ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးမရမီက အိန္ဒိယတိုက်ငယ်တွင် မဟာရာဇာတို့ အုပ်ချုပ်သည့် ပြည်နယ်ပေါင်း ၅၀၀ ကျော် ရှိခဲ့သည်။
၁၉၇၀ ပြည့်လွန် နောက်ပိုင်းကာလများတွင် အိန္ဒိယ၏ တော်ဝင်အသိုက်အဝန်းတို့နေရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အစားထိုးနေရာယူလာကြပြီး ခေတ်သစ်တော်ဝင်များ ဖြစ်လာသည်။
အချို့နေရာများတွင်မူ ချမ်းသာသော ရုပ်ရှင်ကြယ်ပွင့်များ ဖြစ်ကြသည်။
တခါတရံတွင်မူ ခေတ်ဟောင်းတော်ဝင်နှင့် ခေတ်သစ်တော်ဝင်မှာ တစ်ဦးတည်းဖြစ်နေခြင်း ရှိနိုင်သည်။
ထိုသို့ ခေတ်ဟောင်း၏ တော်ဝင်မျိုးနွှယ်ဖြစ်ပြီး ခေတ်သစ်တော်ဝင်လည်း ဖြစ်နေသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား တစ်ဦး ရှိနေသည်။
၎င်း၏ စံအိမ်ကြီးမှာ ရူပီး ကုဋေ ၈၀၀ တန်ကြေးရှိပြီး ရှာရွတ်ခန်၏ မာန်နတ်နှင့် အမီတာ ဘဂျမ်း၏ ဂျာလ်ဆာ စံအိမ် ၂ ခုပေါင်း တန်ကြေးထက် ပိုမိုမြင့်မားသည်။
(ဆက်စပ်သတင်း)
ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး
https://www.imyanmarhouse.com/news/read/1006444
ဘောလိဝုဒ် နတ်ဘုရား အမီတာဘဂျမ်းနေထိုင်သော ပရာတိသျှနှင့် အခြားစံအိမ်များ
https://www.imyanmarhouse.com/news/read/1006890
(ရုပ်ရှင်မင်းသမီး ဆိုဟာ အလီခန်းကို မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော ပတော်ဒီနန်းတော်ကြီးတွင် တွေ့ရပုံ။ ဓာတ်ပုံ-hindustantimes)
((တန်ဖိုးကြီး စံအိမ်တော်ကြီးနှင့် တော်ဝင်မျိုးနွှယ်မှ ဆင်းသက်လာသူ ရုပ်ရှင်မင်းသား))
အိန္ဒိယတွင် ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ကြယ်ပွင့်တို့၏ စံအိမ်များမှာ လူအများစုဝေးလာရောက်ကြည့်ရှုကြသော tourist attraction နေရာများလည်း ဖြစ်သည်။
ရှာရွတ်ခန်၏ မာန်နတ်စံအိမ်၊ အမီတာဘဂျမ်း၏ ဂျာလ်ဆာစံအိမ်နှင့် ဆယ်လ်မန်ခန်း၏ Galaxy Apartments အစရှိသည်တို့တွင် မည်သည့်အချိန်၌ ကြည့်လိုက်သည်ဖြစ်စေ နေအိမ်ရှေ့တွင် ပရိသတ် အလုံးအရင်းကို တွေ့ရမည် ဖြစ်သည်။
အိန္ဒိယ၏ ဘီဗာလီဟေးလ်ဟု ဆိုနိုင်သော မွမ်ဘိုင်းမှ မိုင်ထောင်ချီဝေးကွာသောနေရာတွင် တော်ဝင်မျိုးနွှယ်တို့ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော နန်းတော်ကြီးတစ်ခု ရှိနေသည်။
အဆိုပါ နန်းတော်ကြီးကို ပိုင်ဆိုင်သူမှာ တော်ဝင်မျိုးနွှယ်မှ ဆင်းသက်သော ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်းနှင့် ညီမဖြစ်သူ ရုပ်ရှင်မင်းသမီး ဆိုဟာ အလီခန်းတို့ ဖြစ်သည်။
သတင်းများစွာတွင် ဖော်ပြချက်များအရ ဆာအိဖ်အလီခန်း၏ ပတော်ဒီ နန်းတော်ကြီးသည် ရူပီး ကုဋေ ၈၀၀ တန်ကြေးရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ပတော်ဒီ၏ တန်ကြေးမှာ မာန်နတ်စံအိမ် (ရူပီး ကုဋေ ၂၀၀) နှင့် ဂျာလ်ဆာစံအိမ် (ရူပီး ကုဋေ ၁၀၀) တို့ နှစ်လုံးပေါင်း တန်ကြေးထက် များစွာမြင့်မားနေသည်။
အခြားသော ဘောလိဝုဒ်ကြယ်ပွင့်တို့၏ စံအိမ်များမှာ တန်ကြေး ရူပီး ကုဋေ ၅၀ မှ ၁၀၀ ကြားသာ ရှိရာ ပတော်ဒီ၏ တန်ကြေးအောက် များစွာနည်းပါးသည်။
((ပတော်ဒီ နန်းတော်အကြောင်း))
ပတော်ဒီနန်းတော်ကို အီဘရာဟင် ကိုသီဟုလည်း လူသိများသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနပြည်နယ်၊ ဂူရ်ဂေါင်းခရိုင်၊ ပတော်ဒီမြို့တွင် တည်ရှိသည်။
အဆိုပါနန်းတော်သည် ယခင်က ပတော်ဒီမြို့၏ နာဝက်ဘ် (မြို့စားအဆင့်) အခြေစိုက်ရာ နေရာဖြစ်ခဲ့သည်။
လက်ရှိအားဖြင့် ရုပ်ရှင်မင်းသား ဆာအိဖ်က အမည်ပေါက် အမွေဆက်ခံပိုင်ဆိုင်ထားသည်။
(ဆာအိဖ် အလီခန်းနှင့် ကရီနာ ကပူးတို့ကို ပတော်ဒီနန်းတော်တွင် တွေ့ရပုံ။ ဓာတ်ပုံ-hindustantimes)
ဆာအိဖ်သည် ပတော်ဒီနန်းတော်တွင် ဇနီးဖြစ်သူ ကရီနာ၊ ကလေး ၂ ဦးဖြစ်သော Taimur, Jeh တို့နှင့်အတူ မကြာခဏ လာရောက်အပန်းဖြေ နေထိုင်ဖြတ်သန်းလေ့ရှိသည်။
ကွယ်လွန်သွားပြီဖြစ်သော Mansoor Ali Khan လက်ထက်က Neemrana Hotels ထံ အကြွေးတင်နေသောကြောင့် ပတော်ဒီ နန်းတော်ကို ဟိုတယ်ထံ အငှားချထားပေးခဲ့ရသည်။
ဆာအိဖ်က ၂၀၁၄ ခုနှစ်တွင် ပြန်လည်လွှဲပြောင်းရယူခဲ့ကာ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှ စကာ ရုပ်ရှင်ရိုက်ကူးရေးများ၊ ရုပ်သံအစီအစဉ်များစွာအတွက် ရိုက်ကွင်းနေရာ ငှားရမ်းခြင်း ပြုလုပ်ပေးခဲ့ရာ ရန်ဘီကပူး၏ Animal ရုပ်ရှင်လည်း အပါအဝင် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet Indian actor with most expensive home worth ₹800 crore, more than Shah Rukh Khan's Mannat, Amitabh's Jalsa combined Photo Credit-hindustantimes