ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ ညောင်နှစ်ပင်မြို့ပြစီမံ ကိန်းတွင် မြန်မာနိုင်ငံအား ရှယ်ယာ ၄၀ ရာခိုင်နှုန်းပေးမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ကိုရီးယားအစိုးရက ပိုင်ဆိုင်မည်ဖြစ်ကြောင်း ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲအထွေထွေမန်နေဂျာ မစ္စတာကင်ဂမ်ဝူးက ပြောကြားသည်။
အဆိုပါစီမံကိန်းသည် ကိုရီးယားလုပ်ငန်းရှင်များအား ဦးစားပေးဖိတ်ခေါ်ရန်ဖြစ်ပြီး နှစ်နိုင်ငံအကျိုးရှိသည့် လုပ်ငန်းဖြစ်လာ နိုင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရန် အမျိုးသားညီ လာခံကျင်းပခဲ့သည့် လှည်းကူးမြို့ နယ် ညောင်နှစ်ပင်စခန်းရှိ မြေဧက ၆၀၀ ပေါ်တွင် အကောင်အ ထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်း ဖြစ်သည်။ သို့သော် အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်အဆောက်အအုံအပါ အ၀င် မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည်ပေးအပ်ရ၍ မြေဧက ၅၅၀ ကျော်သာပြုလုပ်ခွင့် ရခဲ့သည်ဟု မစ္စတာ ကင်ဂမ်ဝူးက ဆက်လက်ပြောကြားသည်။
အဆိုပါစီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ၁၆ ရက်က ကိုရီးယား နိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက် မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ နှစ်ဆန်း၌စတင်အကောင်အထည်ဖော်ရန် ခန့်မှန်းသည်။ အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်း ကျောင်း၊ အိမ်ရာနှင့် စီးပွားရေး ဆိုင်ရာအဆောက်အအုံများစ သည်တို့ ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန် ကြီး ဦးကျော်လင်းက ယမန်နှစ် ဇွန်လက လွှတ်တော်တွင် ပြော ကြားထားသည်။
‘‘ကော်ပိုရေးရှင်းဘက်က ငွေကြေးစိုက်ထုတ်သုံးစွဲပါတယ်။ မြန်မာအစိုးရက မြေနေရာစိုက်ရ ပါတယ်။ ဒီစီမံကိန်းကို ကိုရီးယား အစိုးရက စိတ်ဝင်စားမှုပြင်းထန် နေပါတယ်’’ဟု မစ္စတာ ကင်ဂမ် ၀ူးက ပြောသည်။
အဆိုပါစီမံကိန်းအတွက် အစိုးရဘက်က တန်ဖိုးနည်းသည့် မြေနေရာစိုက်ရခြင်းဖြစ်၍ ရှယ် ယာ ၄၀ ရာခိုင်နှုန်းသာရခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။
စီမံကိန်းအကောင်အထည် ဖော်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့ တင်ပြရန်စီစဉ်နေပြီး ခွင့်ပြု ချက်ရရှိပါက ၂၀၁၈ နှစ်ကုန်တွင် မြေပြင်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
Credit: 7Daydaily