သေတမ်းစာအတည်ပြုမည့်သူက အမွေခွဲဝေမပေးသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်

သေတမ်းစာအတည်ပြုမည့်သူက အမွေခွဲဝေမပေးသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2018 12:31 pm တွင် တင်ခဲ့သည်
3895 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

''သေတမ်းစာ၊ အတည်ပြုပေးရမယ့်သူက အမွေခွဲဝေမပေးဘူးဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ''ဟု မိတ်ဆွေဦးအောင်မြင့်က ဆွေးနွေးလာခြင်းဖြစ်သည်။

''ဦးအောင်မြင့်က ထူးထူးခြားခြား မေးခွန်းတွေမေးတတ်တော့ အခုလည်း ကိစ္စတစ်ခုပေါ်လာပြန်ပြီထင်တယ်''

''ဒီလိုဆရာ၊ အခုဝယ်မယ်စိတ်ကူးထားတဲ့ မြေနဲ့အိမ်က သေတမ်းစာနဲ့ပေးထားတဲ့ အဆောက်အအုံဖြစ်တယ်''

''သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားခံရသူက ကွယ်လွန်သူနဲ့ ဘယ်လိုဆက်စပ်သလဲ၊ ဆွေ မျိုးမတော်ဘူးလား''

''ကွယ်လွန်သူအမျိုးသမီးရဲ့ လင်ယောက်ျားပဲ ဆရာ''

''အမွေခွဲမပေးချင်လို့ တမင်လုပ်နေတဲ့သဘော ဖြစ်နေတာပေါ့''

''ဟုတ်တယ်ဆရာ။ အမွေရသူကလည်း အမွေရရင် ရောင်းဖို့ပြော ထားတာ''

''အိမ်နဲ့မြေက ဘယ်မှာရှိတာလဲ။ ဂရန်မြေကွက်လား ဘယ်သူ့ အမည်ပေါက်ဖြစ်နေလို့လဲ''

''ဘိုးဘွားပိုင်မြေ ဆရာ။ အမည် ပေါက်ကတော့ ကွယ်လွန်သွားတဲ့ အမျိုးသမီးအမည်ပေါက်ဖြစ်တယ်။ သူ့မိဘတွေ အစဉ်အဆက်နေလာ တာပေါ့ ဆရာ။ ဒါပေမယ့် သူက ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ အကျယ်ကတော့ ပေ ၆ဝ ပတ်လည် လောက်ရှိမယ်။ ခက်တာက သူ့ခင်ပွန်းက အခြားဘာသာဝင်ဖြစ်နေတယ်''

''ဟုတ်ပြီ။ ဇာတ်လမ်းကစလာပြီပေါ့။ သားသမီးမထွန်းကားဘူးလား''

''သားသမီးမရှိဘူး။ အမျိုးသမီးကြီးက ပြုစုဖို့ဆိုပြီးနယ်က ညီမဝမ်းကွဲတစ်ဦးရဲ့သမီးကို ခေါ်ထားတယ်။ တူမဖြစ်သူ အိမ်ထောင်ကျတဲ့အထိ အတူနေတယ်''

''နောက်ပိုင်းအိမ်နဲ့မြေကို တူမဖြစ်သူအား သေတမ်းစာနဲ့ ပေးခဲ့တယ်ပေါ့''

''တစ်ခြံလုံး မဟုတ်ဘူး ဆရာ''

''မြေတစ်ဝက်အပေါ်တူမဖြစ်သူကို အိမ်ဆောက်နေထိုင်ခွင့်ပြုခဲ့တယ်''

''မြေကွက်က တရားဝင်ခွဲစိတ်ပြီးပြီလား''

''အတိအကျတော့ မခွဲရသေးဘူး။ ဒါပေမယ့် ခြံတော့ သီးခြားခတ်ထားတယ်''

''ထားပါတော့။ အဲဒီမြေကွက်ကို အဒေါ်ဖြစ်သူက သေတမ်းစာရေးပေး ခဲ့တယ်ပေါ့။ သေတမ်းစာ အတည်ပြုသူအဖြစ် ခင်ပွန်းသည်ကို ခန့်ထားခဲ့တယ်။ ဒီလိုမဟုတ်လား''

''သေတမ်းစာရသူက သေတမ်းစာကို အတည်ပြုဖို့ တရားရုံးမှာ လျှောက်ပေးပါလို့ မတောင်းဆိုဘူး လား''

''တောင်းဆိုတာပေါ့ ဆရာရယ်။ ဒါပေမယ့် လျှောက်မပေးတာ ဆရာ''

''အခု ဘယ်လောက်ကြာပြီလဲ။ တစ်နှစ်ခန့်ရှိတော့မယ်။ အဲဒါသူတို့ကလည်း ရောင်းပြီးတခြားနေရာ ပြောင်းနေချင်နေပြီ။ ဒီလူကြီးနဲ့ နီးနီးကပ်ကပ်မနေချင်ဘူးပေါ့။ ခက်တာက နောက်မိန်းမယူလိုက်တော့ ပိုပြီး အဆင်မပြေဖြစ်သွားတာတယ်''

''နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတော့ အခွင့်အရေးက ပိုဝေးသွားနိုင်တာပေါ့။ ဒါနဲ့ သေတမ်းစာမူရင်းက အဲဒီယောက်ျားဆီမှာပဲရှိသလား။ ဘဏ်မှာဖြစ်ဖြစ်၊ စာချုပ်စာတမ်းရုံးမှာဖြစ်ဖြစ် သိမ်းဆည်းတာမရှိဘူးလား''

''သေတမ်းစာမူရင်းက သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားတာဖြစ်လို့သူပဲ ယူထားမယ်ဆိုပြီး သူဆီမှာပဲရှိတယ်ပြောတယ်''

