စင်္ကာပူဘီလျံနာများတွင် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးများ ထိပ်ဆုံးမှဖြစ်

စင်္ကာပူဘီလျံနာများတွင် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးများ ထိပ်ဆုံးမှဖြစ် - Property News in Myanmar from iMyanmarHouse.com
11 Mar 2019 10:28 am တွင် တင်ခဲ့သည်
1208 ကြိမ် ကြည့်ရှု့ပြီး

Forbes မဂ္ဂဇင်း၏ ၂၀၁၉ ခုနှစ် ဘီလျံနာများစာရင်းတွင် စင်္ကာပူနိုင်ငံသား ၂၂ ဦး ပါဝင်ပြီး သူတို့အနက် အိမ်ခြံမြေလုပ်ငန်းရှင် Robert Ng (ရောဘတ်ငင်) နှင့် Philip Ng (ဖိလစ်ငင်) တို့ညီအစ်ကိုက အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၂ ဘီလျံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း Straits Times သတင်းစာတွင် ဖော်ပြခဲ့သည်။

စာရင်းတွင် နံပါတ် ၁၁၂ နေရာကို ရရှိခဲ့သည့် Ng ညီအစ်ကိုပိုင် Far East Organization သည် စင်္ကာပူတွင် အကြီးဆုံးပုဂ္ဂလိကအိမ်ခြံမြေပိုင်ရှင်နှင့် အကြီးဆုံးအိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသည့် ကုမ္ပဏီ) ဖြစ်သည်။

နံရံသုတ်ဆေးလုပ်ငန်းရှင် Goh Cheng Liang (ဂိုချန်းလျန်) က ဒုတိယအချမ်းသာဆုံးစင်္ကာပူဘီလျံနာအဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံဖြင့် နံပါတ် ၂၀၃ နေရာတွင် ဖော်ပြခံခဲ့ရသည်။ Haidilao ဟော့ပေါ့ဆိုင်ခွဲများအား တည်ထောင်သူ Zhang Yong (ကျန်းယုံ) က အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ ပိုင်ဆိုင်မှုဖြင့် နံပါတ် ၂၂၄ တွင် ဖော်ပြခံရကာ တတိယအချမ်းသာဆုံးစင်္ကာပူဘီလျံနာဖြစ်လာသည်။

ဘီလျံနာဦးရေ ၇၆၇ ဦးဖြင့် အာရှ-ပစိဖိတ်ဒေသသည် ဘီလျံနာအများဆုံးဒေသ ဖြစ်ကာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဒေသတို့က ၆၀၇ ဦးနှင့် ၅၄၅ ဦးစီတို့ဖြင့် ဒုတိယ၊ တတိယဘီလျံနာအများဆုံးဒေသများ ဖြစ်ကြောင်း Forbes က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယရှိ Mukesh Ambani (မူကက်ရှ်အမ်ဘာနီ) က အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅၀ ဘီလျံဖြင့် အဆင့် ၁၃ တွင် ဖော်ပြခံခဲ့ရသည်။ ရေနံဓာတုသန့်စင်ခြင်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို လုပ်ကိုင်သည်။

ဘီလျံနာအသစ်များအနက် တရုတ်မှ အများဆုံးဖြစ်သည်။ စာရင်းထဲ အသစ်တိုးလာသည့် ဘီလျံနာ ၁၀၂ ဦးတွင် ၄၄ ဦးမှာ တရုတ်မှဖြစ်သည်။

Amazon စီအီးအို Jeff Bezos (ဂျက်ဖ်ဘီဇော့) က နှစ်နှစ်ဆက်တိုက်အဖြစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၉ ဘီလျံထက် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၁ ဘီလျံသို့ တိုးလာခဲ့သည်။

Microsoft အား ပူးတွဲတည်ထောင်သူ Bill Gates (ဘီလ်ဂိတ်) က အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၅ ဘီလျံ ပိုင်ဆိုင်မှုဖြင့် ဒုတိယနေရာတွင်သာ ဆက်လက်ရှိခဲ့ပြန်သည်။ အမေရိကန်ဘီလျံနာ၊ ရင်းနှီးမြှုပ်နှံသူ Warren Buffett (ဝါရင်းဘတ်ဖတ်) က အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၅ ဘီလျံဖြင့် ကမ္ဘာ့တတိယအချမ်းသာဆုံးသူဖြစ်လာခဲ့သည်။

ထိုဘီလျံနာစာရင်းတွင် အသစ်ပါဝင်လာသူများအနက် အထင်ရှားဆုံးသူတစ်ဦးမှာ အသက် ၂၁ နှစ်ရှိ Kylie Jenner (ခိုင်လီဂျန်နာ) ဖြစ်ပြီး ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာဖြစ်သည်။ အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ ဟုလည်း သူမအား Forbes က ခေါ်ဝေါ်သမုတ်ခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေးရှိ အိမ်ခြံမြေများကို အစိုးရ၏ သိမ်းယူခံရမည့် အလားအလာရှိနေ...

အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service