ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အေးမြသော ကမ္ဘာ့မြောက်ဘက်ခြမ်း၏ ၂၀၁၈ ခုနှစ် နွေရာသီသည် မခံမရပ်နိုင် လောက်အောင် အိုက်စပ်ပူလောင်မွန်း ကျပ်သော အချိန်ကာလတစ်ခုဖြစ်ခဲ့ပါ ၏။ သို့သော် လေအေးပေးစက်များ (air conditioners) အတွက်ကား အောင်လံတံခွန်ထူနိုင်ခဲ့သော နှစ်တစ်နှစ်ဖြစ်ခဲ့ သည်ဆိုလျှင် မှားမည်မဟုတ်ပေ။
ပြင်သစ်နိုင်ငံတွင် ၂၀၁၈ ဇူလိုင် လပထမရက်သတ္တသုံးပတ်အတွင်း လေအေးပေးစက်များကို ၂၀၁၇ ခုနှစ် အလား တူ အချိန်ကာလကထက် ၁၉၂ ရာခိုင် နှုန်းပို၍ ရောင်းချခဲ့ကြရသည်။ ဂျပန် နိုင်ငံတွင် အစိုးရက စာသင်ကျောင်းများ ၌ လေအေးပေးစက်များ တပ်ဆင်နိုင်ရန် ထောက်ကူပံ့ပိုးပေးခဲ့ရသည်။ အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်တွင် ပြည်နယ်တရားသူကြီးတစ်ဦးက အကျဉ်းထောင်များတွင် လေအေးပေးစက်များ တပ်ဆင်ပေးရန် အမိန့်ချမှတ်ပေးခဲ့ရ သည်။ ဤဖြစ်ရပ်များက ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကိုသာဖော်ညွှန်းသည် မဟုတ် လေအေးပေးစက်များ ကမ္ဘာတစ်လွှားတွင် မည်မျှအရေးပါလာသည်ကိုလည်း ဖော်ပြလျက်ရှိပါသည်။
အမျိုးသားနိုင်ငံများကို အကြံပေးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ interantioanl nergy Agency (IEA) ၏ အဆိုအရ၊ လက်ရှိတိုးပွားနေသောနှုန်းဖြင့်ဆိုလျှင် လာမည့် ဆယ်နှစ်အတွင်း ကမ္ဘာတစ်လွှား၌ လေအေးပေးစက် တစ်ဘီလီယံ တပ်ဆင်ကြ ရလိမ့်မည်ဟု ဆိုသည်။ ကမ္ဘာတစ်လွှား တပ်ဆင်ထားသည့် လေအေးပေးစက် များမှာ ၂၀၁၆ ခုနှစ်က ၁ ဒသမ ၆ ဘီလီယံရှိခဲ့သည်။ လာမည့် ဆယ်စုနှစ် တစ်ခုတွင် နောက်ထပ် လေအေးပေးစက် သုံးပုံနှစ်ပုံ တိုးတက်လာမည်ဖြစ်၏။
အကယ်၍ သင့်အနေဖြင့် ရေ ခဲ့သေတ္တာများ ( refrigetators ) အပြင်၊ အစားအစာ (Food) ၊ ကာကွယ်ဆေး (vaccines ) နှင့် ဒေတာ ( data )များကို အေးမြစေသော စက်များအား ထည့်သွင်း တွက်ချက်မည်ဆိုပါက လိုအပ်သည့် လုံးရေသည် ဆယ်စုနှစ်တစ်ခုအတွင် ခြောက်ဘီလီယံယူနစ်အထိ တိုးတက်သွားမည် ဖြစ်ပါ၏။ ဤသို့ အေးမြမှုကိုပေးသည့် လေအေးပေးစက်များနှင့် ရေခဲသေတ္တာများကို တပ်ဆင်အသုံးပြုခြင်းအားဖြင့် လူ့အသက်များကို ကယ်တင်နိုင်သည်။ ပညာရေးကို တိုးတက်စေနိုင်သည်။ ကမ္ဘာ့အပူပိုင်းဒေသမှ နိုင်ငံများ၏ဥစ္စာဓနကို တိုးပွားစေနိုင်သည်။