အင်းပေါ့လေ။ အဒေါ်ဖြစ်သူကလည်း မကွယ်လွန်မီကဆိုတော့ သူတို့ပဲ သိမ်းထားကြမှာပေါ့''

''ကံကောင်းတာက မိတ္တူတော့ တူမဆီမှာရှိတယ်ပြောတယ်''

''စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားခဲ့တယ်ဆိုတော့ တာဝန်ခံ မိတ္တူကူးလို့ ရချင်လည်းရမှာပါ''

''အခုဘာဆက်လုပ်ရမလဲဆို တာ သူငယ်ချင်းဆီအကြံဥာဏ်လာတောင်းတာ''

''သေတမ်းစာအရပေးထားတဲ့ မြေကွက်နဲ့အိမ်ကို သူငယ်ချင်းက ဝယ်ဖို့ စိတ်ကူးထားတာလား''

''ကိုယ်တိုင်တော့ မဟုတ်ဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ ကိုယ့်ရဲ့တူတော်သူဆရာဝန်က ဝယ် မှာ၊ ကိုယ်တိုင်က အိမ် ခြံ မြေ အရောင်းအဝယ်လုပ်နေတော့ ကိုယ့်မှာတာဝန်ဖြစ်နေတာ''

''ဦးအောင်မြင်က ရှာပေးတာလား။ ဆရာဝန် မိသားစုက ကြည်ရှု ပြီး ဝယ်မယ်လို့ ဆုံးဖြတ်တာလား''

''ရောင်းမယ့်သူက သူတို့နဲ့ မိတ်ဆွေတွေလို့ပြောတယ်။ သူတို့က သဘောကျလို့ ဦးလေးကူညီပါဦးဆို ပြီး တောင်းဆိုတာပါ''

''ဒါနဲ့ပဲ ဦးအောင်မြင့်က ကျွန်တော့်ကို အပူလာကပ်တယ်ပေါ့''

''အမှုအခင်းဖြစ်ဖို့လာခဲ့ရင်လည်း ဆရာ့ကိုပဲ အမှုအပ်ဆောင် ရွက်ရမှာ''

''ဒါဆိုလည်း ဖြစ်နိုင်တဲ့ နည်းလမ်းတော့ အကြံပြုရမှာပေါ့ဗျာ''

''နည်းလမ်းရှိရင်ပြောပါဦး။ ဒါမှ တူဖြစ်သူကို ရှင်းပြလို့ရမှာ''

''တူမဖြစ်သူထံမှာ သေတမ်းစာ မိတ္တူရှိတာဖြစ်လို့ တရားရုံးမှာ သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်း စာလျှောက်ထားရပါမယ်။ အဲဒီ အမွေထိန်းစာရမှ ရောင်းချခွင့်ကို တရားရုံးမှာ ဆက်လက်လျှောက်ထားရယူပြီး တရားရုံးရဲ့ အမိန့်နဲ့ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်-ချုပ်ဆို ရောင်းချရမှာဖြစ်ပါတယ်''

''ဆရာပြောသလိုဆိုရင်တော့ အဆင်ပြေနိုင်တယ်ပေါ့။ ဒါပေမယ့် သေတမ်းစာမူရင်းက တစ်ဖက်လူဆီ မှာရှိနေတော့ တရားရင်ဆိုင်ရင် အဆင်ပြေပါ့မလား''

''ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တရားရုံးမှာ လျှောက်ထားကြရတာပဲလေ။ သေတမ်းစာအတည်ပြုလက်မှတ်ရယူ ရင်လည်း အဒေါ်ဖြစ်သူရဲ့ ခင်ပွန်းက လျှောက်ထားရမယ်လေ။ အဲဒါကို တရားရုံးထံလျှောက်ထားမပေးလို့ သေတမ်းစာရသူက သေတမ်းစာ ပူးတွဲပါရှိတဲ့ အမွေထိန်းစာထုတ်ပေးရန် တရားရုံးမှာ လျှောက်ထားတာပဲဖြစ် တယ်''

''သေတမ်းစာ မိတ္တူနဲ့ လျှောက်ထားနိုင်တယ်ပေါ့''

''သူငယ်ချင်းကို ရှင်းအောင်ပြောရရင်၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် (ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့)နှင့် ဦးကျော် (ကွယ်လွန်)၏ သားသမီးများ ဒေါ်မြဦးပါ (၃)၊ တရားမ စောဒကအမှု၊ ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၈ အမှုမှာ သေတမ်းစာအတည်ပြုသူဦးကျော်က သေတမ်းစာ အတည်ပြု လက်မှတ်လျှောက်ထားမပေး၍ မအေးအေးမြင့်မှ သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာကို သေတမ်းစာမိတ္တူဖြင့် လျှောက်ထားရာ ဦးကျော်က ကန့်ကွက်သည်။ မိတ္တူသည် သက်သေခံဥပဒေပုဒ်မ (၆၆) ခြွင်းချက်အရ ဦးကျော်ထံမူရင်းတင် ပြရန်အကြောင်းကြားစာပေးရန်မလိုဘဲ လက်ရှိဖြစ်သူက တင်ပြရ မည်ဖြစ်သည်။ ဦးကျော်မှပျက်ကွက်၍ မိတ္တူကို ဥပဒေနှင့်အညီ လက်ခံ၍ သေတမ်းစာပူးတွဲပါရှိသော အမွေထိန်းစာကို ထုတ်ပေးကြောင်း အမိန့်ချခဲ့တယ်''ဒါကြောင့် ယခုကိစ္စမှာ လည်းဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ကြောင်း အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service