ပြင်ဦးလွင်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း နေရာမှာ ခေတ်မီအဆင့်မြင့် ညဈေးတန်းဖော်ဆောင်ဖို့ MDG ကုမ္ပဏီက အဆိုပြုထားကြောင်း ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
အဆင့်မြင့် ညဈေးတန်းကို ကျပ်သိန်း ၃၀၀၀ ခန့် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ကျောက်တိုင်ကွင်းရဲ့ အကျယ်အဝန်းက မျက်နှာစာအကျယ် ၂၄၆ ပေ ၊ အလျား ၄၉၃ ပေ ရှိပါတယ်၊။မန်း -လာရှိုး လမ်းမကြီးကို မျက်နှာစာပြုထားပါတယ်။ မျက်နှာစာအကျယ် ၂၄၆ ပေ အနက် အလယ်တည့်တည့် ၂၂ပေကို အဓိက ဝင်ပေါက်အဖြစ် ထားရှိပါမယ်။ အဓိကဝင်ပေါက်ရဲ့ ဝဲယာမှာ ၂၄.၅ ပေ အကျယ်ရှိတဲ့ ကားပါကင် ရှိပါမယ်။
လွတ်လပ်ရေးကျောင်တိုင်ရဲ့ မျက်နှာစာမှာ ဆိုင်ခန်းတွေ ရှုပ်ရှုပ်ထွေးထွေး မရှိစေဘဲ မျက်နှာစာဝဲယာတစ်ဖက်တစ်ချက်စီမှာ အပန်းဖြေအနားယူနိုင်ဖို့ ခုံတန်းတွေ ထားပေးမှာပါ ။အခမ်းအနားမရှိတဲ့ နေ့ရက်တွေမှာ ကလေးတွေ အန္တရာယ်ကင်းကင်း လွတ်လပ်စွာဆော့ ကစားနိုင်ဖို့ ရည်ရွယ်ပါတယ်။
သည်ပြည်သူ့ရင်ပြင်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ ၊အာဇာနည်နေ့၊ အမျိုးသားနေ့၊ တောင်သူလယ်သမားနေ့စတဲ့ အခမ်းအနားကြီးတွေ ၊ လူထုစည်းဝေးပွဲကြီးတွေကို အရင်အတိုင်း ကျင်းပနိုင်တယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေး ကျောက်တိုင်ရဲ့ ဝဲယာမှာလည်း ပြောင်းလွယ်ရွှေ့လွယ်ပန်းဘောင်တွေ ထားရှိပေးပါမယ်။တွင်းဘက် လွတ်တဲ့နေရာမှာ ဈေးဆိုင်ခန်းတွေ ရှိမှာဖြစ်ပါတယ်။ ရှစ်ပေပတ်လည် ဆိုင်ခန်းပေါင်း ၂၅၀ ခန့် ထားရှိမှာဖြစ်တယ်။ ဆိုင်ခန်းတစ်ခန်းစာကို တစ်ရက် ကျပ် ၃၀၀၀ ခန့် ကောက်ခံမှာ ဖြစ်ပါတယ်။ တစ်နိုင်တစ်ပိုင်ရောင်းချတဲ့ မြေပဲပြုတ် ၊ မုန့်လင်မယား ၊ မုန့်ပေါင်းစတဲ့ ဈေးသည်တွေကိုတော့ အခမဲ့ ရောင်းချခွင့်ပြုဖို့ မူကြမ်းမှာ ပါရှိတယ်လို့ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
Credit: The Modern