စင်ကာပူမြို့ပြနိုင်ငံ၏ ပထမ ဆုံး ၀န်ကြီးချုပ် Lee Kuam Yew က ဤသို့ အေးမြမှုကိုပေးသည့် လေအေး ပေးစက်များနှင့် ရေခဲသေတ္တာများကို တပ်ဆင်အသုံးပြုခြင်းအားဖြင့် လူ့အသက် များကို ကယ်တင်နိုင်သည်၊ ပညာရေးကို တိုးတက်စေနိုင်သည်။ ကမ္ဘာ့အပူပိုင်းဒေသ မှ နိုင်ငံများ၏ဥစ္စာဓနကို တိုးပွားစေနိုင် သည်။ စင်ကာပူမြို့ပြနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်Lee Kuam Yew က ဤသို့ဆိုခဲ့ပါ၏။
““လေအေးပေးစက်များ တပ် ဆင်အသုံးပြုမှုဟာ အပူပိုင်းဒေသမှ နိုင်ငံ များကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး အဲဒီနိုင်ငံများရဲ့ ယဉ်ကျေးမှုသဘောသဘာဝကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်တော် ၀န်ကြီးချုပ်ဖြစ်လာတော့ ပထမဆုံးပြု လုပ်ခဲ့တဲ့အလုပ်က ဘာလဲဆိုရင် ပြည်သူ့ ၀န်ထမ်းတွေ အလုပ်လုပ်တဲ့အဆောက် အအုံများကို လေအေးပေးစက်များတပ် ဆင်ပေးတာပါပဲ။ ဒါဟာ ပြည်သူ့စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ သော့ ချက်ကျတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်”” ဤသည်မှာ သူ၏ကိုယ်ပိုင် အမြင်ဖြစ်ပါ၏။ သို့သော် လေအေးပေးစက်များ တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက် ကြီးကြီးမားမားအန္တရာယ်ကို ဖြစ်ပေါ်စေသည်။ လေအေးပေးစက်များက လူအများကို အေးမြစေသော်လည်း ကမ္ဘာဂြိုဟ်ကို ပူနွေးစေပါ၏။
ကမ္ဘာဂြိုဟ်ကို ပူနွေးလာစေ သည့် ဖန်လုံအိမ်ဓာတ်ငွေ ထုတ်လွှတ်မှု များ (greenhouse-gas emissions) ကို လျှော့ချရန် အထိရောက်ဆုံးလုပ်ရပ်တစ် ခုမှာ လေအေးပေးစက်များကို ပိုမိုကောင်း မွန်လာအောင် ပြုလုပ်ခြင်းပင်ဖြစ်၏။ အထူးသဖြင့် လေအေးပေးစက်နှင့် ရေခဲ သေတ္တာများတွင် အအေးပေးသည့်ဓာတ်ငွေ့များ (refrigerants) ကို အစားထိုး နိုင်လျှင် ၂၀၅၀ ပြည့်နှစ်လောက်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ (Co2) စုစုပေါင်း မက်ထရစ်တန်ချိန် ၉၀ဘီလီယံ နှင့်ညီမျှသော ဖန်လုံအိမ်ဓာတ်ငွေ့များ ကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့မဟုတ် ကမ္ဘာလူဦးရေထက်ဝက်လောက်က အသားမစားဘဲသက်သတ်လွတ်စားကြ မည်ဆိုလျှင်လည်း CO2 မက်ထရစ် တန် ချိန် ၆၆ ဘီလီယံလျှော့နည်းကျဆင်းသွားနိုင်သည်။ သို့မဟုတ် ပြုန်းတီးသွား သည့် အပူပိုင်းဒေသ မိုးသစ်တောများ ၏ သုံးပုံနှစ်ပုံကို ပြန်လည်စိုက်ပျိုးနိုင် လျှင်လည်း CO2 မက်ထရစ်တန်ချိန် ၆၁ ဘီလီယံ လျှော့နည်းသွားနိုင်ပေသည်။
