောခိုင်းစွန့်ခွာကာ အမေရိကန်ပြည်၊ လာ့စ်ဗီးဂပ်သို့ ပြောင်းရွှေ့ခဲ့ပြီး လက်ဝှေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။WBA ၏ Cruiserweight တန်းနှင့် WBA light heavyweight တန်း ၂ ခုတို့တွင် ချန်ပီယံခါးပတ်များ အကြိမ်ကြိမ်ရရှိခဲ့သည်။

ရှူမနော့သည် ယခုနေအိမ်ကို ရောင်းချကာ ပိုမိုကြီးမားသည့် နေအိမ်တစ်လုံးဆောက်လုပ်ရန် စီစဉ်လျက်ရှိခြင်းဖြစ်သည်။

လာ့စ်ဗီးဂပ်မြို့၏ မြေဈေးအကြီးမားဆုံးနေရာတစ်ခုဖြစ်သော Sahara Estates အရပ်တွင် တည်ရှိပြီး ရေကန်ကြီးတစ်ခု၏ ဘေးတွင် တည်ရှိကာ ရှူမနော့က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။ဈေးကွက်တင်ပေးသည့်အကျိုးဆောင်မှာ ရှန်နွန်စမစ်ဖြစ်သည်။

အကျယ်အဝန်း စတုရန်းပေ ၉၄၀၀ ရှိပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ကာ ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်အတွင်း ဖျော်ဖြေရေးနေရာများစွာအပြင် လွတ်လပ်စွာနေနိုင်မည့် တစ်ကိုယ်ရည်လုံခြုံမှုရှိသောနေရာများစွာလည်း ပါဝင်သည်။

ဧည့်ခန်းနှင့် ညစာစားခန်းများမှာ ပြန်လည်မွမ်းမံထားခြင်းဖြစ်ပြီး ထည်ဝါခမ်းနားလှသည်။

အိမ်နောက်ဘက်ရှိ ရေကူးကန်နှင့် ပစ္စည်းစုံထည့်သွင်းပေးထားသော အားကစားလေ့ကျင့်ရေးခန်းမ (ကလေးများအတွက်ပါ ပါဝင်) တို့မှာလည်း မိသားစု ပျော်ရွှင်မှုကို ဖန်တီးရန်အတွက် ပြီးပြည့်စုံသောနေရာများ ဖြစ်ကြသည်။အခြားဖျော်ဖြေရေးနေရာများမှာ အရက်ဘားပါဝင်သော အိမ်တွင်းရုပ်ရှင်ရုံနှင့် ဝိုင်သိုလှောင်ခန်းတို့ ပါဝင်ခြင်း ဖြစ်သည်။

Master bedroom တွင် ကြီးမားကျယ်ဝန်းသော ရေချိုးခန်း၊ အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်။

အဝတ်အစားထားသိုခန်းတွင် အားကစားသမားတို့ ထိခိုက်ဒဏ်ရာရရှိလာပါက အောက်ဆီဂျင်ကုထုံးဖြင့် ကုသမှုများ ပြုလုပ်ပေးသည့် hyperbaric chamber စက်တစ်ခုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါစက်ကို နေအိမ်ဝယ်ယူရာတွင် တပါတည်းဝယ်ယူလိုပါက ညှိနှိုင်းနိုင်ကြောင်း၊ ချန်ပီယံဆုရခဲ့သော ခါးပတ်များမှာမူ အရောင်းစာရင်းတွင် မပါဝင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ရှန်နွန်စမစ်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service