အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရန်တင်ဒါအောင်မြင်ထားပြီး

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရန်တင်ဒါအောင်မြင်ထားပြီး - Property News in Myanmar from iMyanmarHouse.com
29 Jan 2018 9:59 am တွင် တင်ခဲ့သည်
6021 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရန် အိန္ဒိယအစိုးရ၏ အမျိုးသားအဝေးပြေးလမ်းမများ အာဏာပိုင်အဖွဲ့မှစီစဉ်နေခြင်းသည် မြန်မာပြည်တွင်း စီးပွားရေးဖွံ့ဖြိုးရန် အထောက်အကူဖြစ်စေရန် အတွက်ကြိုဆိုသင့်သည်ဟုစီးပွားရေးပညာရှင်အချို့မှ ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်အင်အားကြီးနိုင်ငံနှစ်ခုကြားတွင် ရှိသည့်အတွက် ကုန်းလမ်းမှ ကုန်စည်ပို့ဆောင်မှုများရှိခဲ့သည်။

လမ်းများ မကောင်းသည့်အတွက် ကုန်စည်စီးဆင်းမှုနှေးကွေးနေပြီး ယခုလိုအိန္ဒိယမှ မြန်မာကိုဖြတ်၍ ထိုင်းထိ အမြန်လမ်းမကြီးဖောက်လုပ်မည်ဆိုပါကကုန်စည်စီးဆင်းမှုယခင်ထက်ပိုမြန်လာပြီး သွင်းကုန် ပို့ကုန် များပိုများလာပြီး နောက်ပိုင်းတွင်ငွေကြေးစီးဝင်မှု များလာသည်နှငိ့အမျှ ပြည်တွင်းစီးပွားရေးပိုဖွံ့ဖြိုးလာမည်ဖြစ်သည်။

အိန္ဒိယမှ ထိုင်းအားလမ်းဖောက်ပြီးတရုတ်ကလည်း မြန်မာနှင့် ပိုးလမ်းမကြီးစီမံကိန်းရှိသည်။အားလုံးချိတ်ဆက်မိလျှင်အာရှလမ်းမကြီး များဖြစ်လာပြီးမဲခေါင်မြစ်ဝှမ်းစီမံကိန်းများအရလည်း အာဆီယံကွန်ရက်လမ်းများဖြစ်လာမည်။

အိန္ဒိယအစိုးရ၏အမျိုးသားအဝေးပြေးလမ်းမများအာဏာပိုင်အဖွဲ့မှ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံဆက် အဝေးပြေးလမ်းမလုပ်ကိုင်ခွင့်ရသည့်ကုမ္ပဏီများအားထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၏ကုမ္ပဏီနှစ်ခုဖြစ်သည့် Punj Lloyd နှင့်Varaha Infra တို့သည် Joint Venture အဖြစ်အကျိုးတူပူးပေါင်းပြီး အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးလမ်းဖောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားကြောင်းသိရသည်။

အဓိက ဦးဆောင်ကုမ္ပဏီဖြစ်သည့် Punh Lloyd သည်နိုင်ငံတကာ လျှပ်စစ်စွမ်းအင် ရရှိရေးလုပ်ငန်းများမှာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့အပြင် မြို့တွင်းလမ်း၊အဝေးပြေးလမ်း၊မိုးပျံလမ်း၊တံတား၊ရထားလမ်း၊လောင်စာဆီနှင့် ဂက်စ်သိုလှောင်နိုင်သည့် အဆောက်အအုံ၊စွမ်းအင်ထုတ်လုပ်သည့်
အဆောက်အအုံများ၊ဂက်စ်ပိုက်လိုင်းများတည်ဆောက်သည့် လုပ်ငန်းများတွင်ကုမ္ပဏီလေးခုခွဲ၍ ဆောင်ရွက်ပေးနေသည်။

အိန္ဒိယအစိုးရနှင့် တင်ဒါအောင် ကုမ္ပဏီများအကြား သီးခြားသဘောတူညီချက်အဖြစ် တမူး-ကလေးလမ်းပိုင်းတစ်လျှောက်တွင်ရှိသော တံတား ၆၉စင်းအဆင့်မြှင့်တင်ရန်လည်း ပါဝင်သည်။

အိန္ဒိယအမျိုးသား အဝေးပြေးလမ်းမများ အာဏာပိုင်အဖွဲ့သည် မြန်မာအစိုးရနှင့်တွေ့ဆုံပြီး လမ်းတည်ဆောက်ရေးလုပ်ငန်းများတွင်မြေရယူသုံးစွဲခွင့်များ
အတွက် ဆွေးနွေးရဦးမည်ဖြစ်သည်။

အဝေးပြေးလမ်းတည်ဆောက်ရန်ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ်မြန်မာပြည်လာရောက်စဉ်ကတည်းက မြန်မာအစိုးရ နှင့် သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

Punj Lloyd ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံအတွင်းတွင်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ဖူးသော အတွေ့အကြုံလည်းရှိသည်။

ပထမဆုံးအနေနှင့် နယ်နိမိတ်ချင်းထိစပ်သောမြန်မာနိုင်ငံအားဖြတ်သန်းပြီး အိန္ဒိယနှင့်ထိုင်းနိုင်ငံအားဆက်သွယ်ပေးမည့် လမ်းမကြီးကိုစတင်ဖောက်လုပ်မည်ဖြစ်သည်။

သုံးနိုင်ငံဆက်အဝေးပြေးလမ်းနှင့်အပြိုင်ရထားလမ်းတစ်ခုကိုလည်စတင်ဖောက်လုပ်မည်ဖြစ်သည်။

Credit :Modern Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service