လေအေးပေးစက်များကို ၁၉၀၂ ခုနှစ်က တီထွင်ထုတ်လုပ်ခဲ့သည်။ ထို အချိန်လောက်တွင်ပင် မော်တော်ကား များကိုလည်း စတင်တီထွင်ထုတ်လုပ်ခဲ့ ကြသည်။ အဆိုပါ တီထွင်မှုနှစ်ရပ်စလုံး က လူအများ၏နေထိုင်သွားလာလုပ်ကိုင် မှုများအပေါ် အကြီးအကျယ်သက်ရောက် မှုရှိခဲ့သည်။ သို့သော် လူအများက မော်တော်ကားများ၏ စွမ်းအင်သုံးစွဲမှုနှင့် လေထုညစ်ညမ်းစေမှုကိုသာ အဓိကထား ပြီး ဝေဖန်ပြစ်တင်ခဲ့ကြပေသည်။ လေအေးပေးစက်များမှ ထုတ်လွှတ်မှုကြောင့် လူမှုပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုကိုကား မသိကျိုးကျွန်လျစ်လျူရှုထားခဲ့ကြ ပါ၏။
၁၉၉၀ နှစ်များက တရုတ်ပြည် တွင် အိမ်ထောင်စုအနည်းငယ်မျှသာ လေအေးပေးစနစ် အသုံးပြုနိုင်ခဲ့ကြသည်။ ၂၀၁၀ တွင် တစ်အိမ်ထောင်လေအေးပေးစက်တစ်လုံး တပ်ဆင်အသုံးပြုလာ နိုင်ခဲ့သည်။ ယနေ့တွင် တရုတ်ပြည်၌ ကမ္ဘာ့လေအေးပေးစက်အားလုံး၏ ၃၅ ရာခိုင်နှုန်းကို တပ်ဆင်အသုံးပြုလျက်ရှိ ပါ၏။ ၂၃ ရာခိုင်နှုန်းသာရှိသော အမေရိကန်နိုင်ငံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အိနိ္ဒယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် လည်း လေအေးပေးစက်သုံးစွဲမှုနှုန်းမှာ တစ်စတစ်စ မြင့်တက်လျက်ရှိသည်။ အာရေဗျပင်လယ်ကွေ့၏တောင်ဘက်ပင်လယ် ကမ်းခြေတစ်လျှောက်နေထိုင်ကြသူများ ၏ လေအေးပေးစက်အသုံးပြုမှုမှာ ၁၉၅၀ ပြည့်နှစ်တွင် လူဦးရေ (၅၀၀,၀၀၀)သာ ရှိခဲ့သော်လည်း ယနေ့တွင် လူသန်း ၂၀ က အသုံးပြုလျက်ရှိသည်။ ဆော်ဒီအာ ရေဗျနိုင်ငံတွင် များစွာသော စွမ်းအင်ကို လေအေးပေးစက်များ မောင်းနှင်ရန် အတွက် အသုံးပြုလျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်ရောက်လျှင် ယင်းသို့ အသုံးပြု နေရသည့် စွမ်းအင်မှာ ယနေ့နိုင်ငံခြား တင်ပို့ရောင်းချနေသော စွမ်းအင်(ရေနံ) ထက်ပင် ပိုမိုများပြားနေမည်ဟု ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်းထားကြပါ ၏။
ယနေ့တွင် ကမ္ဘာ့အပူပိုင်းဒေသ ၌ နေထိုင်ကြသူ စုစုပေါင်း သုံးဘီလီယံ ရှိသည့်အနက် ရှစ်ရာခိုင်နှုန်းသာ လေအေးပေးစက်များ အသုံးပြုလျက်ရှိကြသည်။ ယင်းကိန်းဂဏန်းကို အမေရိကန် နှင့် ဂျပန်နိုင်ငံများမှ လေအေးပေးစက် အသုံးပြုသူ ၉၀ ရာခိုင်နှုန်းနှင့်ယှဉ်ကြည့် နိုင်ပါ၏။ နောင်တစ်နေ့တွင် ကမ္ဘာတစ်ဝန်း၌ လေအေးပေးစက်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြတော့မည် ဖြစ်၏။ ယင်းသို့ ကျယ်ပြန့်စွာ အသုံးပြု လာကြရမည့် အကြောင်းပြချက်များက လည်း ရှိနေသည်။
