လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်တဲ့အခါ နည်း ၈ အရ မြေတစ်ကွက်ကို တစ်ဦးထက်ပိုတဲ့သူတွေက အပြိုင်လျှောက်ထားလို့ ရတယ်။ ပုံစံ (၁) ၂ စောင် ဖြစ်ရင် ဖြစ်မယ်။ ၃ စောင်လည်း ဖြစ်နိုင်တယ်။ အပြိုင်လျှောက်ထားမှုတွေကို ကျေးရွာလယ်စီ က ဘာမှမလုပ်ရဘူး။ သတ်မှတ်ရက်အတွင်း မြို့နယ် ဆက်ပို့ဖို့ဘဲ လုပ်ဆောင်ရတယ်။ အပြိုင် မလျှောက်ရဘူးလို့ မတားရဘူး။ ဘယ်သူ့ကိုဘဲ လက်ခံမယ်လို့ မစစ်ရဘူး။ မဆုံးဖြတ်ရဘူး။ မြို့နယ်က စိစစ်ခိုင်းမှ စိစစ်ရမယ်။
စိစစ်တဲ့အခါလည်း အမှု စစ်တာ မဟုတ်ဘူး။ တင်ပြတဲ့ ကန့်ကွက်တဲ့ အချက်အလက် မှန် မမှန် စိစစ် တင်ပြဘို့။ ထို့အတူ မြို့နယ်ကလည်း ကျေးရွာက မှားခဲ့ရင်တောင် အယူခံတွေ ဖွင့်မစစ်ရဘူး။ စိစစ်ပြီး လယ်စီ သဘောထားမှတ်ချက်နဲ့ ခရိုင် ပို့ရမယ်။ ပုံစံ ၁ နဲ့ လျှောက်ထားမှုမှာ အာဏာပိုင်က ခရိုင်လယ်စီသာ ဖြစ်တယ်။ တိုင်းဒေသကြီး ပြည်နယ် လယ်စီက လုံး၀၀င်စွက်ဖက်ရန်၊ အမိန့်ပေးရန်၊ ဆုံးဖြတ်ရန်၊ ဥပဒေမှာ စာတစ်လုံး တပါဒမှ မပါဘူး။ လျှောက်ထားမှုအပေါ် ခရိုင်လယ်စိရဲ့ အတည်ပြုခြင်း ငြင်းပယ်ခြင်း ကိစ္စမှာ အယူခံ ရုံး မရှိဘူး။ ခရိုင်တစ်ဖွဲ့တည်းသာ ပုံစံ ၇ ပေးစေ၊ ငြင်းစေ ဆုံးဖြတ်ခွင့် ပေးထားတယ်။
ခရိုင်တစ်ဖွဲ့တည်းနဲ့ တစ်ခရိုင်လုံးက သောင်းချီ သိန်းချီရှိနေတဲ့ လျှောက်ထားမှုတွေကို အမှုတွဲရောက်ရှိသည်နှင့် အချိန်တိုအတွင်း (၁၅ရက်) ဆုံးဖြတ် အတည်ပြုရတာ ဆိုတဲ့အတွက် အမှုတွဲအားလုံးကို တရားမျှတစွာ စေ့စေ့ငှငှ ခြုံငုံသုံးသပ် ဆောင်ရွက်ပေးနိုင်ဘို့ ဘယ်လိုမှ အကြောင်းမ၇ှိဘူး။ အမှုသည်တွေသက်သေတွေကိုလည်း ခေါ်စစ်ပြီး ဆုံးဖြတ်ဘို့ အချိန် ရတာ မဟုတ်ဘူး။ အမှုတွဲကိုသာ ပုံစံ၎ ကြည့်ပြီး ဆုံးဖြတ်ပေးရခြင်း ဖြစ်တယ်။ ဒီလောက်များတဲ့ အမှုတွေကိုလည်း အမှုတွဲပါ အစီရင်ခံစာတောင် ဖတ်နေချိန် မရပါဘူး။ အစည်းအဝေးတင်လာတဲ့ ဇယားကြီးကို အတွင်းရေးမျူးက တင်၊ အားလုံး ၀ိုင်းခေါင်းညိတ်နဲ့ အမြန်ပီးအောင် တွယ်ထည့်ခဲ့ရတာချည်းဘဲ။ အတိမ်းအစောင်း အများကြီး ဖြစ်ကို ဖြစ်တယ်။ထို့ကြောင့် ပုံစံ ၇ ပေးပြီးတဲ့အခါ တောင်သူများ နစ်နာ ဆုံးရှု့းမှု မ၇ှိအောင်၊ ကသောကမျော စီမံခန့်ခွဲရေး နည်းလမ်းနဲ့ Title ပေးခဲ့၊ LUC ပေးခဲ့မှု မှာ အမှားအယွင်း ဖြစ်မှုများကို တရားလမ်းကြောင်းအရ ကုစားပေးဘို့ Civil Court Power ရတဲံ့ မြေယာတရားရုံး များမှ စစ်ဆေးနိုင်တဲ့ အမှုအဖြစ် မူလမှုခင်း တိုင်ကြား စစ်ဆေး၊ ဆုံးဖြတ်၊ ခွင့်ကို ပုဒ်မ ၂၂ နဲ့ပေးခဲ့တာ ဖြစ်တယ်။ မကျေနပ်လျှင် အယူခံ အဆင့်ဆင့်ဝင်၊ တိုင်းအဆင့် အပြီးအပြတ်ဆိုသော်လည်း စာချွန်တော် လျှောက် စသည်ဖြင့် လိုင်းဖွင့်ပေးခဲ့ပါတယ်။
ပုံစံ (၁) ကိစ္စအတွက် ဆောင်ရွက်ချိန်မှာ ကျန် အဖွဲ့အားလုံး လက်ရှောင်နေရပါတယ်။ ၀င်ရောက်ဆုံးဖြတ်ခွင့် မ၇ှိပါ။ ကျေးရွာလယ်စီ၊ မြို့နယ်လယ်စီ မှ ဘယ်သူရစေ၊ မရစေ၊ ဘယ်သူ လျှောက်တာ လက်ခံ၊ ဘယ်သူကို ငြင်းဆိုတာ ၀င်ရောက် ဆုံးဖြတ်ခွင့်  ဥပဒေက ပေးမထားပါဘူး။ တိုင်းအဆင့်ကလည်း အနေသာကြီးပါ။ သူ့ဆီက အမိန့်ရမှ ပုံစံ ၇ ပေးစေ ဆိုရင် ဥပဒေ အလွဲကျင့်သုံးမှုနဲ့ အဲဒီ တိုင်းအဖွဲ့ကို တရားစွဲလို့တောင် ရပါတယ်။ ပုဒ်မ ၄၀ မှာ ဆိုထားတယ် မဟုတ်လား ..ဤဥပဒေနှင့် အညီဖြစ်စေ ဆိုတာလေ.... အခု ဟာက ဥပဒေနဲ့မှ မညီတာကိုး။ ကိုယ်က ဥပဒေတစ်ရပ်ကို ကိုင်တွယ်လုပ်ဆောင်နေရလျှင် ဥပဒေနဲ့ အညီ တာဝန်ယူနိုင်ဘို့ ကြိုးစားမှ တန်ကာကျပါမယ်။
သို့သော် အဆင့်ဆင့်သောလယ်စီများသည် ဥပဒေလည်း မဖတ်၊ တတ်အောင်လည်း မကြိုးစား ထင်သလို လုပ်နေမှုများကြောင့် ၂၀၁၆ မှာ ဗဟို လယ်စီက ပုံစံ ၁ အပြိုင်လျှောက်လျှင် အမှုဖွင့် ဆုံးဖြတ်ရမှာ မဟုတ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်သွန်သင်ခဲ့ပါတယ်။ ဒါပေမဲ့ ခုထိ အမှားလုပ်နေတုံး၊ မှားနေတုံးပါဘဲ။ အဆင့်မြင့် ပုဂ္ဂိုလ်များတောင် ဒီလို မှားနေရင် အောက်ခြေအဖွဲ့တွေဆို ပိုပြီး ရွဲ ပြဲနေမှာ ဧကန်ပါဘဲ။
ကိုယ်ကိုင်တွယ်ဆောင်ရွက်ရတဲ့ ကိုယ်တာဝန်ခံရတဲ့ အလုပ် ကို ပေါ့ပေါ့တန်တန် သဘောထားမယ်ဆိုရင်တော့ ၂၀၁၇ မှာ လည်း အမှားတွေ ဆက်မှားနေဦးမှာဘဲ အခုလည်း ဟိုတစ်စ ဒီတစ်စ အစတွေ ထွက်လာနေပြီဆိုတာ တွေ့နေရပါတယ်။ အံသြစရာလို့ ပြောရမလား.. ပါဘဲ။
Credit : ကိုဇော် (နတ်မောက်)