အမေရိကန်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် စုန်းတစ်ဦး၏ နေအိမ် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် စုန်းတစ်ဦး၏ နေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
16 Nov 2018 11:11 am တွင် တင်ခဲ့သည်
2526 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု ၊ မက်ဆာချူးဆက်ပြည်နယ် အရှေ့မြောက်ပိုင်း အက်ဆက်စ်ခရိုင်၊ ပီးဘာဒီမြို့ကလေးတွင် တစ်ချိန်က စုန်းတစ်ဦး ပိုင်ဆိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

မူလ ပိုင်ရှင်ဖြစ်သူ ဂျွန် ပရော့ခ်တာအမည်ရှိ အမျိုးသားသည် ဆပ်ဖော့ခ်ဒေသတွင် မွေးဖွားသူဖြစ်ပြီး စုန်းတစ်ဦးဖြစ်သည်ဟု စွဲချက်တင်ကာ ကြိုးပေးကွပ်မျက်ခံခဲ့ရသူလည်း ဖြစ်သည်။

၁၆၃၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၃၉၁၀ ကျယ်ဝန်းသည့် အဆိုပါနေအိမ်ကြီးကို ပေါင် ၄၅၉၀၀၀ (ကန်ဒေါ်လာ ၆၀၀၀၀၀) ဈေးခေါ်ထားသည်။ ဂျွန်သည် မက်ဆာချူးဆက်တွင် မြေပိုင်ရှင်တစ်ဦးဖြစ်၏။

အလုပ်သမားတစ်ဦးကို “မိစ္ဆာကျမ်းစာ”အား အတင်းအကြပ်ထိတွေ့ကိုင်တွယ်စေခဲ့ခြင်းကြောင့် စုန်းဟု သမုတ်ခံရကာ ၁၆၉၂ ခုနှစ်တွင် ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။

သူ၏ ဘဝဇာတ်ကြောင်းကို အာသာမေလာက The Crucible ဟူသည့် ပြဇာတ်ဖြင့်လည်းကောင်း၊ ရုပ်ရှင်ဒါရိုက်တာ နီကိုလပ်စ် ဟစ်တ်နာက ၁၉၉၆ ခုနှစ်တွင် The Crucible ဟူသည့်အမည်ဖြင့်ပင် ရုပ်ရှင်ရိုက်ကူး၍လည်းကောင်း ပုံဖော်ခဲ့ကြသည်။

နေအိမ်တွင် အိပ်ခန်း ၆ ခန်းပါဝင်ပြီး J. Barrett and Co., မှ အိမ်ခြံမြေအကျိုးဆောင် ဂျိုး စီပိုလက်တာက အရောင်းဈေးကွက်တင်သွင်း ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဂျွန်ပရော့ခ်တာ၏ နေအိမ်ကို မိသားစုတစ်ခုက ဆယ်စုနှစ် ၃ ခုခန့် ပိုင်ဆိုင်ခဲ့ပြီး ပိုင်ရှင်မှာ ပြီးခဲ့သော အောက်တိုဘာလ ၈ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ်ရှိပြီဖြစ်သည်။

အကယ်၍ သင်သည် ခြောက်ခြားဖွယ်သမိုင်းကြောင်းရှိသည့် နေအိမ်မျိုးကို နှစ်သက်သဘောကျသူဆိုပါက ဤအိမ်မှာ သင်ရွေးချယ်ရမည့်အိမ်ပင် ဖြစ်လေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခ

Expo Singapore
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service