ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းက တရုတ်ပြည်မကြီး၊ ချုံကင်းရှိ ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ပြန်လည်ရောင်းချလျက်ရှိ

ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းက တရုတ်ပြည်မကြီး၊ ချုံကင်းရှိ ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ပြန်လည်ရောင်းချလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
25 Jan 2018 11:58 am တွင် တင်ခဲ့သည်
2697 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းသည် တရုတ်ပြည်မကြီး၊ ချုံကင်းရှိ ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ပြန်လည်ရောင်းချလျက်ရှိပြီး ဝယ်လက်ရှာဖွေလျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ခေါ်ဈေးမှာ ယွမ်ငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၃ ဘီလီယံ) ဖြစ်သည်။
ချုံကင်းမြို့ အနောက်တောင်ဘက် ယန်ကျားရှန်းအရပ်တွင် တည်ရှိသည့်စီမံကိန်းဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ တစ်သန်းကျော် ရှိကာ လီကာရှင်း၏ CK Asset Holdings က ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

အရောင်းအဝယ်ဖြစ်မည်ဆိုပါက လီကာရှင်း၏ နောက်ဆုံးနှင့် တန်ဖိုးအကြီးမားဆုံး အရောင်းအဝယ်ကြီးဖြစ်လာမည်ဖြစ်သည်။

လီကာရှင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဟောင်ကောင်၏ ဈေးအကြီးဆုံးအဆောက်အအုံကြီးကို ပြန်လည်ရောင်းထုတ် ခဲ့သည်။

စီမံကိန်းတစ်ခုလုံး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၁ ဒသမ ၆၄ သန်းရှိပြီး ၂၀၀၇ ခုနှစ်အတွင်း လီကာရှင်း၏ ချုံကောင်းကုမ္ပဏီနှင့် ဟတ်ချီဆန်တို့ ပူးပေါင်းဝယ်ယူကာ ချုံကင်းအခြေစိုက် developer နှင့် လက်တွဲကာ ယွမ်ငွေ ၂ ဒသမ ၄၅ ဘီလီယံတန်ကြေးရှိ စီမံကိန်းဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေရာကို ဝယ်ယူပြီးနောက် ချုံကောင်းနှင့် ဟတ်ချီဆန်တို့ကို ပူးပေါင်းလိုက်ကာ ယခုအခါ အများသိနေသော CK Asset ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

CK Asset သည် ယခုစီမံကိန်းကို ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန် ၅ ရာခိုင်နှုန်းကို ချုံကင်း developer က ပိုင်ဆိုင်သည်။

ဝယ်ယူပြီးနောက် အလတ်စားနှင့် တန်ဖိုးမြင့် လူနေ-ကူးသန်းရောင်းဝယ်ရေးကွန်ပလက်အဖြစ် ယွမ်ငွေ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) သုံးစွဲကာ အကောင်အထည်ဖော်ရန် စီစဉ်ခြင်း ဖြစ်သည်။

စီမံကိန်းတည်နေရာမှာ ချုံကင်းမြို့လယ်နှင့် ၈ ကီလိုမီတာခန့်သာ ဝေးကွာသည်။

လီကာရှင်းက ယခုအခါအဆိုပါစီမံကိန်းနေရာကို တစ်စတုရန်းမီတာလျှင် ယွမ်ငွေ ၅၉၇၀ ( ကန်ဒေါ်လာ ၉၃၂ )ဖြင့် ဈေးခေါ်ထားခြင်းလည်း ဖြစ်သည်။

ဆောက်လုပ်ရေးစီမံကိန်းနေရာ၏ ၈၂ ရာခိုင်နှုန်း (စတုရန်းမီတာ ၈၄၀၀၀၀ ) ခန့်မှာ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရခြင်းပင် မရှိသေးချေ။
၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ၄ နှစ်ခန့် အကြာတွင် ရပ်ဆိုင်းသွားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း လီကာရှင်းသည် တရုတ်ပြည်မကြီးရှိ ပိုင်ဆိုင်မှုများကို ဆက်တိုက်ရောင်းထုတ်လာပြီး ဥရောပနှင့် အခြားထွန်းသစ်စဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းက တရုတ်ပြည်မကြီး၊ ချုံကင်းရှိ ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုကို ကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ပြန်လည်ရောင်းချလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service