ကမ္ဘာတစ်ဝန်းတွင် သက်ကြီး ရွယ်အိုများ တိုးပွားလာသည်။ ၎င်းတို့ မှာ အပူဒဏ်မခံနိုင်၊ ရာသီဥတုပူပြင်းလာ လျှင် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာပြီး သတိလစ်မေ့မြောသွားကာ heat Strock ဖြစ်နိုင်သည်။ သို့ဖြစ်၍ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအတွက် လေအေးပေးစက်များ ပိုမိုလိုအပ်လာသည်။ ယနေ့ခေတ် မြို့ပြများ ဖန်တီးမှု (urbanisation ) ကလည်း လေအေးပေးစက်များ ကို မရှိမဖြစ်တောင်းဆိုလျက်ရှိသည်။ စိမ်းလန်းစိုပြေသော တောရွာများ၌နေ ထိုင်ကြသူများအတွက် လေမှာသဘာဝ အလျောက် အေးမြနေပြီးဖြစ်၏။ လေအေးပေးစက်မလို။ သို့သော် မြို့ပြနေသူ များအတွက် ရုံးများနှင့် စက်ရုံ အလုပ် ရုံများတွင်ကား လေအေးပေးစက်များ မဖြစ်မနေ တပ်ဆင်ထားရန် လိုအပ်ပါ ၏။
အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံ များမှ ဧရာမမြို့ကြီးများတွင် မိုးမျှော် တိုက်ကြီးများ ဆောက်လုပ်လာမှုကလည်း လေအေးပေးစက်များကို တောင်းဆိုလျက် ရှိပေသည်။ အထပ်မြင့် အဆောက်အအုံ များ၏ ထိပ်ပိုင်းနှင့် အောက်ခြေတို့တွင် လေဖိအား ကွဲပြားခြားနားသဖြင့် အလုံ ပိတ်ကာ လေအေးပေးစက်များအသုံးပြု ကြရသည်။ ထို့ပြင် ယနေ့ခေတ်အသုံး များလာသည့် ကွန်ပျူတာများနှင့်ပတ်သက်၍ Data-processing စင်တာများ တွင်လည်း လေအေးပေးစက်များ မသုံးမဖြစ် အသုံးပြုကြရသည်။
ဤသို့လေအေးပေးစက်များကို နေရာတကာ အသုံးပြုလာခြင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး သမားများ (enviromentalists) က ဘ၀င်မကျ မကျေမနပ်ဖြစ်နေကြသည်။ သို့ဖြစ်လင့်ကစား လေအေးပေးစနစ်က လူအများကို ကျန်းမာချမ်းသာစေပြီး ဉဏ်ပညာကို ထက်မြက်စေသည်ဟု အခိုင်အမာဆိုသူများကလည်း ရှိနေပါ သေးသည်။ Australian National University မှ သုတေသီ Tord Kjellstrom ၏ လေ့လာချက်တစ်ရပ်က အလွန်အမင်းပူအိုက်သည့် အရှေ့တောင်အာရှနိုင်ငံ များမှ လူအများအပြားတွင် လေအေး ပေးစက်များ မရှိသဖြင့် အလုပ်လုပ်ချိန် ၏ ၂၀ ရာခိုင်နှုန်းလောက် အလုပ်မလုပ် နိုင်ကြကြောင်း ဖော်ပြခဲ့သည်။ ထို့အတူ ပင် University of California, Berkeley က Solomon Hsiang လည်း ကာရေ ဘီယံနှင့် အမေရိကအလယ်ပိုင်းဒေသ များတွင် အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် (၂၆.ဃ)အထက် တစ်ဒီဂရီ မြင့်တက်လာ တိုင်း ဂျီဒီပီ တစ်ရာခိုင်နှုန်းကျဆင်းသွား ကြောင်း တွက်ချက်ပြခဲ့သည်။ တစ်နည်း ပြောလျှင် အပူပိုင်းဒေသများ (tropics)တွင် အေးမြမှုက ကုန်ထုတ်လုပ်မှုစွမ်းအား (productivity) ကို မြင့်တက်စေပါ၏။
