ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
Grand MyaKanThar ကွန်ဒိုကို အရည်အသွေး ဦးစားပေးသည့် တကောင်ဘွားကုမ္ပဏီမှ အမှတ် (၂၃) ၊ မြကန်သာလမ်း ၊ လှိုင်မြို့နယ် (ISM ကျောင်းအနီး) တွင် တည်ဆောက်ထားပြီး ရေကူးကန် ၊ အားကစားခန်းမ ၊ ကားပါကင် ၊ ဓာတ်လှေကား ၊ စားသောက်ဆိုင် စသဖြင့် ကွန်ဒို facilities များ ထည့်သွင်းပေးထားသည်။
ရန်ကုန်မြို့ ၏ အဓိကလမ်းမကြီးများဖြစ်သည့် ဘုရင့်နောင်လမ်းမကြီး ၊ ဗဟိုလမ်းမကြီး ၊ အင်းစိန်လမ်းမကြီး တို့မှ လွယ်ကူလျင်မြန်စွာ ဝင်ထွက်သွားလာနိုင်သည့် နေရာတွင် တည်ရှိပြီး စုပေါင်းမြေပိုင်ဆိုင်မှု ဥပဒေအရ ရာသက်ပန် အခန်းပိုင်ဆိုင်ခွင့်ရှိသည့်အတွက် ပိုင်ဆိုင်မှုခိုင်မာသည့် ကွန်ဒိုဖြစ်သည်။
“ ဒီ Grand Mya Kan Thar ကွန်ဒိုဟာ 100% ဆောက်လုပ်ပြီးနေပြီဖြစ်လို့ မကြာမီ အခန်းတွေ အပ်နှံပေးတော့မှာပါ။ ပေးရတဲ့တန်ဖိုးထက် ပိုသာတဲ့ quality ကို အပြည့်အဝရရှိဖို့ အာမခံပါတယ်။ ISM ( International School ) နဲ့လည်း နီးပြီးတော့ AYA Bank နှင့်လည်း ချိတ်ဆက်ပြီးတော့ (၁၅) နှစ် အထိ အရစ်ကျဝယ်ယူနိုင်ပါတယ်။ ဒီအချက်တွေကြောင့် Grand MyaKanThar ကွန်ဒိုကို ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။
အရောင်းပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းအဖြစ် သိန်း ၇၀၀ အထိ သက်သာခွင့်များဖြင့် ရောင်းချခဲ့ရာ ဝယ်သူများ၏ အားပေးမှုများစွာရရှိခဲ့ကြောင်း သိရှိရသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်