တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
5 Feb 2025 12:05 pm တွင် တင်ခဲ့သည်
61753 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးသည် လွန်ခဲ့သော ၇ နှစ်က ဝယ်ယူခဲ့သည့် နေအိမ်အောက်ဘက် မြေအောက်ခန်းထဲတွင် ယခင် အိမ်ပိုင်ရှင်ဟောင်း လျှို့ဝှက်စွာ နေထိုင်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား ဟိုးလေးတကျော် ဖြစ်နေသည်။

တရုတ်ပြည် အရှေ့ပိုင်း ကျန်းဆုပြည်နယ်တွင် မျိုးရိုးအမည် လီဟု ခေါ်သော အမျိုးသားတစ်ဦးသည် မြို့လယ်တွင် နေအိမ်တစ်လုံးကို ၂၀၁၈ ခုနှစ်အတွင်းက ယွမ် ၂ သန်းနီးပါး (ကန်ဒေါ်လာ ၂၈၀၀၀၀) ပေးကာ ဝယ်ယူခဲ့ကြောင်း တရုတ်ပြည်မကြီး သတင်းဌာနတစ်ခုဖြစ်သော NetEase News သတင်းဌာနက ဖော်ပြသည်။

လီ၏ မိသားစုသည် သွားရေးလာရေးလွယ်ကူကာ လက်ရာမြောက်စွာ ပြန်လည် မွမ်းမံမှုများ ပြုလုပ်ထားသော အဆိုပါ အိမ်ကို လီတို့ မိသားစုက အလွန် သဘောကျသည်။

လီသည် မကြာသေးမီက နေအိမ်အတွင်း ပစ္စည်းများ သိမ်းဆည်း ရှင်းလင်းမှုများ ပြုလုပ်ရာတွင် လှေကားတစ်ခု နောက်ဘက်၌ လျှို့ဝှက်တံခါးတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။

ထိုတံခါးမှာ မြေအောက်ခန်းသို့ ဆင်းသော တံခါးဖြစ်ပြီး ယခင်က သတိမထားမိခဲ့။

 

 

(မြေအောက်ခန်းသို့ ဆင်းသော လျှို့ဝှက်တံခါးကို ယခင်က မတွေ့ခဲ့ချေ။ ဓာတ်ပုံ-ShutterStock)

 

မြေအောက်ခန်းမှာ ကြီးမားကျယ်ဝန်းပြီး လေဝင်လေထွက်စနစ် လျှပ်စစ်မီးတို့ အပြည့်အစုံ ပါဝင်ကာ အရက်ဘားငယ်တစ်ခုပင်လျှင် ပါဝင်သေးသည်။

အဆိုပါ မြေအောက်ခန်းကြီးတွင် တစ်စုံတစ်ဦး နေထိုင်နေသည့် အရိပ်လက္ခဏာများ ထင်ရှားစွာ တွေ့ရသောကြောင့် လီမှာ တုန်လှုပ်ခြောက်ခြားခဲ့သည်။

သို့နှင့် ၎င်းက ယခင်ပိုင်ရှင်ဟောင်းကို ဆက်သွယ်ခဲ့ပြီး နေအိမ် ရောင်းချစဉ်က မြေအောက်ခန်းရှိသည့်အကြောင်း ဖုံးကွယ်ထားမှုကို စုံစမ်း မေးမြန်းခဲ့သည်။

ယခင်ပိုင်ရှင်မှာ မျိုးရိုးအမည် ကျန်းဟု အမည်ရသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ကျန်းက ပြောသည်မှာ “ကျွန်မ ရှင့်ကို အိမ်ရောင်းတာပါ။ မြေအောက်ခန်း ပါတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး”ဟု ဆိုသည်။

မြေအောက်ခန်းမှာ မိမိ အပန်းဖြေသော နေရာဖြစ်ကြောင်း၊ နေအိမ်ရောင်းချမှုတွင် မပါဝင်ကြောင်း၊ အရောင်းအဝယ် သဘောတူစာချုပ်တွင်လည်း မပါကြောင်း ကျန်းက ပြောသည်။

“မြေအောက်ခန်းကို ရှင်ပိုင်တယ်ဆိုရင် ကျွန်မ အားလပ်ချိန်တွေမှာ ဘယ်နေရာသွားပြီး အပန်းဖြေရမှာလဲ” ဟု ကျန်းက ပြောသည်။

မြေအောက်ခန်းထဲသို့ ထိုအမျိုးသမီး မည်သို့မည်ပုံ အဝင်အထွက်လုပ်သည်ကိုမူ မသိရသေးချေ။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးသည်မှာ ထိုအမျိုးသမီးတွင် သော့ပိုတစ်ချောင်းရှိနေခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

အခြားတစ်ဦးကမူ ကားဂိုဒေါင်နှင့် မြေအောက်ခန်းဆက်သွယ်ထားသည့် လျှို့ဝှက်တံခါးတစ်ခုမှ ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။

လီက ပြောသည်မှာ အဆောက်အအုံတစ်ခုလုံးအတွက် တန်ရာတန်ကြေး အဖိုးအခပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြေအောက်ခန်းမှာ ဥပဒေကြောင်းအရ မိမိ၏ပိုင်ဆိုင်မှုသာ ဖြစ်သင့်ကြောင်းပြောဆိုခဲ့ကာ ယခုအငြင်းပွားမှုကို တရားရုံးမှတဆင့် ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။

တရားရုံးက အဆိုပါအမှုတွင် လီကို အနိုင်ပေးခဲ့ပြီး ကျန်းကိုမူ လျော်ကြေးပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

 

 

(လူမှုကွန်ရက်သုံးစွဲသူအချို့က ယခုဖြစ်ရပ်ကို အော်စကာဆုရ တောင်ကိုရီးယားရုပ်ရှင်ဖြစ်သော Parasite နှင့် ဖြစ်ရပ်ချင်းတူကြောင်း ပြောဆိုကြသည်။ ဓာတ်ပုံ-CJ Entertainment)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။) 

Ref: ‘Real-life Parasite’: Chinese house owner discovers ex-landlord living in basement for 7 years Photo Credit-Shutterstock, CJ Entertainment

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service