နေပြည်တော်ကောင်စီနယ်မြေကို အနာဂတ်မြို့ပြစီမံကိန်းရေးစွဲဖို့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီဝင်တွေနဲ့ Spiral Aechitect Co.,Ltd က တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေး ကြပါတယ်။
အနာဂတ်မှာ နေပြည်တော်မြို့ပြစီမံကိန်းဖော်ဆောင်ရာမှာ လျားထားနိုင်မှု အခြေနေတွေနဲ့ အိမ်ရာစီမံကိန်းတွေ ရေးဆွဲရာမှာထည့်သွင်းသင့်တဲ့ ကိစ္စရပ်တွေကို ဇန်နဝါရီလ (၂၄)ရက်နေ့က နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်တွေနဲ့ Spiral Architect Co.,Ltd က MTE Company Managing Director တို့ ဆွေးနွေးကြတာပါ။
နေပြည်တော်စည်ပင်သာယာရေကော်မတီဝင် ဦးမင်းသူက ' ပုံမှန်အားဖြင့်တော့ လုပ်နေကျလုပ်ငန်းတွေပဲလေ၊ ဆောက်ရွက်ရမယ့်လုပ်ငန်းတွေကို ဆောင်ရွက်ရတာပေါ့၊ ပတ်ဝန်းကျင်သာယာလှပရေးတို့၊ နေပြည်တော် Development ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့' လို့ ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကော်မတီဝင်ဖြစ်တဲ့ ဒေါ်စံပယ်ထွေးနှင့် ဦးမင်းသိမ်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူး၊ ဌာနမှူးများ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်၊ သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်၊ နေပြည်တော် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ Spiral Architect Co.,Ltd မှ MTE Company Managing Director ဦးကျော်သူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
အစိုးရအနေနဲ့လည်း နိုင်ငံတော်ရဲ့ဖွံ့ဖြိုးမှုဆိုင်ရာမှုဝါဒတွေနဲ့လိုက်လျောညီထွေတဲ့ အချက်တွေကို ရွေးချယ်ပြီး မဟာဗျူဟာနဲ့လုပ်ငန်းစီမံချက်အဆင့်ဆင့်ကို ရေးဆွဲသတ်မှတ်မှာ ဖြစ်ပါတယ်။
အဲသည်အချက်တွေကတော့ (၁) သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေမည့် မြို့တော်အဖြစ် ဖော်ထုတ်ရန်၊ (၂) စိမ်းလန်းစိုပြေ၍ မြို့ပြအင်္ဂါရပ်များနှင့်ပြည့်စုံစွာ စနစ်တကျ ဖြည့်ဆည်းပေးသည့် နေချင်စဖွယ် မြို့ပြအဖြစ်ဖော်ထုတ်ရန် (၃) အဆင့်မြင့်ပညာရေးများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသင်ကြားနိုင်သည့်အခွင့်အလမ်းများ၊ နိုင်ငံတာအဆင့်မီပညာရေးအဆောက်အအုံများတည်ရှိရာ ဗဟိုအချက်အဖြစ် ဖြည့်ဆည်းဖော်ထုတ်ရန်၊ (၄) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခရီးသည်ပို့ဆောင်ရေးသာမက ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများပါတိုးချဲ့လုပ်ကိုင်စေ၍ နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံ များနဲ့ချိတ်ဆက်ပေးနိုင်သည့် ဗဟိုလေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ မြို့တော်အဖြစ်ဖော်ထုတ်ရန်၊ (၅) ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်အားဖြည့်ဆည်းထားသည့် မြို့တော်အဖြစ်ဖော်ထုတ်ရန်ဖြစ်ပါသည်။
Credit: The Modern