စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ် ပုံစံ (၇) အပေါင်ထား၍ တရားမဝင် ငွေချေးလုပ်ငန်း လုပ် ကိုင်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့က သတိပေးကြေညာ သည်။
ထိုသို့ လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇) အပေါင်ထားပြီး တရားမဝင် ငွေချေးငှားခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၂၆ ရက်တွင် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လယ်ယာမြေ ပုံစံ (၇) အ ပေါင်ထားပြီး တရားမဝင် ငွေချေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း၊ ထိုသို့ လုပ်ကိုင်နေခြင်း သည် အသေးစားငွေရေးကြေး ရေး လုပ်ငန်းဥပဒေနှင့် ညီညွတ် ခြင်းမရှိသဖြင့် တရားဝင်လုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းမပြု ရန်နှင့်လိုက်နာခြင်းမရှိပါက ဥပ ဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်တိုင်းအစိုးရအဖွဲ့က ခရိုင်စီမံ ခန့်ခွဲမှု ကော်မတီများသို့ ပေးပို့သည့် အကြောင်းစာတွင် ဖော်ပြ ထားသည်။
‘‘ငွေထုတ်ချေးနေတဲ့ တရား မဝင် အဖွဲ့အစည်းတွေရှိနေ တယ်။ အဲဒါတွေက ဥပဒေနဲ့မညီ ဘူးလေ။ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်တို့၊ တရားဝင်လုပ်ကိုင် ခွင့်ပြုထားတဲ့ ငွေချေးလုပ်ငန်းမှာ လယ်ယာမြေ ပေါင်နှံတာက ပြဿနာမရှိဘူး။ လိုင်စင်မရှိ ဘာမရှိနဲ့ ငွေချေးလုပ်ငန်းတွေက တော့ တရားမဝင်တဲ့အတွက် နိုင်ငံတော်အတွက် အခွန်လည်းမဝင်ဘူး၊ တရားဝင်မှတ်ပုံတင်ထားတာလည်း မရှိဘူးဆိုတော့ ဥပဒေနဲ့အညီ ထောင်ချတဲ့အထိ အရေးယူနိုင်တယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြော ကြားသည်။
၂၀၁၁ အသေးစားငွေရေး ကြေးရေး လုပ်ငန်းဥပဒေ အခန်း (၁၃) ပုဒ်မ ၅၄ အရ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး အဖွဲ့အ စည်း၏ လုပ်ငန်းများကို မည်သူမျှ လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။ မုံရွာမြို့ ဒေသခံတောင်သူ ဦးငွေသောင်းက ‘‘တောင်သူတိုင်း ကတော့ ကိုယ်လုပ်ကိုင်စား သောက်နေတဲ့ လယ်ယာမြေကို ပေါင်နှံတာနည်းပါတယ်။ တောင် သူလုပ်ငန်းလုပ်ရင် ငွေကြေးလို အပ်ချက်ကြောင့် ပုံစံ (၇) ထားပြီး ပေါင်နှံမယ်ဆိုရင်လည်း တောင် သူအချင်းချင်း ရင်းနှီးမှုအရ အပေါင်ထားပြီး ငွေချေးတာတော့ ရှိတတ်ပါတယ်’’ ဟု ပြောသည်။
Credit: 7Daydaily