၂၀၁၃ တွင် ရပ်တန့်ခဲ့ သည့် ကန်ဒေါ်လာ ၁၀ ဘီလီယံ တန် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန် နိုင်ငံ တကာသို့ တင်ဒါခေါ်ယူမည်ဖြစ် ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့် ဆန်းက ပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းသည် ဂျပန်နိုင်ငံအ ကူအညီဖြင့် ရေးဆွဲနေသည့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေး မဟာစီမံကိန်း အစိတ်အပိုင်းဖြစ်ပြီး အဆိုပါစီမံ ကိန်းရေးဆွဲမှုသည် ၂၀၁၈ မေလ တွင် ပြီးစီးမည်ဖြစ်၍ ထားဝယ်အ ထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းစီမံကိန်းကို မြန်မာ- ထိုင်း- ဂျပန် သုံးနိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ် ထားပြီး ပထမအဆင့်အနေဖြင့် စီမံကိန်းတွင် မြေယာအဆင့်မြှင့် ဖော်ထုတ်မည့် Developer ကို ဖိတ်ခေါ်မည်ဟု ဒေါက်တာမြင့်ဆန်းက ဆက်လက်ပြောကြား သည်။
စီမံကိန်း ပြန်လည်စတင်ရာ တွင် လျှပ်စစ်မီးရရှိရေးနှင့် ဆိပ် ကမ်းလုပ်ငန်းများ အပါအဝင် လုပ်ငန်း ကိုးခုကို ကနဦးအ ကောင်အထည်ဖော်မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ချေးငွေဖြင့် ထိုင်းနယ် စပ်မှ အထူးစီးပွားရေးဇုန်အထိ လမ်းဖောက်လုပ်ခြင်း၊ အထူးစီး ပွားရေးဇုန်အတွင်းရှိ မြေယာအ ဆင့်မြှင့်ခြင်းလုပ်ငန်းများ ပါဝင် သည်ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းလုပ်ကိုင်ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ချင်း လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်း နိုင်ငံဘက်မှ အီတာလျံထိုင်း ကုမ္ပဏီနှင့် ပြည်တွင်းမှ မက်စ် (မြန်မာ) ကုမ္ပဏီတို့ စတင်လုပ် ကိုင်ခဲ့သည်။ သို့သော် ၂၀၁၃ တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် စီ မံကိန်းရပ်ဆိုင်းခဲ့သည်။
၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေး နွေးပြီး ဂျပန်အစိုးရက အဆိုပါ စီပွားရေးဇုန် အပါအဝင် ထားဝယ် ဒေသ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။
ယခုပြန်လည်စတင်မည့် စီ မံကိန်း ဧရိယာအတွင်း ကျေးရွာ ခြောက်ရွာပါဝင်ပြီး စုစုပေါင်း အိမ်ထောင်စု ၁,၂၀၀ ကျော်ရှိ ကြောင်း စီမံခန့်ခွဲမှု ကော်မတီက ဆိုသည်။ ယခင်ရေးဆွဲခဲ့သည့် စီ မံကိန်းမြေနေရာတွင် ကျေးရွာ ၁၆ ရွာပါဝင်သော်လည်း ယခု စီမံကိန်း ပြန်လည်ရေးဆွဲမှု၌ ခြောက်ရွာသာကျန်ရှိတော့သည် ဟု ဒေါက်တာမြင့်ဆန်းက ဆို သည်။
ယင်းကျေးရွာများကို စီမံ ကိန်းမြေအတွင်းမှ ဖယ်ရှားရန် စဉ်းစားထားသော်လည်း လူဦးရေ များပြားသဖြင့် အခက်အခဲဖြစ်နေ ကြောင်း ၎င်းကပြောသည်။
‘‘ဖြစ်နိုင်ရင် ရွာတွေကို မ ရွှေ့ချင်ဘူး။ ဒါကြောင့် စီမံကိန်း ကို ပြန်ကြည့်နေတယ်။ မဖြစ်မနေ ရွှေ့ရမယ်ဆိုရင် တစ်ရွာ၊ နှစ်ရွာ လောက်ပဲ ရွှေ့ချင်တယ်။ ရွာတွေ က စီမံကိန်းနယ်မြေထဲ ရောက် နေတော့ စိုက်ပျိုးစရိတ်ချေးငွေအ ပါအဝင် ဘာအထောက်အပံ့မှ မရဘူးဖြစ်နေတယ်။ ဒါကိုလည်း ကူညီလို့ရအောင် စီစဉ်ပေးချင်ပါ တယ်’’ ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။
စီမံကိန်းဧရိယာအတွင်း ပါ ဝင်နေသော ကျေးရွာအချို့ ချန် လှပ်ခဲ့သည်ဆိုသော်လည်း တ ရားဝင်ထုတ်ပြန်ခြင်းမရှိသလို ဒေ သခံများကို ချပြအသိပေးမှုမရှိ ကြောင်း စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် ဒေသခံကျေးရွာ သားတစ်ဦးက ပြောသည်။
‘‘သိမ်းတုန်းက သိမ်းခဲ့တယ်။ ပြန်ပြီးတော့ ဒီဇိုင်းပြန်ပြင်ဆွဲတာ ကို ပြန်တမ်းမထုတ်ဘူး။ ဒီတော့ ဇုန်အတွင်းမှာကျန်ခဲ့တဲ့ ရွာတွေ က ကျန်နေတုန်းပဲလို့ အဓိပ္ပာယ် ရတာဖြစ်တဲ့အတွက် လမ်း၊ တံ တား ဖောက်တာတွေ၊ ကျောင်း တွေချပေးတာတွေ၊ စိုက်ပျိုးစရိတ်ချေးငွေတွေ မရဘူး။ အခုက ဘာမှမပြောဘူး။ သူတို့လုပ်နေ တာတွေက ပွင့်ပွင့်လင်းလင်းမရှိ ဘူး’’ ဟု ၎င်းကပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်သည် စတုရန်းမိုင် ၁၀၀ ခန့် ကျယ်ဝန်းသော သီလဝါအထူးစီး ပွားရေးဇုန်ထက် ၁၀ ဆခန့်ကြီး မားသည်။ ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်း အကောင်အ ထည်ပေါ်လာပါက အရှေ့တောင် အာရှတွင် အကြီးဆုံးစက်မှုဇုန် တစ်ခုဖြစ်လာမည်ဖြစ်သည်။
Credit: 7Daydaily