သိမ်ကြီးဈေး E ရုံမှာ အိမ်ဆောက်ပစ္စည်းဆိုင်တချို့ မှာ အိမ်ရိုက်သံ ၊ မူလီ စတဲ့ ကုန်မာပစ္စည်းအချို့ အရောင်းအဝယ်ကောင်းနေပါတယ်။
အိမ်ဆောက်ပစ္စည်းဈေးကွက် အရောင်းအဝယ်က တစ်နှစ်မှာ ရှစ်လလောက် အရောင်းအဝယ်သွက်ပြီး လေးလလောက်အရောင်းအ၀ယ်အေးတယ်လို့ ဆိုပါတယ်။
သိမ်ကြီးဈေး အိမ်ဆောက်ပစ္စည်းဆိုင်တစ်ခုရဲ့ ရောင်းသူတစ်ဦးက ‘ အိမ်ဆောက်ပစ္စည်းဈေးကွက်က လက်ရှိမှာတော့ အရောင်းအဝယ် ကောင်းနေပါတယ် ၊ အရောင်းအဝယ်ပါးတဲ့အချိန်ကတော့ မိုးရာသီပေါ့ ၊ မေလ လောက်ဆိုရင် အရောင်းအဝယ်ပါးသွားတယ် ၊ မိုးရာသီဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေက သိပ်ပြီး အလုပ်မဖြစ်တော့ အိမ်ဆောက်ပစ္စည်းဈေးကွက်လဲ ကျသွားတာပေါ့ ၊ ခုတလောမှာတော့ ကုန်မာပစ္စည်းဆိုင်တိုင်းလိုလို အရောင်းအဝယ်ရှိနေပါတယ် ‘ လို့ ပြောပါတယ်။
အိမ်ဆောက်ပစ္စည်းဈေးတွေအရောင်းအဝယ်ကောင်းနေသလိုပဲ ဆိုင်ခန်းခတွေကလည်း မြင့်တက်လာတယ် ။ ပန်းပဲတန်းဆိုင်ခန်းခက လသာဆိုင်ခန်းခတွေထက် ပိုတယ် ။ ပေ ၂၀ ခန်းတွေ လသာမှာ ကျပ် ၁၂သိန်းလောက်ဆိုရင် ပန်းပဲတန်းက ၁၅သိန်းလောက်ရှိတယ် ။ဆိုင်ခန်းခတွေတက်လာတယ်။ နံရံကပ်တွေဆိုလည်း သုံးသိန်း ၊ လေးသိန်း လောက်အထိ ဖြစ်လာတယ်လို့ သိရပါတယ်။
Credit: The Modern