ပညာသင်ကြားရေးနယ်ပယ် တွင်လည်း ထိုနည်းအတူပင် ဖြစ်သည်။ ၂၀၁၆ ခုနှစ် နွေရာသီတွင် Boston မြို့ ကောလိပ်ကျောင်းသားများအား Harvard Universtiy က ကွင်းဆင်းလေ့လာမှုတစ် ရပ်ပြုလုပ်ခဲ့သည်။ ယင်းတွင် လေအေး ပေးစက်ရှိသော စာသင်ခန်းများ၌ သင် ကြားကြရသော ကျောင်းသားများသည် လေအေးပေးစက်မရှိဘဲ စာသင်ကြားကြ ရသော ကျောင်းသားများထက်ပို၍ သိလွယ်တတ်လွယ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရကြောင်း ဆိုသည်။ ဒိန်းမတ်နိုင်ငံ၏ လေ့လာချက်များတွင် လေအေးပေးစက် ရှိသော စာသင်ကျောင်းများ၌ စာသင် ကြားကြရသည့် ကျောင်းသားကလေး များသည် အထူးသဖြင့် သင်္ချာနှင့်ဘာသာ စကား သင်ကြားရာတွင် တတ်သိလွယ် ကြောင်း တွေ့ရှိခဲ့ရသည်ဟုဖော်ပြခဲ့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် အေး မြမှုက လူ့အသက်များစွာကို ကယ်တင် နိုင်ပေသည်။ အနောက်ဥရောပတွင် ၂၀၀၃ ခုနှစ်က အပူလှိုင်း (heatwave) ကျရောက်သည့်ဒဏ်ကို ရက်ရက်စက်စက် ခံခဲ့ကြရသည်။ ပြင်သစ်နိုင်ငံတွင် အပူလှိုင်းဒဏ်ကြောင့် သာမန်ထက်ပို၍ လူ ၁၁,၀၀၀ မှ ၁၇,၀၀၀ ထိ သေဆုံးခဲ့ ရသည်။ အစိုးရက ဘိုးဘွားရိပ်သာများ တွင် လေအေးပေးစက်များ မတပ်မနေရ တစ်ချက်လွှတ်အမိန့်ထုတ်ပြန်ခဲ့ရသည် အထိ အုတ်အာသောင်းသဲဖြစ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် နွေရာသီမှာ ၂၀၀၃ ခုနှစ်က ကဲ့သို့ အပူချိန်မြင့်တက်ခဲ့သော်လည်း လေအေးပေးစက်အများအပြားတပ်ဆင် အသုံးပြုလာခဲ့ကြသဖြင့် အနောက်ဥရောပ တစ်ခွင်တစ်ပြင်တွင် ယခင်ကလောက် လူအသေအပျောက်မများတော့ဘဲ ၂၀ ရာခိုင်နှုန်းလျော့နည်းကျဆင်းခဲ့သည်။
သို့သော် ဆင်းရဲသောနိုင်ငံများ တွင် အပူလှိုင်းကျရောက်မှုကြောင့် အသေအပျောက်အလွန်များပြားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ မိမိကိုယ်မိမိ မကာကွယ်နိုင်ကြသောကြောင့် ဖြစ်၏။ အကယ်၍ ထိုနိုင်ငံများတွင် လေအေးပေးစက်များ တပ်ဆင်အသုံးပြုနိုင်ကြခြင်း မရှိလျှင် ၂၀၅၀ ပြည့်နှစ်မတိုင်မီ နောက်ထပ်လူတစ်သန်းကျော်ခန့်သည် အပူချိန် မြင့်မားလာခြင်းကြောင့် သေဆုံးနိုင်ကြောင်း ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) ကဆို သည်။
ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများ ၌ သီးနှံရိတ်သိမ်းပြီးနောက် စားနပ်ရိက္ခာအထွက်၏ ထက်ဝက်ခန့်သည် ကြွက်များ နှင့် အင်းဆက်ပိုးများ ဖျက်ဆီးမှုကြောင့် ဆုံးရှုံးသွားခဲ့ရသည်။ အကယ်၍ သိုလှောင် မှုနှင့် ပို့ဆောင်မှုတို့တွင် အအေးပေးစက် များ အသုံးပြုနိုင်ပါက ယင်းသို့သော ဆုံး ရှုံးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် အလဟဿ ဆုံးရှုံးသွားသည့် သီးနှံများမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို လည်း ကန့်သတ်နိုင်မည်ဖြစ်၏။ WHO ၏ အဆိုအရ၊ ကမ္ဘာပေါ်တွင် တစ်နှစ် လျှင် လူသန်း ၆၀၀ ခန့်သည် မသန့်မပြန့် သော အစားအစာများကို စားမိ၍ နေထိုင် မကောင်းဖြစ်ကြရပြီး လူ ၄၀၀,၀၀၀ ခန့် သေဆုံးရကြောင်း ဆိုသည်။ ထို့ပြင် ရောဂါကာကွယ်ဆေးရည် လေးပုံတစ်ပုံ မှာ အအေးခန်းများတွင် စနစ်တကျထား ရှိခြင်းမရှိ၍ ပျက်စီးသွားခဲ့ရပြီး ကာကွယ် ဆေးထိုးပေးပါက ရောဂါပျောက်ကင်းနိုင် သည့် လူနာ ၁.