ဒလမြို့နယ်တွင် ဧကနှစ်သောင်းခန့်အသုံးပြု၍ အိမ်ယာစီမံကိန်းများပါဝင်သည့် စက်မှုဇုံနှင့်အထူးစီးပွားရေးဇုံနှစ်ခုကိုငါးနှစ်တာအတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း၊အဆိုပါစီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၂၀ ရက်နေ့တွင် မြေနေရာကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Smart City စီမံကိန်းတွင် ၆လမ်းသွားနှင့်၈ လမ်းသွားလမ်းမများ အထပ်မြင့်အဆောက်အဦးများ စူပါမားကတ်များနှင့်မြို့သူမြို့သားများအပန်းဖြေအနားယူနိုင်ရန် ပေ ၂၀၀ ခန့်အကျယ်ရှိ ပလက်ဖောင်းများပြုလုပ်ရန်အကြမ်းဖျဉ်းလျာထားကြောင်းသိရသည်။
စီမံကိန်းပြုလုပ်နိုင်ရန် မြေပြင်အခြေအနေစစ်ဆေးပြီးပါက ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်တို့သို့တင်သွင်းကာ ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပြီးပါက ရန်ကုန်တိုင်းအစိုးရ ၊ထိုမှတစ်ဆင့်ရန်ကုန်တိုင်းလွှတ်တော်တွင်သဘောထားရယူကာ စီမံကိန်းအားအကောင်အထည်ဖော်မည်ဖြစ်သဖြင့် အချိန်အနဲငယ်ကြန့်ကြာနိုင်ကြောင်းလည်း သိရသည်။
စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကုမ္ပဏီ ၂၀ ခန့်အားတင်ဒါပေး၍ ငါးနှစ်ခန့်အတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com