ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကိုတောင်းခံထားတယ်လို့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် ( NYDC )ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ ကပြောပါတယ်။
မတ်လ ၆ ရက်မှာ ကျင်းပတဲ့ NYDC ဆွေးနွေးပွဲမှာ စီမံကိန်းနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုက်ာမရှင်ဆီ ခွင့်ပြုချက်တောင်းခံသွားမလား ဆိုတဲ့ မေးခွန်း ကိုဖြေကြားရာမှာထည့်သွင်းပြောခဲ့တာပါ။
ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဝေဖန်ထားသလို လက်ရှိမှာလည်း ကဏ္ဍစုံက ပညာရှင်တွေရဲ့ဝေဖန်မှုတွေလည်း ရှိနေတာပါ။ဒီလိုဝေဖန်မှုတွေရှိနေတဲ့အချိန်မှာပဲ NYDC က စီမံကိန်းနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကို ပညာရှင်ဖိတ်ကြားပြီးဆွေးနွေးတဲ့ဆွေးနွေးပွဲကိုလည်းကျင်းပနေတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဧက နှစ်သောင်းကျယ်ဝန်းမှာဖြစ်ပြီး စီမံကိန်းတည်ဆောက်ပြီးစီးရင် စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမယ်လို့ NYDC က ထုတ်ပြန်ထားပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com