ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည့် စကားလုံးကို အလွယ်ကူဆုံး စကားလုံးအဖြစ် သုံး ရပါလျှင် အိမ်ရှင်၊ အိမ်ငှားစာချုပ်ကဲ့သို့ အိမ်ရှင်ပြည်သူ နှင့် အိမ်ငှားဖြစ်သူ အစိုးရတို့ နှစ်ဖက် သဘောတူကာလ ကန့်သတ်ချက် တစ်ခုအတွက် ချုပ်ဆို သည့် နှစ်ဦးလုံးက လိုက်နာရမည့်စာချုပ် ဖြစ်သည်။
အိမ်ငှားဆိုသူ အစိုးရမှာ ကာလကန့်သတ်ချက်တစ်ခု အတွင်း၌ နေထိုင် သူ ဖြစ်၏။ အိမ်ရှင်ဆိုသူ ပြည်သူကမူ သူ့မျိုးစဉ်မျိုးဆက်တို့ အိမ်ကို ပိုင်ဆိုင် သူ ဖြစ်၏။ အိမ်ရှင်၊ အိမ်ငှားစာချုပ်၌ အိမ်ရှင်က စာချုပ် ရေးသည်။ အိမ်ငှားက အချို့အချက် မေးမြန်း၊ အချို့ အချက် ပြင်ဆင်၍ သဘောတူကြ၏။
ယခု ဖွဲ့စည်းပုံဖြစ်သော အိမ်ရှင်၊ အိမ်ငှားစာချုပ်ကမူ စကတည်းက ပြောင်ြး ပန် ဖြစ်နေ၍ စကားအခြေအတင် ပြောရခြင်းသာ ဖြစ် ပါ၏။ အိမ်ငှားက သူ ကိုယ်တိုင်ရေး၊ သူကိုယ်တိုင် အပြီးလက်မှတ်ထိုးပြီး အိမ်ရှင်ကို အတင်းလက် မှတ် ထိုးခိုင်းခြင်း ဖြစ်ရပ်၏ အကျိုး ဆက်ကို တွေ့ နေရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အိမ်ငှားလည်း အိမ်ပေါ်ရောက်နေပေပြီ။ ကာလကန့် သတ်ချက်တစ်ခုကိုတော့ စောင့်ရတော့မည်။
ဥပဒေ၊ တရားမျှတမှု စကားပြော၍ မရတော့။ ပြည်သူက လက်မှတ်ထိုးပြီးေ နပြီ။ စာချုပ်သက်တမ်း အကုန်၌ ပြင်ဆင်ရန် ကြိုးစားခြင်းသည်သာ အဆင်ြေ ပတော့မည်။ သည်းခံရုံမှတစ်ပါး အခြားမရှိပြီ။
သဘောတူစာချုပ်တစ်ခု တရားဝင်မှု၊ မျှတမှု၊ ရှိ၊မရှိကို ကာလတစ်ခုအ တွင်း စောင့်ကြည့်လျှင်ပင် သိလာပါလိမ့်မည်။
ယခုပင် တစ်ဖက်စောင်းနင်း ဖြစ်မှုကို အိမ်ငှားဘက်မှ လူများကပင် ပြော လာပေပြီ။ သူတို့စကားသံများ မကြာမီ ပိုပြင်းထန်လာပါလိမ့်မည်။ လက်တွေ့ ၌ သူတို့လက်နှင့် သူတို့ ထိုစာချုပ်ကို ပြင်ကြပါမည်က အသေအချာ ...။
တစ်ချိန် နှစ်ကာလတစ်ခု၌ သဘောတူထားမှု တစ်ခုသည် နောက်မကြာေ သာ ကာလ၌ အဆိုပါ သဘောတူထားမှုကို ဖျက်ပစ်ရန် မလိုဘဲ အလိုအေ လျာက် သဘာဝမကျ၍ ပျက်သွားတတ်ပါ၏။ ရွှေပြည်အေးဝါဒ မဟုတ်ပါ။ သ ဘာဝ၏ စေ့စော်မှုကို ယနေ့ ခေတ် ၌ မြန်ဆန်ခြင်း လက်တွေ့ ဖြင့် ပြ၍ ဖြစ် ပါ၏။
ဥပမာဆိုရသော် ဖက်ဒရယ်ဆိုသော စကားလုံးကိုပင် ကြည့်လျှင် သိပါမည်။ ယခင်က ထိုစကားလုံးသည် ဆဲရေးတိုင်းထွာသည့် စကားလုံးပမာ သဘော ထား ခဲ့ကြသည်။ ယခု ဖက်ဒရယ်ကို ကလေးမှ သက်ကြားရွယ်အိုအထိြေ ပာနေကြပြီ။ ထိုသို့သော စကား လုံးသည်ပင် ပြောင်းလဲသည်။
နှစ် ၆ဝ နီးပါး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နေခဲ့ကြရပြီ၊ စောင့်ခဲ့ကြရပြီးပြီ။ အသက်ပေးခဲ့သူ၊ သွေးနှင့်ရင်းခဲ့ရသူ၊ မျိုးရိုး ပြတ်ခဲ့ကြ သူများဖြင့် ဘဝကြမ်းေ လျှာက်ခဲ့ရပြီးမှ ယခု နှစ်နှစ်၊ သုံး နှစ်မျှ စောင့်ကြည့်ရန် ခက်ခဲနေကြ ပြီလား။
သည်းခံခြင်းစကားသည် ရန်သူအားပေးသည့်စကား မဟုတ်ပါ။ နောက် ဆုံးတောက်သည့် မီးတောက်သည် အားကုန်သုံးခြင်းဖြင့် ရုတ်ခြည်း ဝပ်ဆင်း သွားသည် မဟုတ်ပါလား။ တင်းမာသူများ သည် တင်းရလွန်း၍ အားကုန်နေပေပြီ။
သူတို့ ပိတ်ထားသော တံခါးသူတို့ပင် ဖွင့်ပေးပေလိမ့်မည်။
သူတို့ ဖွင့်ပေးသည်ကို စောင့်နေခြင်း၊ မျှော်နေခြင်း မဟုတ် ပါ။ ဓမ္မသည် ထိုသို့ သဘာဝကလည်း ရှိ၍ ဖြစ်ပါ၏။
Credit: Property Journal