မူလပုံစံမပျက် လိုက်လျောညီထွေအသုံးပြုနေသော အဆောက်အအုံများကို အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆုများ ချီးမြှင့်

မူလပုံစံမပျက် လိုက်လျောညီထွေအသုံးပြုနေသော အဆောက်အအုံများကို အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆုများ ချီးမြှင့် - Property News in Myanmar from iMyanmarHouse.com
29 Jan 2018 11:47 am တွင် တင်ခဲ့သည်
5789 ကြိမ် ကြည့်ရှု့ပြီး
၁၉၇၀ ရှေ့ပိုင်းတွင် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန် ထိ မူလပုံစံမပျက် လိုက်လျောညီ ထွေအသုံးပြုနေသည့် အဆောက်အအုံများကို အမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးဆုများအ ဖြစ် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က ရွေးချယ်ချီးမြှင့်ခဲ့သည်။

အဆိုပါ Best Adaptive Reuse Project 2018 ဆုကို ကုန်သည်လမ်းရှိ Gekko Bar and Restaurant၊ ၃၁ လမ်းရှိ Scott Hostel တို့က ရရှိပြီး Best Re-storation Project 2018 ဆုအတွက် ရွှေတောင်တန်းလမ်းရှိ Bridge Office နှင့် Shwe Taung Tan Office အဆောက်အအုံတို့ က ရရှိခဲ့သည်။

အဆိုပါဆုများသည် မြန်မာ နိုင်ငံတွင် ပထမဆုံးရွေးချယ်ပေး အပ်သည့် ဆုအမျိုးအစားဖြစ်ပြီး အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်မှုများ နည်းမှန်လမ်းမှန် ဖြင့် ဆောင်ရွက်နေခြင်းကို တွန်းအားပေးမည်ဟု မျှော်လင့် ကြောင်း YHT ဒုဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်ကပြောသည်။

‘‘အဆောက်အအုံတွေထဲမှာ တချို့ကျတော့ နဂိုပုံကို မပျက်စေဘဲ ပိုပြီးကောင်းမွန်အောင် လုပ်တယ်။ ပိုပြီးအသုံးချနိုင်အောင် လုပ်တဲ့ဟာ ဒီဇိုင်နာရဲ့အစွမ်းတွေ လည်းပါတယ်။ ပြောင်းနိုင်အောင် ဘယ်လိုလုပ်ထားလဲ ဆိုတဲ့ဟာလည်းပါတယ်။ အဲဒါကို Adaptive Reuse အနေနဲ့ ပေးတယ်’’ဟု ၎င်းကပြောသည်။

ဆုများကို ယခုနှစ်တွင် ရန် ကုန်မြို့တစ်ခုတည်းက ရွေးချယ်ခဲ့ပြီးနောက်ပိုင်းတွင် တခြားနေရာများကိုပါ ပါဝင်နိုင်ရန်စဉ်းစားမည် ဟု ရည်ရွယ်ထားကြောင်း ဒေါ်မိုး မိုးလွင်ကဆိုသည်။

‘‘အခုဆုတွေကို နှစ် ၄၀ မတိုင်ခင်က ဆောက်ခဲ့တဲ့ အဆောက်အအုံ၊ ၁၉၇၀ ကျော် ရှေ့ပိုင်းက ဆောက်တဲ့အဆောက်အအုံတွေကို ဘယ်လောက်ထိ ပြောင်းလဲသုံးစွဲပြီး အောင်မြင်အောင်လုပ် ထားလဲဆိုတာကို မူတည်ပြီး ပေးပါတယ်’’ဟု ၎င်းကပြောသည်။

YHT သည် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာသတ်မှတ်ခြင်း၊ ရေရှည်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ခြင်း စသည့် ဆောင်ရွက်ချက်များအပြင် ရန်ကုန်မြစ်ကမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေနေရာအဖြစ် အသုံးပြုနိုင်ရေး၊ ရွှေတိဂုံဘုရားမှသည် ရန်ကုန်မြစ်အထိ လျှောက်လမ်းများ၊ အစိုးရပိုင်အဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရန် ဘဏ္ဍာရေးအစီအစဉ်တစ်ခု ရေးဆွဲခြင်း၊ ဘဏ်လမ်းနှင့် ကမ်းနားတစ်လျှောက် စံနမူနာပြသနိုင်ရန် နေရာတစ်ခုဖန်တီးနိုင်ရေး စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ကသတင်းထုတ်ပြန်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service