ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ KT Construction မှတည်ဆောက်နေသော အဆာဟိကွန်ဒိုအခန်းများကို ၂၀၁၉ ခုနှစ် ၊ မတ်လ ( ၁၅ ၊ ၁၆ ၊ ၁၇ ) ရက်များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့ ၊ ဘူတာကြီးအပေါ်ရှိ Hotel Marvel ၊ အမရပူရခန်းမ တွင် အရောင်းပြပွဲပြုလုပ်၍ စတင်ရောင်းချသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
ဖွင့်ပွဲအခမ်းအနားကို အရောင်းပြပွဲ၏ ပထမရက်ဖြစ်သည့် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါကွန်ဒိုစီမံကိန်းသည် မန္တလေးမြို့ ၏အထင်ကရဖြစ်သော ဈေးချိုနှင့်နာရီစင်တို့အနီးတွင် တည်ရှိပြီး ကွန်ဒိုဥပဒေနှင့်အညီ ဝယ်ယူသူများအား မြေအချိုးကျပိုင်ဆိုင်ခြင်းပေးမည်ဖြစ်သည်။ (၁) ဧကကျယ်ဝန်းသော ဂရန်မြေပေါ်တွင် တည်ဆောက်လျှက်ရှိပြီး 975 sqft မှ 1466 sqft အထိ ကျယ်ဝန်းသောအခန်းများကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ရေကူးကန် ၊ အားကစားခန်းမ ၊ ကားပါကင် ၊ ဓာတ်လှေကား ၊ Rooftop Garden ၊ Barbeque Terrace စသည့် ကွန်ဒို Facilities အပြည့်အစုံ ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။
“ ယခုရောင်းချပေးမဲ့ Asahi Condo ဟာ မန္တလေးမြို့လည်ခေါင်မှာတည်ရှိပြီးတော့ ဈေးအသက်သာဆုံး ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ ကွန်ဒို Facilities အပြည့်အစုံပါဝင်တဲ့အပြင် ကားပါကင် ၊ ဆိုင်ကယ်ပါကင်လည်း လုံလောက်စွာပါဝင်တာကြောင့် ဝယ်ယူသင့်တဲ့ ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ ယခုပြပွဲအတွင်းဝယ်ယူမယ်ဆိုရင် ၁ ပေ ပတ်လည် ၁ သိန်းကျပ်မှ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဦးဦးဖျားဖျား စိတ်ကြိုက် အခန်းရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
♦♦♦ အရောင်းပြပွဲ အသေးစိတ်အစီအစဉ်
ကျင်းပမည့်ရက် : 15, 16, 17 March 2019 (သောကြာ ၊ စနေ ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ
ကျင်းပမည့်နေရာ: Hotel Marvel ၊ အမရပူရခန်းမ ၊ (၄) လွှာ(ဘူတာကြီးအပေါ်) မန္တလေးမြို့ 
အသေးစိတ် သိရှိလိုပါက
www.imyanmarhouse.com/asahi တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး
iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)