ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် မြေယာမှတ်ပုံတင်ခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုစီမံကိန်း အား တာမွေမြို့နယ်ကို ရှေ့ပြေးအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ နောက်ထပ် မြို့နယ်အဖြစ် ဗဟန်း မြို့နယ်ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်တွင် ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေယာမှတ်ပုံတင်ခြင်း စီမံခန့်ခွဲမှုစီမံကိန်းကို ပြီးစီးခြင်း အစီရင်ခံစာ အပြီး သတ်ရှင်းလင်းတင်ပြခြင်း အခမ်းအနားသိရသည်။
အဆိုပါ စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းဆောင်ရွက်ချက်များနှင့် အပြီးသတ်အစီရင်ခံစာအရ မြေနှင့်အဆောက်အအုံဆိုင်ရာ မြေပြင် အချက်အလက်များသည် ကွဲလွဲမှုရှိနေသည်ကို တွေ့ရပြီး ရန်ကုန်မြို့မြေပုံ ရေးဆွဲရေး လုပ်ငန်းမှ ရရှိလာသော မြေနှင့်အဆောက်အအုံဆိုင်ရာ GIS Data base ကို အခြေခံပြီး ပေါင်းစည်းထားသည့် ပြည့်စုံသည့်သတင်းအချက်အလက်စနစ်ကို ရယူအခြေခံပြီး ပြည်သူများ၏ မြေနှင့်အဆောက်အအုံပိုင်ဆိုင်မှု ၊မြေနှင့်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းများ၊ပစ္စည်းခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများ စသည်တို့တွင်သာမက တိုင်းဒေသအစိုးရ၏အခြားသော စီမံကိန်းနှင့် လုပ်ငန်းများတွင်ပါ အထောက်အကူပြုနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်ကို ရှေ့ပြေးအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ နောက်ထပ် မြို့နယ်အဖြစ် ဗဟန်းမြို့နယ်ကိုဆက်လက်လုပ်ဆောင်သွားမည် ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။
စီမံကိန်းကို ဇန်န၀ါရီလ ၂၃ ရက်၌ kick-0ff Meeting စတင်ဆောင်ရွက်ခဲ့ ကာ ရက်သတ္တပတ် ၇ပတ် ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း Project Consultant Team နှင့် ဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွက် စတင်လုပ်ဆောင်ခြင်းဖြစ်သော်လည်း အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက်လည်း လေ့လာစရာ တစ်ခုဖြစ်ကြောင်း ၊စီမံကိန်းအား တာမွေမြို့နယ်နှင့် ဗဟန်းမြို့နယ်များသာမက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: Pyi Myanmar