ပထမဆုံး American Business Corner ရုံးခန်း မန္တလေး၌ ဖွင့်လှစ်

ပထမဆုံး American Business Corner ရုံးခန်း မန္တလေး၌ ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
13 Mar 2019 10:08 am တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန် ပြည်ထောင်စု၏ အမေရိကန် စီးပွားရေးကော်နာ (American Business Corner-ABC) ရုံးခန်းကို အာဆီယံနိုင်ငံများအတွင်း ပထမဆုံးအနေဖြင့် မန္တလေးမြို့ ရတနာပုံဈေး (၃၄ လမ်းနှင့် ၇၈ လမ်းထောင့်) ရှိ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (MRCCI) တွင် မတ်လ ၁၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ယင်းရုံးမှတဆင့် မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကို ကူညီချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ABC အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ တီထွင်ဖန်တီးမှု၊ နည်းပညာပိုင်းဆိုင်ရာကဏ္ဍများတွင် အဓိကလုပ်ဆောင်မည်ဖြစ်ကြောင်း အာဆီယံစီးပွားရေးဆိုင်ရာကောင်စစ်ဝန် Mrs.Mergaret Hanson-Muse က ပြောကြားသည်။

“နှစ်နိုင်ငံကြားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းလာအောင် ဆက်သွယ်ကူညီဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုနဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်းဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Mr.Scot Marciel က ပြောကြားသည်။

ABC ရုံးခန်းကို မန္တလေးမြို့တွင် ဖွင့်လှစ်နိုင်ရန် MRCCI အသင်းရုံးသို့ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက လာရောက်ဆွေးနွေးခဲ့ပြီး မန္တလေးတိုင်းတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ကောင်းမွန်သောနေရာ၊ နယ်ပယ်များရှိလာစေရန် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် နိုင်ငံတစ်ခုတည်းကို မမှီခိုလိုဘဲ နိုင်ငံပေါင်းများစွာရှိ စီးပွားရေးဈေးကွက်မြောက်မြားစွာအပေါ်တွင် မှီခိုရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“ABC (ရုံး) လာဖွင့်တာဟာ အမေရိကန်တစ်ခုတည်းတင်မဟုတ်ဘဲ တောင်အမေရိကတိုက်ကြီးတစ်ခုလုံးကို လှမ်းမျှော်ကြည့်ရပါမယ်”ဟု ၎င်းက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စု၏ American Business Corner (ABC) ကို ၂၀၁၂ ခုနှစ်၌ အိန္ဒိယနိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံကို ပထမဆုံးရွေးချယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ABC ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Pan Swal Taw
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service