ရွှေလက်ဝတ်ရတနာများကို ပြည်ပသို့ တင်ပို့၊ တင်သွင်းမည်ဆိုပါက ရွှေဈေးကွက်စောင့် ကြည့်အကဲဖြတ်ထိန်းညှိရေးကော်မတီသို့ တင် ပို့မည့် ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းနှင့်တန်ဖိုးခွင့်ပြုသတ်မှတ်ချက် လျှောက်ထားရမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ရွှေလက်ဝတ်ရတနာ၊ ရွှေဖြင့် ပြုလုပ် သောအနုပညာပစ္စည်းနှင့် အသုံးဆောင် ပစ္စည်းများအား စည်းကမ်းချက်များနှင့်အညီ တင်ပို့၊ တင်သွင်းခွင့်ကို ဇန်နဝါရီ ၂၂ ရက် မှစတင်၍ တရားဝင်ခွင့်ပြုကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တင်သွင်း၊ တင်ပို့ခွင့် လိုင်စင်လျှောက် ထားခြင်းကို နေပြည်တော် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၌ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်ရရှိပြီး၍ လုပ်ငန်းဆောင်ရွက်ပြီးပါက လည်းကုန်သွယ်မှုအခြေအနေတို့အား ရွှေဈေး ကွက်စောင့်ကြည့်ထိန်းညှိရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများသို့ အစီရင်ခံစာ ဆက်လက် တင်ပြရမည်ဖြစ်သည်။
နိုင်ငံတော်၏ သယံဇာတထွက်ကုန် ရွှေ သတ္တုအား တရားဝင်တင်ပို့ခြင်းဖြင့် သတ်မှတ် အခွန်အခများ ရရှိစေရန်နှင့် ရွှေဈေးကွက် တရားဝင် ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ် ၍ အဆိုပါ ပစ္စည်းများအား မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို စည်းကမ်းချက်များနှင့်အညီ တင်ပို့၊ တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စံချိန်မီရွှေကို မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ နှင့် နိုင်ငံခြားသုံး စီမံခန့်ခွဲမှုဥပဒေသတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ တင်ပို့ တင်သွင်းခြင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပင်လယ် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်လမ်း ကြောင်းမှ တင်ပို့၊ တင်သွင်းခြင်း ပြုလုပ်ရမည် ဖြစ်ကာ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ သတ်မှတ် ထားသော နိုင်ငံခြားငွေကြေးဖြစ်သည့် L/C သို့ TT စနစ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
Credit: Myanmar Times