ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အိန္ဒိယနိုင်ငံတွင် စမတ်မြို့တော်ကြီးပေါင်း ၃၀၀၀ ဝန်းကျင် အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိရာ ပြီးစီးမှုအဆင့် အမျိုးမျိုး ရှိနေသည်။
ယင်းအနက် မြို့တော် ၇၉ ခုမှာမူ ယခုအခါ အပြီးသတ်ပြီးစီးသွားပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ရူပီးငွေ ၈၄၁ ကရိုရီ ( ၈ ဒသမ ၄၁ ဘီလီယံ) တန်ကြေးရှိကြောင်း အိန္ဒိယအစိုးရ၊ အိုးအိမ်နှင့် မြို့ပြရေးရာ ဝန်ကြီးဌာနမှ စီးပွားရေးအကြံပေးပုဂ္ဂိုလ် အေနုပန် မစ်ရှရာက ပြောကြားလိုက်ခြင်း ဖြစ်သည်။
အိုးအိမ်နှင့် မြို့ပြရေးရာ ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ စမတ်မြို့သစ်ကြီးများနှင့် စပ်လျဉ်း၍ လူနေထိုင်နိုင်မှု အဆင့်ညွှန်းကိန်း ကိုလည်း ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စီးပွားရေးအကြံပေးပုဂ္ဂိုလ်က အဆိုပါပြောစကားကို “အိန္ဒိယရှိ စမတ်မြို့တော်ကြီးများ-အလှမ်းဝေးသည့်ခရီး”အမည်ရှိ ကွန်ဖရင့် တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယအစိုးရသည် စမတ်မြို့တော်စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ပြီး မြို့ကြီးပေါင်း ၉၀ ကို စမတ်မြို့တော်ကြီးများ အဖြစ် တည်ဆောက်ရန် လျာထားခဲ့သည်။
ယခုနှစ်ဇွန်လအတွင်းတွင်မူ စမတ်မြို့တော်များအဖြစ် အကောင်အထည်ဖော်နေသည့် မြို့ကြီးပေါင်း ၃၀ စာရင်းကို ဗဟိုအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
စမတ်မြို့တော်ကြီးပေါင်း ၉၀အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ရူပီးငွေ ၁၉၁၁ ဘီလီယံအထိ ရှိသည်။
ရေအရင်းအမြစ်၊ မြစ်များဖွံ့ဖြိုးရေးနှင့် ဂင်္ဂါမြစ်ပြန်လည်နုပျိုစေရေးဝန်ကြီးဌာန စီမံကိန်းဒါရိုက်တာ အမ်-အေရစ်ဇ် အာဟမ်မက်က ပြောကြားရာတွင် ရေအရင်းအမြစ်ဝန်ကြီးဌာနနှင့် အိန္ဒိယစံနှုန်းများဗျူရိုတို့လက်တွဲကာ စမတ်မြို့တော်များအတွက် ရေအရည်အသွေး ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)