ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာက Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံ ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ် နိုင်ငံတကာလူနေဇိမ်ခံအိမ်ညွှန်းကိန်းစာရင်းတွင် ထိပ်ဆုံးနေရာကို ရရှိခဲ့ပြီဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း ဇိမ်ခံအိမ်ခြံမြေဈေးများ ၁၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မှုနှင့်အတူ မနီလာက စာရင်းတွင် ပါဝင်ထောက်လှမ်းခံခဲ့ရသည့် အခြားလူနေအိမ်ခြံမြေဈေးကွက် ၉၉ ခု၏ ဈေးနှုန်းအပြောင်းအလဲများထက်
၁၂ နှစ်တိုင်လာခဲ့ပြီဖြစ်သည့် ၎င်းယခုနှစ်စာရင်းတွင် မနီလာ၏ ထိပ်တန်းနေရာသိမ်းပိုက်မှုသည် ရောင်းလိုအားမရှိခြင်းနှင့် ဖွံ့ဖြိုးလာသည့်စီးပွားရေးတို့ကြောင့် ဖြစ်ကြောင်း Knight Frank ၏ နိုင်ငံတကာလူနေအိမ်ခြံမြေသုတေသနဌာနခေါင်းဆောင် ကိတ်အဲဗရတ်အယ်လန်က ပြောကြားခဲ့သည်။
တစ်နှစ်တာဖွံ့ဖြိုးမှုနှုန်း ၁၀ ဒသမ ၆ ရာခိုင်နှုန်းရှိသည့် အီဒင်ဘာ့ဂ်က နံပါတ် ၂ နေရာ၌ ဖော်ပြခံခဲ့ရသည်။ စာရင်း၏ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည့် မနီလာပြီးလျှင် တစ်ခုတည်းသော အာရှမြို့ဖြစ်သည့် စင်္ကာပူရှိ ဇိမ်ခံအိမ်ဈေးဖွံ့ဖြိုးနှုန်းမှာမူ ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)