ရန်ကုန်မိုးပျံအမြန်လမ်း ဆန်ခါတင်အရည်အသွေးမီသော လျှောက်လွှာ (၁၂) စောင်ရှိ

ရန်ကုန်မိုးပျံအမြန်လမ်း ဆန်ခါတင်အရည်အသွေးမီသော လျှောက်လွှာ (၁၂) စောင်ရှိ - Property News in Myanmar from iMyanmarHouse.com
16 Nov 2018 10:25 am တွင် တင်ခဲ့သည်
13144 ကြိမ် ကြည့်ရှု့ပြီး

နာမည်ကြီးနိုင်ငံတကာကုမ္ပဏီများ ပါဝင်လျှောက်ထား

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း(YEX) အပိုင်း(၁)အတွက်စိတ်ဝင်စားရင်းနှီးမြှုပ်နှံလိုသောကုမ္ပဏီများထဲမှ ဆန်ခါတင် အရည်အသွေးမီ လျှောက်လွှာ ၁၂ စောင်ရှိပြီး ကုမ္ပဏီက စုပေါင်း၍ လုပ်ငန်းစုအဖြစ် အများဆုံးတင်သွင်းကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစီမံကိန်းကို တည် ဆောက်ရန် ပြည်တွင်းကုမ္ပဏီများ အပါအဝင် ၁၂ နိုင်ငံမှ ကုမ္ပဏီ ၅၃ ခုက ပြီးခဲ့သည့်ဇွန်လ၌ စိတ်ဝင်စားကြောင်း တင်ပြပြီး ထိုကုမ္ပဏီများအနက် တည်ဆောက်လို သည့်ကုမ္ပဏီများကို ကြိုတင်အရည်အချင်းစစ်နိုင်ရန် ဆန်ခါတင် အရည်အသွေးပြည့်မီမှု (RFQ) တင်ပြရန် ဆောက်လုပ်ရေးဝန် ကြီးဌာနက စက်တင်ဘာလဆန်း တွင် ဖိတ်ခေါ်ခဲ့သည်။

‘‘အခုတင်သွင်းတာ ကုမ္ပဏီ ဆိုတာထက် လုပ်ငန်းစုတွေဖြစ်တယ်။ ဒီဘက်က လိုချင်တဲ့ဟာ ကို ဖြည့်တင်းဖို့ ကုမ္ပဏီတွေက အချင်းချင်းစုပေါင်းပြီး လုပ်ငန်းစုအနေနဲ့ တင်ပြကြတာများတယ်။ စိတ်ဝင်စားမှု အရမ်းများတယ်’’ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

မိုးပျံအမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့တို့ပူးပေါင်းပြီး Public Private Partnership(PPP)အစီအစဉ် ဖြင့် အကောင်အထည်ဖော်ရန်ဖြစ် သည်။ ထိုသို့အကောင်အထည် ဖော်ရန်ဆောက်လုပ်ရေးဝန်ကြီး ဌာနက IFC ကို အကြံပေးအဖွဲ့ငှား ထားသည်။ IFC က တင်ဒါရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့်အ ပိုင်းဆောင်ရွက်မည်ဟု ဦးကြည်ဇော်မြင့်က ပြောသည်။

ယခုအဆိုပြုလွှာတင်သွင်း သည့် ကုမ္ပဏီများတွင် နိုင်ငံတ ကာမှ နာမည်ကျော်ဆောက်လုပ် ရေးကုမ္ပဏီများပါဝင်ကာ ပြင်သစ်VINCI Highways ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီခုနစ်ခု စုပေါင်းထားသည့် ကိုရီးယားလုပ်ငန်းစုက တစ်ခု၊ တရုတ် CCCC ကုမ္ပဏီ၊ ဂျပန် JFEE နှင့် Marubeni တို့ ပူးပေါင်းထားသည့် လုပ်ငန်းစု၊ ထိုင်း Bangkok Expressway၊ ဂျပန် Sumitomo နှင့် IHI၊ မြန်မာ ရွှေတောင်ကုမ္ပဏီတို့ပူးပေါင်း သည့် လုပ်ငန်းစု၊ တရုတ် CRIG_ CDL လုပ်ငန်းစု၊ တရုတ် Shang-hai Pengxin နှင့် ပြည်တွင်းမှ လိုင်စင်ရကန်ထရိုက်တာ အသင်းပေါင်းထားသည့် လုပ်ငန်းစု၊ ဖိလစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း၊ တရုတ် CGGC နှင့် GGG လုပ်ငန်းစု၊ အီတာလျံ-ထိုင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ ပေါင်းထားသည့် လုပ်ငန်းစု၊ တရုတ်-မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစု၊ တရုတ် Power Construction ကော်ပိုရေးရှင်းတို့ဖြစ်သည်။

ထိုသို့ ဆန်ခါတင်အရည်အ သွေးပြည့်မီမှုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများသာ စီမံ ကိန်းအဆိုပြုတင်သွင်းခွင့်ရှိမည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန က ကြေညာထားသည်။ ယခု လျှောက်လွှာတင်သည့် ကုမ္ပဏီ များအနက် အရည်အချင်းပြည့်မီ သူများကို ဒီဇင်ဘာလကုန်တွင် စီမံကိန်းအဆိုပြုလွှာဖိတ်ခေါ်ပြီး မေလ၌ ပြန်လည်တင်ပြရမည် ဖြစ်သည်။ ၂၀၁၉ ဇွန်လတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာမည်ဖြစ်သည်။

၄၇ ကီလိုမီတာကျော် (မိုင် ၃၀)ခန့်ရှိသော မိုးပျံအမြန်လမ်းမကြီးကို ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းများသို့ လွယ်ကူစွာ ချိတ်ဆက်သွားလာနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

Creedit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး...

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန...

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖြစ် စတင်သတ်မှတ်ကျင့်သုံးရန် စီစဉ်...

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထုတ်ဖော်ပြောပြလာ...

မလေးရှားတွင် မိမိ၏ အိမ်နံပါတ်၊ ကားနံပါတ်တို့ဖြင့် နှစ်ပေါင်းများစွာ ထီထိုးကံစမ်းခဲ့သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး ရင်းဂစ် ၉ ဒသမ ၉၈ သန်း ထီဆုကြီးကံထူး...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service