၅ သန်းမှာ ကာကွယ် ဆေးမထိုးပေးနိုင်သဖြင့် နှစ်စဉ်သေဆုံး နေရကြောင်း WHO ထောက်ပြခဲ့ သည်။
အမေရိကန်ဒဿနပညာရှင်ံHomer Simpson က အရက်နှင့်လေအေး ပေးစနစ်များသည် လူ့ဘ၀၏ များစွာ သော ပြဿနာများကိုဖြစ်စေသော အ ကြောင်းခံတရားများလည်းဖြစ်ပြီး ပြဿနာ များကို ဖြေရှင်းရန်အတွက် အခြေခံ အကြောင်းတရားများလည်း ဖြစ်သည်ဟု ဆိုခဲ့သည်။ လေအေးပေးစက်များသည် နည်းလမ်းနှစ်သွယ်ဖြင့် ဖန်လုံအိမ်ဓာတ် ငွေ့များကို ထုတ်လွှတ်သည်။
ပထမအနေဖြင့် လေအေးပေး စက်များသည် လျှပ်စစ်ဓာတ်အားထုတ် လုပ်သော ဓာတ်အားပေးစက်ရုံများကို မောင်းနှင်ရာတွင် CO2 ထုတ်လွှတ်ရာ၌ တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်။ ယနေ့ တွင် ကမ်္ဘာတစ်ဝန်း လေအေးပေးစနစ် များအားလုံး လည်ပတ်ရန် တစ်နှစ်လုံး အတွက် လျှပ်စစ်ဓာတ်အား RWhs (terawatt hours) ၂၀၀၀ အသုံးပြုနေရ ကြောင်း IEA က ဆိုသည်။ ဤသို့အသုံး ပြုမှုက CO2 တန်ချိန်လေးဘီလီယံထုတ် လုပ်သည်။ ယင်းမှာ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိသည်။ အကယ်၍ လေအေးပေးစက်များ၏ စွမ်းရည်မြင့်မြင့်မားမား တိုးတက်လာခြင်းမရှိပါက ၂၀၅၀ ပြည့် နှစ်ရောက်လျှင် TWhs 6000 အထိ အသုံး ပြုလာရဖွယ်ရှိသည်ဟု IEAက ခန့်မှန်း ထားသည်။
ဆော်ဒီအာရေဗျမြို့တော် Riy-adh ၏ ပူအိုက်သောနေ့များတွင် အပူ ချိန်အမြင့်ဆုံးအချိန်များ၌ လေအေးပေး စက်များအတွက် လျှပ်စစ်ဓာတ်အား လို အပ်ချက်မှာ ၇၀ ရာခိုင်နှုန်းထိ မြင့်တက် တတ်သည်။ နိုင်ငံများတွင် အပူချိန်အမြင့် ဆုံးအချိန်များသည် အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် အမြင့်ဆုံးလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဓာတ်အား ပေးစက်ရုံများကို လုံလုံလောက်လောက် တည်ဆောက်ကြရန် လိုအပ်သောကြောင့် ဖြစ်၏။ သို့သော် အချိန်အတော်များများ တွင် လျှပ်စစ်ဓာတ်အားကို အပြည့်အ၀ အသုံးပြုကြခြင်းမရှိပေ။ ထို့ကြောင့် ဓာတ် အားပေးကုမ်္ပဏီများအနေဖြင့် စက်ရုံကို အပြည့်အ၀အသုံးပြုနိုင်ရန် ရည်ရွယ် တည်ဆောက်ထားကြသော်လည်း အကုန်အကျသက်သာသော နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကြသည်။ ဆိုလိုသည်မှာ ဓာတ်အားထုတ်လုပ်ရာ ၌ ကျောက်မီးသွေးနှင့် ဒီဇယ်ဆီကို အသုံး ပြုကြသည်။ ဤသို့ဖြင့် လေအေးပေးစက်များအတွက် ၀ယ်လိုအားမြင့်မားလာလေ ဓာတ်အားပေးစက်ရုံများ ပိုမိုတည်ဆောက် ရလေဖြစ်ပြီး လေထုညစ်ညမ်းမှုကလည်း တိုးတက်လာလေဖြစ်သည်။
