ညောင်ချောင်းသာ ဆိုင်ခန်းငှားရမ်းခများ ယခင်နှစ်ထက်မြင့်တက်

ညောင်ချောင်းသာ ဆိုင်ခန်းငှားရမ်းခများ ယခင်နှစ်ထက်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
26 Jan 2018 10:16 am တွင် တင်ခဲ့သည်
6581 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ရှိ ညောင်ချောင်းသာအပန်းဖြေကမ်းခြေတွင် ယခုနှစ်ရာသီ၌ ဆိုင်ခန်းငှားရမ်းခများကို ယခင်နှစ်ဈေးထက် ကျပ်တစ်သိန်း တိုးမြှင့်ထား ကြောင်း သိရသည်။

ဈေးပိုများ

ညောင်ချောင်းသာကမ်းခြေရှိ ဆိုင်ခန်း ငှားရမ်းခများမှာ ဒီဇင်ဘာမှ သင်္ကြန်ကာလ ကျော်အထိ တစ်ရာသီစာအတွက် တစ်ခန်း လျှင် ကျပ် ၈၁၂,ဝ၀ဝ သတ်မှတ်ထားပြီး ယခင်နှစ်ထက် ကျပ်တစ်သိန်းပိုများကြောင်း သိရသည်။

"လေလံစနစ်မဟုတ်ဘူး။ ဒီအတိုင်း ရောင်း ပေးတာ၊ မနှစ်ကထက်တော့ ဆိုင်ခန်းခက တစ်သိန်းလောက်များသွားတယ်။ ဆိုင်ခန်းတွေ လျှော့ထားတယ်။ ဆိုင်ခန်းခမတတ်နိုင်တဲ့ ခေါင်းရွတ်ဗျပ်ထိုး ဈေးသည်တွေလည်း ရောင်း လို့ရတယ်" ဟု ညောင်တုန်းမြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း က ပြောဆိုသည်။

၂၀၁၇ ခုနှစ်တွင် ဆိုင်ခန်း ၆၁ ခန်း ချ ထားပေးခဲ့သော်လည်း တချို့ဆိုင်ခန်းများမှာ ထင်သလောက် ရောင်းအားမရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် ဆိုင်ခန်းအရေအတွက် လျှော့ချ၍ ၅၂ ခန်းသာ ဖွင့်လှစ်ပေးထားသည်။

"အရင်ဖွင့်နေကျ ဆိုင်ဟောင်းသမားပဲ လုပ်နိုင်တယ်။ အသစ်ရင်းရင် ဆိုင်ခုံ၊ ပစ္စည်း ဘာညာအစုံဆို သိန်း ၃၀ လောက်ကုန်တာ။ ဒီတော့ အခုမှ ဆိုင်အသစ်ဖွင့်သူတွေကျ မလုပ်နိုင်ဘူး။ ဆိုင်သစ်ဖွင့်သူတွေကျတော့ နောက်နှစ် မရင်းနိုင်တော့ဘူး။ ဒီမှာက ဧည့်သည်လာမှ ရောင်းကြရတာ။ ဆိုင်အခုမှ အသစ်ဖွင့်သူတွေကတော့ မကိုက်ဘူးပေါ့" ဟု ညောင်ချောင်းသာကမ်းခြေရှိ ဟေမာန်ဦး စားသောက်ဆိုင်မှ ကိုထွန်းဝင်းက ပြောဆိုသည်။

"ကျွန်မက ခုနစ်နှစ်လောက်ရှိပြီ ရောင်း တာ။ အရှုံးအမြတ်ကတော့ ရာသီဥတုကောင်း ရင် မြတ်မယ်ပေါ့။ မနှစ်ကဆို သင်္ကြန်ရက် ရာသီဥတုမကောင်းလို့ အဆင်မပြေခဲ့ဘူး။ သူတို့ ဈေးနှုန်းတက်လေ အခက်အခဲရှိလေပေါ့။ ရောင်းနေကျဆိုင်ဟောင်းသမားတွေတောင် အရင်းရော၊ အမြတ်ပါရအောင် မနည်းလုပ် ရမယ်"ဟု ကြယ်စင်လှိုင်း စားသောက်ဆိုင်မှ မနှင်းဆီက ပြောဆိုသည်။

ညောင်ချောင်းသာ တရားဝင်စတင်ဖွင့်လှစ် သည့် ၂၀၁၃ ခုနှစ်တွင် ဆိုင်ခန်းငှားရမ်းခမှာ တစ်ရာသီလုံးစာအတွက် ငွေကျပ် ၅၀,ဝ၀ဝ သာရှိခဲ့ပြီး လက်ရှိဈေးမြင့်တက်ရသည်မှာ ဆိုင်ခန်းများကို အခိုင်အမာ တည်ဆောက်ပေး ထားခြင်းကြောင့်ဖြစ်သည်။ ညောင်ချောင်းသာ ကမ်းခြေသည် ပန်းလှိုင်မြစ်ကမ်းဘေးတွင် ရေနက်အိုးရှိသဖြင့် အန္တရာယ်များခြင်း၊ သဲသောင်ပြင် ကျဉ်းမြောင်းခြင်း၊ လူနေအိမ် များနှင့်နီးကပ် ခြင်းတို့ကြောင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ဧရာဝတီမြစ်ကမ်းဘေးသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ကမ်းခြေသစ်သည် ပေ ၁,ဝ၀ဝ အထိ ကျယ်ဝန်းကြောင်း သိရသည်။

ကမ်းခြေတွင် ရေသူမပုံများ၊ သစ်ပင်ပုံများ ထားရှိရန် စီစဉ်မည့်အပြင် လက်ရှိတွင် ရေလွှာ လျှောစီးခြင်းနှင့် ကာရာအိုအေ သီဆိုနိုင်ရန် လည်း နေရာသစ်များ စီစဉ်ထားကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ညောင်ချောင်းသာကမ်းခြေ မှ ဝင်ငွေ ကျပ်သိန်း ၈၀ဝ ခန့်ရရှိခဲ့ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အသုံးပြုခဲ့ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

CarsDB Showroom Opening
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service