စပေါ်စနစ်နှင့် နှစ်ချုပ်စနစ် ခြားနားချက်

စပေါ်စနစ်နှင့် နှစ်ချုပ်စနစ် ခြားနားချက် - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2018 12:43 pm တွင် တင်ခဲ့သည်
5147 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ယခုအခါ အိမ်ငှားနယ်ပယ်တွင် "စပေါ်" စနစ်သည် တစ်စတစ်စ လျော့ပါးသွားပြီး "နှစ်ချုပ်" စနစ်သည် ကျယ်ပြန့်စွာ နေရာယူလာသည်ကို
တွေ့ရပါသည်။

ယခင်ကဆိုလျှင် အိမ်ကောင်းလျှင် ကောင်းသလောက်၊ အိမ်ညံ့လျှင် ညံ့သလို "စပေါ်ငွေ" များကို ခွဲခြား၍ ယူတတ်ပါသည်။ ငှားရမ်းခမှာလည်း အိမ်အခြေအနေ၊ ရပ်ကွက်အခြေအနေအလိုက် ကွဲပြားပါသည်။

ယခုအခါ မြို့ပြတိုက်ခန်းများ တိုးတက် များပြားလာပြီး တိုက်ခန်းများ ငှားရမ်းရာတွင် "စပေါ်" ဖြင့် ငှားရမ်းမှုသည် သိသိသာသာ လျော့ပါးသွားသည်ကို တွေ့ရပါသည်။

(၁)လလျှင် ၅၀၀၀၀ိ/-၊ ၁၀၀၀၀၀ိ/- ကျပ် စသည်ဖြင့် (၁)နှစ်အတွက် ငှားရမ်းခကို (၁)ကြိမ်တည်း ကြိုတင်ရယူကာ (၁)နှစ်သက်တမ်း "နှစ်ချုပ်" ငှားရမ်း
လာကြသည်ကို တွေ့ရပါသည်။

"စပေါ်" စနစ်နှင့် "နှစ်ချုပ်" စနစ်၏ ခြားနားခြင်းများအနက် ခြားနားချက်တစ်ရပ်ကို တင်ပြပါမည်။

"စပေါ်" စနစ်သည် အစဉ်အလာအားဖြင့် ငှားရမ်းကာလ သတ်မှတ်ချက် မရှိဟု ဆိုရပါမည်။ "စပေါ်" ယူ၍ ငှားရမ်းထားသောစာချုပ်များတွင် ငှားရမ်းခကို ရပ်ဆိုင်းခြင်းကိစ္စနှင့် ပတ်သက်၍ "အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုပါက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။" ဟူ၍ ထည့်သွင်းချုပ်ဆိုတတ်ကြပါသည်။

သို့ဖြစ်ရာ မထားလို၊ မနေလိုသူဘက်က သတ်မှတ်ချက်အတိုင်း ကြိုတင် အကြောင်းမကြားမချင်း ငှားရမ်းမှုကို တည်ရှိနေသည်ဟု မှတ်ယူစရာ ဖြစ်ပါသည်။
တစ်နည်းဆိုသော် ငှားရမ်းမှု ရပ်ဆိုင်းခြင်းကို အိမ်ရှင်ဘက်နှင့် အိမ်ငှားဘက် နှစ်ဘက်စလုံးကို အခွင့်အရေးပေးခြင်း ဖြစ်ပါသည်။

"နှစ်ချုပ်" ငှားရမ်းမှုစာချုပ်မှာမူ မထားလို၊ မနေလိုက ကြိုတင် အကြောင်းကြားရန်ကိစ္စ ပါရှိရန်မလိုဘဲ စတင်ငှားရမ်းသည့် အချိန်မှအစပြု၍ (၁)နှစ်တိတိ ငှားရမ်းခြင်းဖြစ်ရာ (၁)နှစ်သက်တမ်းပြည့်သည်နှင့် စာချုပ်သက်တမ်းလည်း စေ့၊ ငှားရမ်းခြင်းလည်း ဆုံးခန်းတိုင် ရောက်ပါသည်။

သို့သော် အချို့သော "နှစ်ချုပ်" ငှားရမ်းမှုစာချုပ်တို့တွင် အောက်ပါစာပိုဒ်ကို မလိုအပ်ဘဲ ထည့်သွင်းချုပ်ဆို ကြသည်ကို တွေ့ရသည်။

" အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်၍ အကြောင်းကြားရမည်" ဆိုသည့်အချက် ဖြစ်ပါသည်။

စင်စစ် "နှစ်ချုပ်" ငှားရမ်းမှုစာချုပ်အရ သက်တမ်း(၁)နှစ်ပြည့်သည်နှင့် ကြိုတင်အကြောင်းကြားရန်မလိုဘဲ အလိုအလျောက် စာချုပ်သက်တမ်းကုန်ဆုံးပါသည်။ ငှားရမ်းမှုမှာလည်း ဆုံးခန်းသို့ ရောက်ပါသည်။

သို့သော် ဖော်ပြပါ အချက်ကို "နှစ်ချုပ်" ငှားရမ်းမှုစာချုပ်တွင် ထည့်သွင်းချုပ်ဆိုလိုက်သောအခါ (၁)နှစ်သက်တမ်းပြည့်သည်ပင်ဖြစ်သော်လည်း
၂ လ ကြိုတင် အကြောင်းကြားခြင်းမရှိပါက စာချုပ်သက်တမ်း မကုန်ဆုံးသေးသည့်သဘော၊ ငှားရမ်းမှု ဆုံးခန်းမတိုင်သေးသည့်သဘော ဖြစ်သွားပါသည်။

ထို့အပြင် အငြင်းပွားစရာများ ပေါ်ပေါက်ပါသည်။ "နှစ်ချုပ်" ငှားရမ်းမှု စာချုပ်သက်တမ်း ကုန်ဆုံးသောရက်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊
သို့မဟုတ် သုံးလသာနေထိုင်ပြီး မထားလိုတော့သဖြင့် ကြိုတင် ၂ လ အကြောင်းကြားသောရက် စေ့ရောက်ချိန်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် (၁)နှစ်ကျော်ပြီးနောက်တွင် ၂ လ ကြိုတင် အကြောက်းကြားရာ အဆိုပါ အကြောင်းကြားသော ၂ လပြည့်မြောက်သောနေ့သည်ပင် ဆုံးခန်းတိုင်သောရက် ဖြစ်သလော ဆိုသည့် အငြင်းပွားစရာများ ဖြစ်ပါသည်။

ထိုသို့ ရှုပ်ထွေးမှုများ၊ အငြင်းပွားစရာများ မဖြစ်စေရန် "နှစ်ချုပ်" ငှားရမ်းသော စာချုပ်တွင် "မထားလို မနေလိုက ၂ လ ကြိုတင် အကြောင်းကြားရမည်"ဆိုသည့် မဆီမဆိုင်ကိစ္စများ ထည့်သွင်း မချုပ်ဆိုမိကြဖို့ အရေးကြီးကြောင်း အသိပေး ဖော်ပြလိုက်ရပေသည်။

Credit: ဦးကျော်ဇေယျ (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service