ဒုတိယအချက်မှာ လေအေး ပေးစက်များတွင် F-gases ခေါ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန်ဓာတ်ငွေ့များ (hydrofluorocarbons-HFCs) ကို လေအေးစေသည့် ဓာတ်ငွေ့များအဖြစ် အသုံး ပြုရခြင်းဖြစ်သည်။ လေအေးပေးစက်များ ပျက်၍ ယင်းဓာတ်ငွေ့များ ယိုစိမ့်မှုဖြစ် ပါက ပတ်ဝန်းကျင်ကို အကြီးအကျယ် ဒုက်္ခပေးနိုင်သည်။ HFCs သည် CO2 ကဲ့သို့ အဆပေါင်း ၁၀၀၀ နှင့် ၉၀၀၀ အကြား အပူရှိန်ကို ဖမ်းယူနိုင်သည်။ ဤသည်မှာ ကမ္ဘာကြီးကို ပူနွေးစေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ လေအေးပေးစက်များကို ယခု ထက်ပို၍ ကောင်းမွန်စွာ ပြုလုပ်နိုင်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချနိုင် မည် ဖြစ်ပါ၏။
HFCs ဓာတ်ငွေ့များ အသုံးပြု ခြင်းကို တစ်စတစ်စ ရပ်ဆိုင်းပစ်ရန် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုတစ် ရပ်ရှိပါသည်။ ရ၀မ်ဒါနိုင်ငံ (Rwanda) မြို့တော် ကီဂါလီ၌ ကျင်းပခဲ့သော ကွန် ဖရင့်ကို အကြောင်းပြု၍ Kigali amenctr-ment ဟု ခေါ်သည်။ လေအေးပေးစက် များ၏ သက်တမ်းမှာ ၁၀ နှစ်ကျော်ရှိ သည့်အပြင် အပူပိုင်းဒေသနိုင်ငံများ၏ သဘောတူညီမှုရရှိရန် စောင့်ဆိုင်းသည့် အနေဖြင့် ကီဂါလီသဘောတူညီမှုသည် ၂၀၃၈ ခုနှစ်ရောက်တော့မှ သက်ရောက် မှုရှိမည်ဖြစ်သည်။
သို့သော် ကမ္ဘာဂြိုဟ်သည် တစ် နှစ်ထက်တစ်နှစ် ပို၍ပူနွေးလာနေ၏။ လေအေးပေးစက်များ ၀ယ်လိုအားမြင့် မားလာသည်နှင့်အမျှ ရောင်းလိုအားကလည်း မြင့်တက်လာမည်ဖြစ်သည်။ ပြဿနာမှာ လေအေးပေးစက်များ အသုံးပြုမှု များပြားလာသလောက် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု တိုးတက်လာမည်ဖြစ်၏။ သို့ဖြစ်၍ ပိုမိုကောင်းမွန် သော HFCs အဆိပ်ဓာတ်ငွေ့များ အသုံးမပြုသော လေအေးပေးစက်များ ထုတ်လုပ်ကြရန် အရေးတကြီးလိုအပ်လာပေ သည်။
အဘယ်ကြောင့်ဆိုသော် လေအေးပေးစက်များမှာ လူအများကို ပိုမို ကျန်းမာစေသည်။ လူငယ်များ၏ ညဏ် ရည်ကိုမြင့်မားစေသည်။ ထို့ပြင် နိုင်ငံများ ၏ ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင် သောကြောင့် ဖြစ်ပါ၏။ ၊
Ref: In praise of air conditioning The Economist, Aug 25,2018
မင်းရွှေမောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com